ပထမဆံုး အလုပ္ခြင္ဝင္ၾကမယ့္သူေတြအေနနဲ႔ အင္တာဗ်ဴးေျဖတဲ့အခါ သိထားသင့္တဲ့ အေျခခံအခ်က္ေလးေတြကို ေျပာျပေပးခ်င္ပါတယ္။
အလုပ္ခြင္ဝင္ဖို႔ဆိုရင္ အေရးႀကီးဆံုးက အင္တာဗ်ဴးေျဖဆိုတဲ့ အခ်ိန္ပါ။ ပထမဆံုးအင္တာဗ်ဴးေျဖဆိုခ်ိန္ဟာ အလုပ္ရွင္နဲ႔ ကိုယ္နဲ႔ၾကား အျပန္လွန္ေလ့လာအကဲျဖတ္ရမယ့္ အခ်ိန္ျဖစ္တာေၾကာင့္ အဲ့ဒီအခ်ိန္ကတည္းက ကိုယ္အေနနဲ႔ တလြဲေတြလုပ္ခဲ့မယ္ဆိုရင္ ဘယ္လုပ္ငန္းရွင္ကမွ ကိုယ္ကိုယံုၾကည္စြာအလုပ္အပ္ႏံွဖို႔ရဲမွာမဟုတ္ပါဘူး။ ဒါေၾကာင့္ အင္တာဗ်ဴး သြားေျဖမယ့္သူေတြအေနနဲ႔ လံုးဝမလုပ္သင့္တဲ့ အမွားႀကီး (၅) ခ်က္ကို ျပန္လည္မွ်ေဝေပးခ်င္ပါတယ္။
(၁) အခ်ိန္
လုပ္ငန္းရွင္ေတာ္ေတာ္မ်ားမ်ားနဲ႔ စည္းကမ္းထိန္းသိမ္းေရးပိုင္းမွာတာဝန္ယူရတဲ့ HR အႀကီးအကဲေတြအေနနဲ႔ အခ်ိန္တိက်သူကို ပိုၿပီးသေဘာက်ပါတယ္။ အင္တာဗ်ဴးေျဖမယ့္ အခ်ိန္ထက္ နာရီဝက္ေလာက္ ေစာေရာက္ေနတာဟာ သင့္အတြက္ အမ်ားႀကီးမထိခိုက္ႏိုင္ေပမယ့္ အခ်ိန္နာရီဝက္ေလာက္ေနာက္က်မွ ေရာက္မယ္ဆိုရင္ေတာ့ ပြဲဦးထြက္အင္တာဗ်ဴးမွာတင္ သင့္ ကိုအလုပ္ခန္႔ဖို႔ ေတြေဝသြားပါလိမ့္မယ္။
(၂) အဝတ္အစား
အင္တာဗ်ဴးေျဖတဲ့အခါဝတ္ဆင္ရမယ့္ ဝတ္စံုမ်ဳိးေတာ့ တရား ဝင္သတ္မွတ္မထားေပမယ့္ သပ္သပ္ရပ္ရပ္ၾကည့္ေကာင္းေအာင္ေတာ့ ဝတ္ဆင္ရပါမယ္။ကိုယ္က လူငယ္ျဖစ္ေပမယ့္လည္း လုပ္ငန္းဝင္ေတာ့မယ္ဆိုရင္ အနည္းငယ္လူႀကီးဆန္ရမွာ ျဖစ္ၿပီး ဝတ္တာစားတာကအစ လူငယ္ဆန္တဲ့ နားကပ္ေတြ မ်က္စိရႈပ္ေစမယ့္ ဖန္စီဆြဲႀကိဳးနဲ႔ Accessories ပစၥည္းေတြကိုလည္း ဝတ္ဆင္သြားျခင္းမွေရွာင္ၾကဥ္ရပါမယ္။
Recommended For You >>> "အြန္လိုင္းေရာင္းဝယ္မႈအေကာင္းဆံုး Amazon.com ကို တည္ေထာင္ထားခဲ့တဲ့ ဂ်က္ ဘီေဇာ့စ္ အင္တာဗ်ဴးေျဖသူေတြကို ေမးေလ့ရွိတဲ့ ေမးခြန္း ၃ ခု"
(၃) CV Form
