Game တွေပဲ တစ်ချိန်လုံးကစားနေတာပဲ အားတာနဲ့computer ရှေ့ပဲရောက်နေတယ် ဖုန်းကိုင်ပြီး game ဆော့နေတာပဲဆိုပြီး မိဘတွေ သူငယ်ချင်းတွေက ပြောနေပြီလား။ game စွဲနေတဲ့သူတွေတော့ မပါဘူးပေါ့နော်။
အရာအားလုံးက အကောင်းနဲ့အဆိုးဒွန်တွဲနေတာပါ။ game ကစားတာကည်း ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ဥာဏ်ရည်ပိုင်းဆိုင်ရာ ပိုမိုကောင်းမွန်စေတဲ့အချက်တွေလည်း ရှိပါတယ်။ game ကစားသင့်တဲ့ အကြောင်းလေးတွေ ဖော်ပြပေးလိုက်တယ်နော်။
၁. မှတ်ဥာဏ်စွမ်းရည်ကိုလည်း တိုးတက်ကောင်းမွန်လာစေပါတယ်။
Online game တော်တော်များများက ဦးနှောက်စွမ်းရည်ကို အသုံးချပြီး ဆော့ရတာများပါတယ်။ ဘယ်လိုနည်းဗျူဟာတွေသုံးရမလဲ ကိုယ်က team leader ဆိုရင် အဖွဲ့ကို ဘယ်လို handle လုပ်ရမလဲ စဉ်းစားရတဲ့အပိုင်းတွေများပါတယ်။ ဒီအခါ ဦးနှောက်က အမြဲတမ်းအလုပ်လုပ်နေရတဲ့အတွက် မှတ်ဥာဏ်စွမ်းအားတွေလည်း ဂိမ်းမကစားဖြစ်တဲ့သူတွေထက် ပိုမိုကောင်းမွန်လာပါတယ်။
၂. Video game ကစားတာက ပေါင်းသင်းဆက်ဆံရေးကိုလည်း ကောင်းမွန်စေပါတယ်။
Online game တွေက အသင်းအဖွဲ့စုပေါင်းပြီး ကစားရတာများပါတယ်။ အသင်းအဖွဲ့နဲ့လုပ်ဆောင်တဲ့အခါ game ဆော့တာပဲဖြစ်ဖြစ် အလုပ်လုပ်တာပဲဖြစ်ဖြစ် စည်းလုံးမှုမှရှိဘူးဆိုရင် မအောင်မြင်ပါဘူး။ ဒါကြောင့် အဖွဲ့အစည်းနဲ့ ပူးပေါင်းလုပ်ဆောင်နိုင်မှုစွမ်းအားတွေ အသင်းအဖွဲ့စိတ်ဓာတ်တွေ ရရှိလာနိုင်ပါတယ်။ တစ်ချို့ game တွေဆိုရင် international member တွေပါပါတယ်ဆိုရင် အသိမိတ်ဆွေတွေလည်း တိုးပြီး နိုင်ငံတကာက အသိမိတ်ဆွေတွေပါ တိုးနိုင်ပါတယ်။
READ -အဆိပ်သင့်လူစားများ
၃. စိတ်အာရုံစူးစိုက်မှုကို ပိုမိုကောင်းမွန်လာစေပါတယ်။
မိဘတွေအနေနဲ့စိတ်ပူတာက ကိုယ့်ရဲ့ကလေးတွေကျောင်းရောက်လို့ စာသင်ခန်းထဲမှာထိုင်နေရင်တောင် ဆရာမပြောစကားအစား ဂိမ်းတွေကိုပဲစဉ်းစားနေမှာကို စိုးရိမ်နေပါတယ်။ ဒါပေမယ့် ဂိမ်းကစားတဲ့သူတွေက ပိုပြီးတော့ အာရုံစူးစိုက်မှုကောင်းတာကို တွေ့ရပါတယ်။ သူတို့ရဲ့ ဦးနှောက်မှာ ဘယ်လိုလုပ်ရင်အကောင်း ဆုံးဖြစ်မလဲ ဘယ်လိုနည်းဗျူဟာတွေသုံးရင် နိုင်မလဲ ဒါတွေကို စဉ်းစားနေတဲ့အတွက် အပြင်လက်တွေ့ဘဝမှာလည်း တခုခုကို လုပ်ကိုင်တဲ့အခါမှာဘက်ပေါင်းစုံကစဉ်းစားတတ်တဲ့ အလေ့အကျင့် ရစေပါတယ်။
၎. စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်တဲ့အပြင် စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုတွေလည်း ရှိပါတယ်။
စိတ်ဖိစီးမှုတွေရှိလာတဲ့အခါ ဂိမ်းကစားပြီး သင်စိတ်ကြိုက်ပေါက်ကွဲလို့ရပါတယ်။ ကိုယ့်ရဲ့မိတ်ဆွေတွေနဲ့ ကတောက်ကဆဖြစ်မယ့်အစား ဂိမ်းပေါ်မှာပဲအာရုံစိုက်ထားလိုက်တာက ပိုကောင်းပါတယ်။ ဒီအပေါ်မှာပဲအာရုံရောက်နေတဲ့အတွက် စိတ်ဖိစီးမှုတွေလည်းလျော့ပါးသွားစေပါတယ်။ နောက်တစ်ခုက ကိုယ်ဆော့နေရင်းနဲ့ level up ဖြစ်သွားတယ် ခက်ခဲတဲ့အပိုင်းတွေကို ကျော်ဖြတ်နိုင်သွားတယ်ဆိုရင် “ငါကွ” ဆိုပြီးတော့ ကိုယ့်ကိုယ်လည်း ဂုဏ်ယူရပါသေးတယ်။ ဒါတွေကလည်း စိတ်ပိုင်းဆိုင်ရာ ကျေနပ်မှုတွေပါ။
READ -ဥာဏ်ကောင်းလွန်းရင်လည်း single ဖြစ်တတ်ပါတယ်။
ဒီကြောင်းအရာလေးကို ဖတ်ပြီးသွားတာနဲ့ ဂိမ်းပဲဆော့တော့မယ်ဆိုပြီးတော့ မလုပ်နဲ့နော်။ တန်ဆေး လွန်ဘေးပေါ့ဗျာ။ အရာရာတိုင်းကအကောင်းကြီးပဲလည်း မရှိပါဘူး အားနည်းချက် အားသာချက်တွေနဲ့ ယှဉ်နေတာပါ။ အားသာချက်တွေကို ကောင်းကောင်းအသုံးချနိုင်ပါစေဗျာ။
Source;gamedesigning