×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Wednesday, 10 April 2019

နှစ်သက်လို့ အကြိမ်ကြိမ် ဖတ်ဖြစ်တဲ့ စကားလုံးများ

နှစ်သက်လို့ အကြိမ်ကြိမ် ဖတ်ဖြစ်တဲ့ စကားလုံးများ google

အောက်ပါစကားလုံးများကို အကြိမ်ကြိမ်ဆင်ခြင် သုံးသပ်ကြည့်ပါ။ တစ်ခုခု သိသွားသလိုလို ခံစားရတာပဲဖြစ်ဖြစ် ။ ရင်ထဲမှာ အသိတစ်ခုခု ကျန်ခဲ့သလိုလို ခံစားရတာပဲဖြစ်ဖြစ်၊ သင်နောက်တစ်ခေါက်ဖတ်ရှုသင့်ပါပြီ။

၁ ) သင်၏တာဝန်ဟာသင့်ရဲ့ ဘ၀လားရာဖြစ်တယ်။ သင်၏အတွေ့အကြုံဟာ သင့်ရဲ့အရင်းအနှီးဖြစ်တယ်။ သင်၏ ကိုယ်ကျင့်တရားဟာ သင့်ရဲ့ ဘ၀ကံကြမ္မာဖြစ်တယ်။

၂ ) ရှုတ်ထွေးနေသည့်အလုပ်ကို ရိုးရှင်းအောင်လုပ်ပါ။ သင်သည်ပညာရှင်။ ရိုးရှင်းနေသည့်အလုပ်ကို အကြိမ်ကြိမ်လုပ်ပါ။ သင်သည် ပါရဂူ။ အကြိမ်ကြိမ်လုပ်နေရတဲ့အလုပ်ကို စိတ်ပါလက်ပါလုပ်ပါ။ သင်သည် အောင်နိုင်သူ ဖြစ်လာပါမည်။

၃ ) လှပခြင်းသည် မိမိကိုယ်မိမိယုံကြည်မှု ရှိသူတို့အတွက်၊ အခွင့်အရေးသည် စွန့်ဦးထိုးဖောက်သူတို့ အတွက်၊ အံ့ဖွယ်အောင်မြင်မှုတို့သည် ဇွဲရှိသူတို့အတွက်ဖြစ်သည်။

၎ ) သင်မလုပ်ချင်လျင် အကြောင်းပြချက်တွေ့စမြဲ” သင်တကယ်လုပ်ချင်လျင် နည်းလမ်းရှာဖွေတွေ့စမြဲ”

၅ ) သဲဟာ အမှိုက်သရိုက်၊ ဘိလပ်မြေဟာလည်း အမှိုက်သရိုက် သူတို့ကို ရောလိုက်ရင် ခိုင်မာတဲ့ ကွန်ကရစ် ဖြစ်လာတယ်။ ကွန်ကရစ် ဟာ အဖိုးတန်ပစ္စည်းဖြစ်တယ်။

ဆန်ဟာ အဖိုးတန်ပစ္စည်း၊ ဓါတ်ဆီဟာလည်း အဖိုးတန်ပစ္စည်း၊ အဲဒီနှစ်ခု ရောမိရင်တော့ အမှိုက်ဖြစ်သွားပါတယ်။ ဒါကြောင့်မို့လို့၊ သင်ဟာ အမှိုက်လား၊ အဖိုးတန်ပစ္စည်းလားဆိုတာထက် သင်ဘယ်သူနဲ့ရောတယ်၊ ဘာအလုပ်နဲ့ရောတယ်ဆိုတာ ပိုအရေးပါတတ်ပါတယ်။

 

Credit - Original Writer

sayar.com

Read times Last modified on Tuesday, 18 February 2020 13:39
Rate this articles
(2 votes)