အခုလိုတိုးတက္ေနတဲ့ Digital ေခတ္ႀကီးမွာ CV ေဖာင္ကို မိတၱဴဆိုင္ကအလြယ္တကူဝယ္လို႔ရတဲ့ (၅၀) တန္ CV ေဖာင္နဲ႔ေတာ့ မသံုးသင့္ေတာ့ပါဘူး။ ကိုယ္တိုင္စာရိုက္ၿပီး အခ်က္အလက္ ျပည့္ျပည့္စံုစံုနဲ႔ ေရးသားထားတဲ့ CV ေဖာင္မ်ဳိးကိုပဲ သံုးသင့္ပါတယ္။ CV ေဖာင္ဟာလည္း ကိုယ့္ရဲ႕ Profile တစ္ခု ျဖစ္တာေၾကာင့္ အလုပ္အင္တာဗ်ဴးေျဖတဲ့အခါ ေသခ်ာျပင္ဆင္သြားသင့္ပါတယ္။
(၄) လက္ကိုင္ဖုန္း
အင္တာဗ်ဴးေျဖမယ့္အခန္းထဲသို႔ ကိုယ္ရဲ႕လက္ကိုင္ဖုန္းေတြကို ယူမသြားသင့္ပါဘူး။ တစ္ခ်ဳိ႕ အလုပ္ေတြကေတာ့ ဖုန္းေတြ အိတ္ေတြကို Reception မွာ အပ္ခဲ့လို႔ရပါတယ္။ အကယ္၍ အဲ့လိုအပ္ႏွံလို႔ မရခဲ့ရင္လည္း လက္ကိုင္ဖုန္းေတြကို ကိုယ္ရဲ႕ အိတ္ထဲမွာပဲ ထည့္ထားပါ။ အသံကိုလည္း Silent လုပ္ထားပါ။ အင္တာဗ်ဴးလုပ္ေနတဲ့ အခန္းထဲ မတာ္တဆဖုန္းသံအက်ယ္ႀကီး ထျမည္လာတဲ့အခါ အရမ္းကိုေႏွာက္ယွက္ျဖစ္ေစပါတယ္။
(၅) ကိုယ္ေနဟန္အထား
အင္တာဗ်ဴးေျဖတဲ့အခါ ကိုယ္ေနဟန္အထားကလည္း အရမ္းအေရးႀကီးပါတယ္။ တက္တက္ၾကြၾကြနဲ႔ ဖ်တ္လတ္သြက္လက္တဲ့ သူတစ္ေယာက္ပံုစံျဖစ္ေနမွ အလုပ္ရွင္ကလည္း ကိုယ့္ကို အလုပ္ခန္႔အပ္ခ်င္မွာျဖစ္ပါတယ္။ ကိုယ္က စိတ္မပါလက္မပါနဲ႔ ယံုၾကည္မႈမရွိ ေၾကာက္ရြံေနမယ္ဆိုရင္ အဆင္ေျပမွာ မဟုတ္ပါဘူး။ ဒါေပမယ့္ ယံုၾကည္မႈအရွိလြန္ၿပီး ေျခခ်ိတ္ထိုင္တာမ်ဳိး လက္ပိုက္ထားတာမ်ဳိးေတြကလည္း အင္တာဗ်ဴးမယ့္ လူႀကီးေတြအျမင္မွာ လံုးဝအဆင္ေျပမွာ မဟုတ္ပါဘူး။
ဤWebsite တြင္ ေက်ာင္းပညာအေထာက္အကူျပဳဘာသာ၊ ႏိုင္ငံျခားဘာသာ၊ ဂီတ၊ ကြန္ပ်ဴတာ၊ ဒီဇိုင္းပညာ၊ အႏုပညာ၊သက္ေမြးဝမ္းေက်ာင္းမွဳပညာစသည့္ဘာသာရပ္အမ်ဳိးမ်ဳိးကိုအနီးကပ္သင္ျပေပးသည့္ ဆရာ/ဆရာမမ်ားကို လြယ္ကူ စြာ႐ွာေဖြႏိုင္ပါသည္။
႐ွာေဖြရာတြင္လည္း ၿမိဳ႕အလိုက္၊ ဘာသာရပ္အလိုက္ ႐ွာေဖြႏိုင္သည့္အျပင္ ဆရာ/ဆရာမမ်ား၏ဖုန္းနံပါတ္မ်ား၊ အီးေမးလ္လိပ္စာမ်ား၊ သင္ၾကားေပးသည့္ဘာသာရပ္အမ်ဳိးမ်ဳိး၊ အဆင့္အမ်ဳိးမ်ဳိးႏွင့္ အခေၾကးေငြအမ်ဳိးမ်ဳိး တုိ႔ကို လည္း ထည့္သြင္းေဖာ္ျပေပးထားပါသည္။
ဝင္ေရာက္ရွာေဖြလိုပါက ဤလင့္ခ္ https://www.sayar.com.mm/subjects.html တြင္ အခမဲ့ ဝင္ေ၇ာက္ရွာေဖြႏိုင္ပါသည္။
