နင်ဂျာ ဆိုတာနဲ့ တိုက်ခိုက်ရေးသမားလို့ ပြေးမြင်လေ့ ရှိကြတယ်။
သို့သော် တကယ့် နင်ဂျာ မှန်ရင် တိုက်ခိုက်မှုကို တတ်နိုင်သမျှ ရှောင်လေ့ ရှိကြတယ်။
ဘာလို့လဲ ဆိုရင် နင်ဂျာ တစ်ယောက်ရဲ့ တာဝန် ၂ ရပ်ကြောင့် ဖြစ်တယ်။ (၁) မိမိ အသက်ရှင်နေဖို့နဲ့ (၂) သတင်းတွေကို လိုအပ်တဲ့ဆီ ရောက်အောင် ပို့နိုင်စေဖို့ ဖြစ်တယ်။
အောက်ပါ အချက်အလက်များဟာ နင်ဂျာတွေရဲ့ ထူးခြားချက်နဲ့ ဒီကနေ့ လူတွေ တလွဲမြင်နေတာလေးတွေကို ရှင်းပြထားခြင်း ဖြစ်ပါတယ်။
--------------------
- ပေါ်လာခါစက နင်ဂျာတွေကို နင်ဂျာလို့ မခေါ်ဘူး။ ရှီနိုဘီနို မိုနို လို့ ခေါ်တယ်။
- နင်ဂျာတွေဟာ တိုက်ခိုက်ရေး သီးသန့်သမားတွေ မဟုတ်။ သတင်းကို လှို့ဝှက် သယ်ဆောင်ကြသူတွေ ဖြစ်တယ်။
(ဒါ့ကြောင့် နင်ဂျာတစ်ယောက်ဟာ တိုက်ခိုက်မှု နယ်ပယ်ထဲမှာတင် ရပ်တည်နေတာမဟုတ်ဘူး။ သို့သော်လည်း နင်ဂျာတို့ တတ်အပ်တဲ့ Ninjitsu ပညာရပ်တွေထဲမှာ တိုက်ခိုက်ရေး ပညာ ကတော့ ကာကွယ်ရေးအတွက် မဖြစ်မနေ သင်ထားရတယ်။)
- Shuriken (နင်ဂျာစကြ်ာ) ဟာ နင်ဂျာတွေ သုံးတဲ့ ပစ္စည်း မဟုတ်ဘူး။ Samurai တွေရဲ့ လက်နက်ပုန်းတစ်မျိုးသာ ဖြစ်တယ်။
- နင်ဂျာတွေဟာ anarchy သမားစစ်စစ်တွေ ဖြစ်တယ်။ နင်ဂျာဟာ သူ့အတွက်ပဲ သူ အလုပ်လုပ်တယ်။ ဘယ်သူ့အပေါ်မှာမှ သစ္စာစောင့်သိခြင်း၊ တန်ဖိုးထားခြင်း မရှိ။ ဘာခံစားချက်မှ မရှိဘူး။
(လူကုံထန်တွေက သူတို့ကို ကြေးကြီး ပေးပြီးတော့ သက်တော်စောင့် အဖြစ်... သတင်းပို့ဆောင်ရေး သမား အဖြစ် ငှားလေ့ ရှိကြတယ်။ ငွေပိုပေးတဲ့ လူနောက် လိုက်ဖို့ ဝန်မလေးသလို ကိုယ်မလုပ်ချင်တဲ့ အလုပ်ကနေ ထထွက်သွားဖို့လည်း ဝန်မလေးကြသူတွေ ဖြစ်တယ်။)
- ရုပ်ရှင်တွေထဲကလို မီးခိုးငွေ့ဗုံးတွေ ပစ်ပြီး ကိုယ်ယောင်ဖျောက်ပြေးတာဟာ တကယ့် နင်ဂျာ ပရိယာယ် မဟုတ်ဘူး။ သို့သော်လည်း နင်ဂျာတွေဟာ တိုက်ခိုက်ဖို့ကို တတ်နိုင်သမျှ ရှောင်ကြတယ်။ တိုက်ခိုက်ပြီ ဆိုရင်လည်း တစ်ဖက်လူကို ရတဲ့နည်းနဲ့ သေအောင် သတ်တတ်တယ်။
