အချို့သောသူတွေဟာ မိမိပတ်ဝန်းကျင်၊ မိမိရဲ့နယ်ပယ်က လူတွေနဲ့ အဆင်ပြေစွာ မဆက်ဆံတတ်ဘဲ အထိးကျန် ဖြစ်နေတတ်ပါတယ်။ သူတို့တွေရဲ့ အဆိုးမြင်စိတ်ကြောင့် ဒီလိုဖြစ်ရခြင်းပါ။
အချိန်ကြာလာတဲ့အခါ အဆိုးမြင်သမားတွေဟာ မိမိကိုယ်ကိုယ်ပင် အကောင်းမမြင်နိုင်တော့ဘဲ စိတ်ဖိအားတွေနဲ့ တစ်ဘ၀လုံးနေသွားရပါတော့တယ်။
ဒါကြောင့် ပရိသတ်ကြီးအနေနဲ့ မိမိရဲ့အဆိုးမြင်စိတ်ကို ဘယ်လိုထိန်းချုပ်သင့်သလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။
(၁) အိပ်ရေးဝအောင် အိပ်ပါ။
အဆိုးမြင်စိတ်နဲ့ အိပ်မပျော်ခြင်းဟာ ဆက်စပ်နေပါတယ်။ အိပ်မပျော်ရခြင်းအကြောင်းအရင်းကတော့ စိတ်ဖိအားတွေကြောင့် ဖြစ်ပါတယ်။ ဒီစိတ်ဖိအားကို အိပ်ရာဝင်ခါနီး လျှော့ချဖို့၊ တရာထိုင်ခြင်း၊ ပုတီးစိပ်ခြင်းတို့ ပြုလုပ်သင့်ပြီး ကော်ဖီအရက် သောက်တာမျိုးကို ရှောင်ကြဉ်ရပါမယ်။ အိပ်ရာထဲကို စိတ်လက်ကြည်ကြည်လင်လင် ၀င်မှ ကောင်းကောင်းအိပ်ပျော်တာ ဖြစ်ပါတယ်။
(၂) ကိုယ့်ရဲ့အဆိုးမြင်စိတ်ကို သတိတရမှတ်တမ်းတင်ပါ။
ဘယ်လိုအခြေအနေတွေမှာ အဆိုးမြင်လေ့ရှိသလဲ။ ဥပမာ လူတစ်ယောက်ရဲ့ ပညာရပ်နဲ့ပတ်သက်လို့ ငါသာဆို ဘယ်လိုလုပ်ပစ်မယ်၊ ဘယ်လိုချဉ်းကပ်မယ်-စတဲ့ အတွေးအခေါ်မျိုး စိတ်ထဲမှာရှိနေရင် သင်ဟာ သင့်ကိုသင် သူ့ထက် တော်တယ်၊ တတ်တယ်လို့ တွေးမိထားတဲ့ ပင်ကိုယ်စိတ်ဓာတ်ရှိနေတယ်ဆိုတာ အနီးစပ်ဆုံး သိထားသင့်ပါတယ်။
ဒါကို သင် အမှန်အတိုင်းသိထားဖို့ လိုအပ်ပါတယ်။ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် သူဟာ သင်မဟုတ်ဘူးဆိုတာ ရှင်းရှင်းလင်းလင်းသိတဲ့အခါ အဆိုးမြင်စိတ် လျှော့ပါးသွားပါလိ့်မယ်။
(၃) အစွန်းရောက်အတွေးတွေကို ရပ်တန့်ပါ။
အခု FB လောကမှာပဲ ကြည့်ပါ။ အစွန်းရောက်တဲ့ အတွေးတွေ လက်ကိုင်ထားတဲ့သူတွေကို လူတွေက ရှောင်ကြဉ်ကြပါတယ်။ အဲဒီလူတွေဟာ သူတို့မှာ (ဘာအကျိုး စီးပွားမှ မရှိဘဲ-တစ်ခြားနည်းလမ်းနဲ့ရထားနိုင်တဲ့ အကျိုးစီးပွားတော့ ရှိနိုငပါတယ်) ဒီအစွန်းရောက်အတွေးတွေကို အဟုတ်ကြီးထင်ပြီး လုပ်နေကြတာပါ။
ဒါကို ကိုယ့်ထမင်းကိုယ်စားပြီး အီယောင်ဝါး ထောက်ခံသူတွေလည်း တစ်ပုံကြီးပါဘဲ။ သူတို့တစ်တွေဟာ Comment တွေ ရေးတာ၊ Status တွေ ရေတာကအစ အစွန်းရောက်ပါတယ်။ ဒီတော့ ကိုယ်ဟာ လူတောထဲမှာ လူနဲ့သူနဲ့အတူတူ နေချင်တယ်ဆိုရင် အဲဒီလို အစွန်းရောက်အသိုင်းအ၀ိုင်းမှာ နေထိုင်မိခြင်းကို စွန့်ခွာပါ။
(၄) အချက်အလတ်တွေကို လက်ခံပါ။
တစ်ခါတလေ တစ်ချို့သော အစွန်းရောက်ဝါဒီတွေ၊ အဆိုးမြင်ဝါဒီတွေဟာ အများစု လက်ခံထားတဲ့ အချက်အလတ်မျိုးဆို လက်မခံကြပါဘူး။ ဥပမာအားဖြင့် အရက်သောက်ရင် ကျန်းမာရေးထိခိုက်စေနိုင်တယ်-ဆိုတဲ့ စကားကို အဲဒီလို အဆိုးမြင် ၀ါဒီတွေက ငါ့ပါးစပ်နဲ့ငါသောက်တာ ဘယ်သူ့ဂရုစိုက်ရမှာလဲကွ ဆိုတာမျိုး။ အစိုးရကို ဆန့်ကျင်တိုက်ခိုက်နေကြတဲ့ သူတွေဆိုရင်လည်း အစိုးရဘာလုပ်လုပ် မကောင်းထိုင်ပြောဖို့ပဲ သိပါတယ်။ အဲဒီလို ဘေးထိုင်ဘုပြောသမားတွေ များများရှိလေ နိုင်ငံမတိုးတတ်လေပါပဲ။
(၅) အပြုသဘောဆောင်တဲ့ စကားတွေ စိတ်ရင်းနဲ့ပြောကြည့်ပါ။
သင့်ဘ၀မှာ ဘာကိုမှ ကောင်းတာမလုပ်ဖူးရင်တောင် သင့်အိမ်နီးချင်းကိုတော့ ပန်းခြင်းတစ်ခြင်းလောက် လက်ဆောင်ပေးခဲ့ဖူးဖို့ ကောင်းပါတယ်-တဲ့။ ဘယ်သူ့စကား လည်းတော့ မသိပါဘူး။ ကျွန်တော့်နားထဲမှာ စွဲစွဲမြဲမြဲ ရှိနေခဲ့ ဖူးပါတယ်။ ဒီလိုပါဘဲ။ လူတစ်ယောက်၊ ပတ်ဝန်းကျင်တစ်ခုကို ဘာတစ်ခုမှ ကောင်းကျိုးမပေးနိုင်ဘူး ဆိုင်တောင် ဘေးထိုင်ဘုပြောနေမယ့်အစား တစ်ခုခု ကောင်းရာကောင်းကြောင်း ၀င်ပြောဖူးပါသလား … ၀င်ပြောကြည့်ပါ။ တစ်ဖြည်းဖြည်း အဆိုးမြင်စိတ်တွေ လွင့်ပါးသွားပါလိမ့်မယ်။
source: everytimestory