Sources : Kwee
UNICODE
"အင်တာဗျူးဖြေတဲ့အခါ လုံးဝမလုပ်သင့်တဲ့ အမှားကြီး (၅) ချက်"
ပထမဆုံး အလုပ်ခွင်ဝင်ကြမယ့်သူတွေအနေနဲ့ အင်တာဗျူးဖြေတဲ့အခါ သိထားသင့်တဲ့ အခြေခံအချက်လေးတွေကို ပြောပြပေးချင်ပါတယ်။ အလုပ်ခွင်ဝင်ဖို့ဆိုရင် အရေးကြီးဆုံးက အင်တာဗျူးဖြေဆိုတဲ့ အချိန်ပါ။ ပထမဆုံးအင်တာဗျူးဖြေဆိုချိန်ဟာ အလုပ်ရှင်နဲ့ ကိုယ်နဲ့ကြား အပြန်လှန်လေ့လာအကဲဖြတ်ရမယ့် အချိန်ဖြစ်တာကြောင့် အဲ့ဒီအချိန်ကတည်းက ကိုယ်အနေနဲ့ တလွဲတွေလုပ်ခဲ့မယ်ဆိုရင် ဘယ်လုပ်ငန်းရှင်ကမှ ကိုယ်ကိုယုံကြည်စွာအလုပ်အပ်နံှဖို့ရဲမှာမဟုတ်ပါဘူး။ ဒါကြောင့် အင်တာဗျူး သွားဖြေမယ့်သူတွေအနေနဲ့ လုံးဝမလုပ်သင့်တဲ့ အမှားကြီး (၅) ချက်ကို ပြန်လည်မျှဝေပေးချင်ပါတယ်။
(၁) အချိန်
လုပ်ငန်းရှင်တော်တော်များများနဲ့ စည်းကမ်းထိန်းသိမ်းရေးပိုင်းမှာတာဝန်ယူရတဲ့ HR အကြီးအကဲတွေအနေနဲ့ အချိန်တိကျသူကို ပိုပြီးသဘောကျပါတယ်။ အင်တာဗျူးဖြေမယ့် အချိန်ထက် နာရီဝက်လောက် စောရောက်နေတာဟာ သင့်အတွက် အများကြီးမထိခိုက်နိုင်ပေမယ့် အချိန်နာရီဝက်လောက်နောက်ကျမှ ရောက်မယ်ဆိုရင်တော့ ပွဲဦးထွက်အင်တာဗျူးမှာတင် သင့် ကိုအလုပ်ခန့်ဖို့ တွေဝေသွားပါလိမ့်မယ်။
(၂) အဝတ်အစား
အင်တာဗျူးဖြေတဲ့အခါဝတ်ဆင်ရမယ့် ဝတ်စုံမျိုးတော့ တရား ဝင်သတ်မှတ်မထားပေမယ့် သပ်သပ်ရပ်ရပ်ကြည့်ကောင်းအောင်တော့ ဝတ်ဆင်ရပါမယ်။ကိုယ်က လူငယ်ဖြစ်ပေမယ့်လည်း လုပ်ငန်းဝင်တော့မယ်ဆိုရင် အနည်းငယ်လူကြီးဆန်ရမှာ ဖြစ်ပြီး ဝတ်တာစားတာကအစ လူငယ်ဆန်တဲ့ နားကပ်တွေ မျက်စိရှုပ်စေမယ့် ဖန်စီဆွဲကြိုးနဲ့ Accessories ပစ္စည်းတွေကိုလည်း ဝတ်ဆင်သွားခြင်းမှရှောင်ကြဉ်ရပါမယ်။
(၃) CV Form
အခုလိုတိုးတက်နေတဲ့ Digital ခေတ်ကြီးမှာ CV ဖောင်ကို မိတ္တူဆိုင်ကအလွယ်တကူဝယ်လို့ရတဲ့ (၅၀) တန် CV ဖောင်နဲ့တော့ မသုံးသင့်တော့ပါဘူး။ ကိုယ်တိုင်စာရိုက်ပြီး အချက်အလက် ပြည့်ပြည့်စုံစုံနဲ့ ရေးသားထားတဲ့ CV ဖောင်မျိုးကိုပဲ သုံးသင့်ပါတယ်။ CV ဖောင်ဟာလည်း ကိုယ့်ရဲ့ Profile တစ်ခု ဖြစ်တာကြောင့် အလုပ်အင်တာဗျူးဖြေတဲ့အခါ သေချာပြင်ဆင်သွားသင့်ပါတယ်။
