ကိုယ်လုပ်မည့် စီးပွားရေးအကြောင်း သေချာလေ့လာလိုက်စားပါ။
အပြိုင်အဆိုင်များလား။ လူတွေတကယ်လိုရဲ့လားဆိုတာ ဆန်းစစ်ပါ။
အတတ်နိုင်ဆုံး အမြတ်ကို အရမ်းမကြည့်မိပါစေနဲ့။ လူတွေအဆင်ပြေအောင် ကိုယ့်ရဲ့အကူအညီကိုလက်ခံအောင် အရင်ကြိုးစားပါ။
အဲ့ဒါဆိုအောင်မြင်ပါ။ စီးပွားရေးလုပ်တယ်ဆိုတာ လူတွေကို အဆင်ပြေအောင်ကူညီနေတယ်ဆိုတာကို မမေ့ပါနဲ့။
အဲ့စိတ်ဓာတ်နဲ့သာ အလုပ်လုပ်ရင် အောင်မြင်မှာပါ။
လုပ်ငန်းကို သေးသေးလေးကစပါ
ကိုယ်တွေက စီးပွားရေးလုပ်မယ်ဆို ဘွားခနဲ အကြီးကြီး အပြည့်အစုံလုပ်ချင်ကြတာ။
ကိုယ့်မှာ ၁ သောင်းပဲရှိရင် ၁သောင်းနဲ့စပါ။ ပစ္စည်းအပြည့်အစုံမရှိတောင် ရှိတာနဲ့အရင်လုပ်ပါ။
အဲ့ဒီအချိန်မှာ သုံးရမှာက ပိုက်ဆံမဟုတ်ဘူး။ လုပ်အားသုံးရမှာဖြစ်ပါတယ်။
တတ်နိုင်သမျှ ကိုယ်တိုင်လုပ်ရပါမယ်။ ပိုက်ဆံကိုတတ်နိုင်သမျှချွေတာပါ။
ပြီးတော့မှ ဖြည်းဖြည်းချင်း ချဲ့..ချဲ့သွားရမှာပါ။
စစချင်းကတည်းက ပိုက်ဆံတွေကို မတန်တဆအတိုးတွေနဲ့ချေး အလုပ်သမားတွေငှား ပစ္စည်းအပြည့်အစုံဝယ်၊ တစ်ပတ်လောက်လည်းကြာရော အရင်းပြုတ်တဲ့အပြင် အကြွေးတောင်တင်သွားမယ်နော်။
စီးပွားရေးကို တဖြည်းဖြည်းချင်းစသင့်ပါကြောင်း ပြောပြလိုက်ပါတယ်။
Source: LiveTheDream