- နင်ဂျာတွေရဲ့ အဓိက တာဝန်တွေက... သတင်းတွေ လိုက်ရှာဖို့... လူတွေကို လှည့်ဖျားဖို့... ထောက်လှမ်းဖို့ ခက်တဲ့ ဗျူဟာတွေ စီစဉ်ဖို့... သူသျှိုတွေ ဖော်ထုတ်ဖို့... ကောလာဟလ ဖြန့်ဝေဖို့ စသဖြင့် တို့ဖြစ်တယ်။
(ဒါတွေထက် ပို အရေးကြီးတဲ့ အန္တိမ တာဝန်က မိမိ အသက်ရှင်ဖို့ သာ ဖြစ်တယ်။)
- နင်ဂျာတွေ လမ်းဘယ်လို လျှောက်သလဲ။
(လူတွေ ပုံမှန် လမ်းလျှောက်တဲ့ ခြေလှမ်းပုံစံဟာ မြေကနေသိပ်မကြွတဲ့အတွက် ညအမှောင်မှာ ခလုတ်တိုက်ဖို့ တွန်းအားပေးလေ့ ရှိပါတယ်။
ဒါ့ကြောင့် နင်ဂျာတွေဟာ ညအမှောင်မှာ လိုရာခရီးကို ခလုတ်မထိ ဆူးမငြိပဲ ရောက်အောင် ခြေဖော့ပြီး သွားလေ့ ရှိတယ်။)
(ခြေဖော့ခြင်း)
----------
ခြေဖော့တယ် ဆိုတာက ခြေထောက်ကို ဒူးအထက်လောက်အထိ ရောက်အောင် ကြွပြီးမှ ခြေအချမှာ ဖြေဖျားနဲ့ စထိတဲ့ ပုံစံ ဖြစ်ပါတယ်။ ဒီလို လှမ်းခြင်းအားဖြင့် မြေအနေအထား ပုံစံ အမျိုးမျိုးမှာ ခြေထောက်ဟာ ဟန်ချက်မပျက်ရပ်တည်နိုင်မှာ ဖြစ်ပါတယ်။
- နင်ဂျာတွေ ဘယ်လို ပြေးသလဲ။
ခရီးရှည်တွေကို အမြန်သွားရတော့မယ် ဆိုရင် နင်ဂျာတွေဟာ ပြေးအားကို အဓိက မသုံးတော့ဘူး။ ကမ္ဘာ့ ဆွဲငင်အားကို အသုံးပြုပြီး ပြေးလေ့ ရှိတယ်။
(ပြေးနည်း)
—————
ပြေးပုံက လူကို ၄၅ ဒီဂရီ ရှေ့ကို စောင်းချလိုက်ပြီးမှ ကိုယ်အလေးချိန် သွားတဲ့နောက်ကို ခြေထောက်က လိုက်တဲ့ ပုံစံ ဖြစ်ပါတယ်။ (နာရူတို ပြေးသလို)
ခါးမှာ ချိတ်ထားတဲ့ ဓါးတွေ မရမ်းစေဖို့အတွက်ပါ လက်နှစ်ဖက်ကို ခါးမှကပ်ထားပြီး ပြေးလေ့ ရှိပါတယ်။
- နင်ဂျာတွေ သတင်း ဘယ်လို မှတ်သလဲ။
(အလွန် အရေးကြီးတဲ့ သတင်းတွေ မှတ်ဖို့.. အလွန်ခက်ခဲတဲ့ သတင်းတွေ မှတ်ဖို့ အတွက် နင်ဂျာတွေဟာ ကိုယ့်ခန္ဓာကိုယ်ကို ပြင်းစွာ အနာတရ ဖြစ်အောင် လုပ်လေ့ ရှိတယ်။
ဒီလို ဒဏ်ရာ ရချိန်မှာ မှတ်သားလိုက်တဲ့ သတင်းဟာ သာမန် အချိန်တွေမှာ မှတ်တဲ့ သတင်းထက် ပို စွဲမြဲစွာ ကျန်တယ်လို့ ဆိုပါတယ်။)
(သက်ရှိထင်ရှား ရှိနေသေးတဲ့ နောက်ဆုံး နင်ဂျာ ကာဝါကာမိ ဂျိနိချိရဲ့ အင်တာဗျူးလေးတွေကနေ စိတ်ဝင်စားဖို့ ကောင်းတာလေးများကို ဘာသာပြန် ဖော်ပြလိုက်ရပါတယ်။)
Crd kyawnge