(၄) လက်ကိုင်ဖုန်း
အင်တာဗျူးဖြေမယ့်အခန်းထဲသို့ ကိုယ်ရဲ့လက်ကိုင်ဖုန်းတွေကို ယူမသွားသင့်ပါဘူး။ တစ်ချို့ အလုပ်တွေကတော့ ဖုန်းတွေ အိတ်တွေကို Reception မှာ အပ်ခဲ့လို့ရပါတယ်။ အကယ်၍ အဲ့လိုအပ်နှံလို့ မရခဲ့ရင်လည်း လက်ကိုင်ဖုန်းတွေကို ကိုယ်ရဲ့ အိတ်ထဲမှာပဲ ထည့်ထားပါ။ အသံကိုလည်း Silent လုပ်ထားပါ။ အင်တာဗျူးလုပ်နေတဲ့ အခန်းထဲ မတာ်တဆဖုန်းသံအကျယ်ကြီး ထမြည်လာတဲ့အခါ အရမ်းကိုနှောက်ယှက်ဖြစ်စေပါတယ်။
(၅) ကိုယ်နေဟန်အထား
အင်တာဗျူးဖြေတဲ့အခါ ကိုယ်နေဟန်အထားကလည်း အရမ်းအရေးကြီးပါတယ်။ တက်တက်ကြွကြွနဲ့ ဖျတ်လတ်သွက်လက်တဲ့ သူတစ်ယောက်ပုံစံဖြစ်နေမှ အလုပ်ရှင်ကလည်း ကိုယ့်ကို အလုပ်ခန့်အပ်ချင်မှာဖြစ်ပါတယ်။ ကိုယ်က စိတ်မပါလက်မပါနဲ့ ယုံကြည်မှုမရှိ ကြောက်ရွံနေမယ်ဆိုရင် အဆင်ပြေမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ယုံကြည်မှုအရှိလွန်ပြီး ခြေချိတ်ထိုင်တာမျိုး လက်ပိုက်ထားတာမျိုးတွေကလည်း အင်တာဗျူးမယ့် လူကြီးတွေအမြင်မှာ လုံးဝအဆင်ပြေမှာ မဟုတ်ပါဘူး။
ဤWebsite တွင် ကျောင်းပညာအထောက်အကူပြုဘာသာ၊ နိုင်ငံခြားဘာသာ၊ ဂီတ၊ ကွန်ပျူတာ၊ ဒီဇိုင်းပညာ၊ အနုပညာ၊သက်မွေးဝမ်းကျောင်းမှုပညာစသည့်ဘာသာရပ်အမျိုးမျိုးကိုအနီးကပ်သင်ပြပေးသည့် ဆရာ/ဆရာမများကို လွယ်ကူ စွာရှာဖွေနိုင်ပါသည်။
ရှာဖွေရာတွင်လည်း မြို့အလိုက်၊ ဘာသာရပ်အလိုက် ရှာဖွေနိုင်သည့်အပြင် ဆရာ/ဆရာမများ၏ဖုန်းနံပါတ်များ၊ အီးမေးလ်လိပ်စာများ၊ သင်ကြားပေးသည့်ဘာသာရပ်အမျိုးမျိုး၊ အဆင့်အမျိုးမျိုးနှင့် အခကြေးငွေအမျိုးမျိုး တို့ကို လည်း ထည့်သွင်းဖော်ပြပေးထားပါသည်။
ဝင်ရောက်ရှာဖွေလိုပါက ဤလင့်ခ် တွင် https://www.sayar.com.mm/subjects.html အခမဲ့ ဝင်ရောက်ရှာဖွေနိုင်ပါသည်။
Sources : Kwee