Programmer ဆိုတာနဲ့ ရွေးချယ်စရာလိုင်းတွေက အများကြီးရှိပါတယ်။
- Web လား ၊ software လား ၊ desktop application လား ၊ system လား အစရှိသဖြင့် ရွေးစရာတွေက အများကြီးရှိပါတယ်။
- ကိုယ်က စက်ရုပ် (robot) တီထွင်တဲ့ ပညာရှင် ဖြစ်ချင်တာလား။
- Web application လုပ်ချင်တာလား ၊ ဖုန်း application လုပ်ချင်တာလား ၊ OS လုပ်ချင်တာလား ဆိုတာကို သီးသန့်လမ်းကြောင်းတစ်ခုသိအောင် အရင်ဆုံး ရွေးချယ် ပြုလုပ်ရမည် ဖြစ်ပါတယ်။
- မိမိဝါသနာပါရာ တစ်ခုကို ဆုံးဖြတ်ပြီး ပန်းတိုင်ကို သေချာချထားမှသာ အကောင်းဆုံး လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
- Web programming ကို လေ့လာမယ်ဆိုရင် PHP, Java, C++, .Net စသဖြင့် Language တွေ များစွာ ရှိနေပါတယ်။
- တစ်ခုတည်းကို အရင်ဆုံး specialized လုပ်မှ အောင်မြင်မှာဖြစ်ပြီး ကိုယ်သွားချင်တဲ့ လမ်းကို ရွေးချယ် သတ်မှတ်ထားဖို့ လိုအပ်ပါတယ်။
- ကွန်ပျူတာနဲ့ပတ်သက်တဲ့ အလုပ်လုပ်မယ်ဆိုရင် သင်္ချာနဲ့ ပတ်သက်သော ဥာဏ်စမ်းလေးတွေကိုလည်း အားတဲ့အချိန်တိုင်း လေ့ကျင့်ပြီး ဖြေဆိုရင်တော့ အကောင်းဆုံး ဖြစ်ပါတယ်။
- Fibonacci, Floyd triangle, Fourier series အစရှိသဖြင့် Mathematical series များကို ထိတွေ့ထားဖို့လိုအပ်ပါတယ်။
- Programmer ဖြစ်ဖို့ ဆုံးဖြတ် လိုက်သူက ကိုယ့်ကိုယ်ကို အမြဲတမ်း motivate လုပ်နေရခြင်း ၊ စိတ်အားတက်ကြွမှု ရှိနေရခြင်း ၊ ယုံကြည်ချက်လည်း ရှိနေရမည် ဖြစ်ပါတယ်။
- မအောင်မြင်တဲ့ ပရိုဂမ်မာတွေရဲ့ အားနည်းချက်ကတော့ အချိန်မပေးနိုင်တာပါပဲ။ Error တွေ့နေပေမယ့် အဲဒီ Error ကို အဖြေရှာဖို့အတွက် ကောင်းကောင်းအချိန်မပေးပြီး project ပြီးဖို့သာ စဉ်းစားလုပ်နေတော့ ၊ Idea ကောင်းမထွက်တဲ့အပြင် အမှားလည်းများလာပါတယ်။
- Problem Solving ဆိုတာက Programming မှာ ဘာသာရပ်တစ်ခုလိုပါပဲ။
- Programmer တစ်ယောက်ဟာ code ရေးတဲ့အခါမှာတင် မဟုတ်ပဲ တကယ့်လက်တွေ့ဘ၀မှာပါ ပြဿနာကို ခေါင်းအေးအေးထား ဖြေးရှင်းတတ်သူ တစ်ယောက်ဖြစ်လာပါတယ်။
- ဒီတော့ Programmer ကောင်းတစ်ယောက်ဖြစ်လာအောင် အချိန်ပေးဖို့ အရမ်းကို လိုအပ်ပါတယ်။
- Programming ဆိုတာ မခက်ပါဘူး။ မလျော့သောဇွဲနဲ့ နောက်မလှည့်တမ်း ကြိုးစားရမှာက Programmer တစ်ယောက်ရဲ့ ခံယူချက်ပဲ ဖြစ်ပါတယ်။
- Programming Language တစ်ခုမှာ ဆရာကျသွားသူ တစ်ယောက်ဖြစ်ဖို့ဆို တာ အနည်းဆုံး ၂ နှစ်လောက်တော့ အချိန်ပေးရပါတယ်။
- Programmer ကောင်း တစ်ယောက်ဆိုတာက စာဖတ်အား အမြဲရှင်သန်နေရမယ်။ စာတောင်မှ Programming တစ်ခုတည်းတင်မကပဲ သုတ ၊ ရသ ၊ သတင်း အစုံအလင် အမြဲ စိတ်ဝင်တစား ဖတ်ချင်နေသော သူ ဖြစ်ရပါ့မယ်။
- Programmer တစ်ဦး ဖြစ်ဖို့အတွက် အတန်းပညာ ၊ ဘွဲ့ပညာ တတ်နေမှ မဟုတ်ပါဘူး။ သင်္ချာတွက်ချက်ဥာဏ် ရှိပြီး Programmer ဖြစ်ချင်စိတ် ရှိနေရင် Programmer တစ်ဦး ဖြစ်နိုင်ပါတယ်။
အလင်းရောင်