၁. ပီဇာများ
READ -ငါဖြစ်စေချင်တဲ့သူ
READ -ဒီမိုကရေစီ ခေတ်ကြီးမှာ အလွတ်လပ်ဆုံး လူတန်းစားက single တွေလေ
၎. ဖန်တီးပြုလုပ်ထားသော အစာတုများ
ဒိန်ချဉ်ကို ကြာရှည်ခံအောင် ပေါင်းစပ်ပြုလုပ်ထားပြီး စတော်ဘယ်ရီ၊ စပျစ် စတဲ့အသီးတွေရဲ့ ရနံ့နဲ့ ပေါင်းစပ် ပြုလုပ်ထားတဲ့ ဒိန်ချဉ်ဘူးတွေကို ပုံမှန်သောက်သုံးတာကြောင့် ဒိန်ချဉ်အစစ်လို တူညီတဲ့ အကျိုးကျေးဇူးကို မရရှိနိုင်ဘူးလို့ လေ့လာသူတွေက ဆိုပါတယ်။
Unicode
အစားကလူနဲ့တည့်တယ် ဆိုပေမယ့်လည်း တချို့အစားအသောက်တွေက မှတ်ဉာဏ်ကို ထိခိုက်စေပါတယ်။ တခါတလေတော့လည်း စားပေါ့ဗျ။ အမြဲတမ်းတော့ မစားသင့်ပါဘူး။ ဘယ်လို အစားအစာတွေက မှတ်ဉာဏ်ထိခိုက်စေနိုင်သလဲဆိုတာ ဖော်ပြပေးလိုက်တယ်နော်။
၁. ပီဇာများ
လူကြီး၊ လူငယ်မရွေး ကြိုက်နှစ်သက်ကြပြီး စားချင်စဖွယ် ပြုပြင်ဖန်တီးထားတာကြောင့် လူကြိုက်များတဲ့ ပီဇာ ကို ပုံမှန်စားမယ်ဆိုရင် သင့်ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကို ကျဆင်းစေပါလိမ့်မယ်။
အဆာပြေစာ စားမယ်ဆိုရင်တောင် အသီးအရွက်တွေနဲ့ ပြုလုပ်ထားတဲ့ ပီဇာကို ရွေးချယ်ပေးပါ။
၂. စွမ်းအားဖြည့် အချိုရည်များ
စွမ်းအားဖြည့်အချိုရည်တွေက အချိန်အတိုင်းအတာတစ်ခုအထိပဲ တက်ကြွလန်းဆန်းစေပါတယ်။ အဲဒီအချိန်လေးမှာ အလုပ်ကို မနားတမ်းလုပ်မိပြီး အချိန်အတိုင်းအတာကုန်သွားတဲ့အခါ သင့်ကို နှစ်ဆပိုပြီး ပင်ပန်းစေပါတဲ့အတွက် သင့်ခန္ဓာကိုယ်ရော သင့်ဦးနှောက်ကိုပါ ပင်ပန်းနွမ်းနယ်စေပါတယ်။
စွမ်းအားဖြည့်အချိုရည်တွေကို အလွန်အကျွံသောက်သုံးတာကို ရှောင်သင့်ပါတယ်။
၃. အဆင့်သင့် စားနိုင်သော အချို့ အစားအစာများ
ယနေ့ခေတ်မှာ ရှားပါးလာတဲ့ အရာတွေမှာ အချိန်ဆိုတာလည်း ပါလာပါတယ်။ ကျောင်းသားတွေဆိုလည်း ကျောင်း ကျူရှင် သင်တန်း မနားတမ်း သွားနေရတာပါ။ လုပ်ငန်းခွင်ကလူတွေဆိုရင်လည်း အလုပ်တွေနဲ့ မအားလပ်နိုင်ဖြစ်နေတဲ့အတွက် အစားအသောက်ကို သိပ်ပြီး ဂရုမစိုက်မိကြပါဘူး။ အဆင်သင့်ရတဲ့ အစားအစာ (fast food) တွေကိုပဲ လွယ်လွယ်စားဖြစ်ကြပါတယ်။ ဒီလိုအသင့်စား အစားအစာတွေက ဦးနှောက်ကျန်းမာရေးအတွက်ရော ခန္ဓာကိုယ်အတွက်ပါ အာဟာရမဖြစ်စေတဲ့အပြင် ဆိုးကျိုးတွေကို ဖြစ်စေပါတယ်။
အသင့်စား အစားအသောက်တွေကို ဖြစ်နိုင်ရင် မစားစေချင်ပါဘူး။
၄. ဖန်တီးပြုလုပ်ထားသော အစာတုများ
အခုလိုတိုးတက်လာတဲ့ခေတ်ကြီးထဲမှာ အတုတွေဆိုတာ မဆန်းတော့ပါဘူး။ မှတ်ဉာဏ်အတု ဖုန်းအတု စားစရာအတု စုံနေတာပါပဲ။ ကောင်းတဲ့အချက်တွေလည်း ရှိပါတယ်။ ဒါပေမယ့် အရသာတူအောင် ဖန်တီးပြုပြင် ထားတဲ့ အစားအစာ၊ အချို ရည်စတာတွေထဲမှာ ဓာတုဗေဒပစ္စည်း တွေ၊ ဆိုးဆေးတွေနဲ့ အနံ့တွေပါဝင်တတ် ပါတယ်။
ဒါတွေအစားများရင် သင့်ဦး နှောက်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါ တယ်။ သဘာဝအစားအစာတွေကသာ ကောင်းမွန်မှန်ကန်တဲ့ အာဟာရကို ပေးစွမ်းနိုင်ကာ သင့်ဦးနှောက်နဲ့ မှတ်ဉာဏ်ကို အထောက်အကူ ပြုပါလိမ့်မယ်။
၅. ငန်လွန်းသော အစားအစာများ
ဆားလွန်ကဲတဲ့ အစားအစာတွေ များများစားတာက သင့်ဦးနှောက်တစ်သျှူးတွေကို ပျက်စီးစေနိုင်ပြီး မကောင်းကျိုးဖြစ်စေတာကြောင့် ဆားပါဝင်မှုများတဲ့ အစားအစာတွေကို တတ်နိုင်သမျှရှောင်ပါ။
အရမ်းငန်လွန်းတဲ့အစားအစာတွေက သင့်နှလုံးကျန်းမာရေးကိုလည်း ထိခိုက်စေနိုင် ပါတယ်။
၆. ပြုပြင်ထားသော ဒိန်ချဉ်
ဒိန်ချဉ်ဆိုတာက ကျန်းမာရေးကို အထောက်အကူပြုတဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။ ထလျက်နဲ့ တွဲစားမယ်ဆိုရင် ပိုပြီး အာနိသင်ပိုကောင်းပါတယ်။ ဒါပေမယ့် ပြုပြင်ထားတဲ့ ဒိန်ချဉ်တွေကတော့ ကျန်းမာရေးနဲ့ မညီပါဘူး။
ဒိန်ချဉ်ကို ကြာရှည်ခံအောင် ပေါင်းစပ်ပြုလုပ်ထားပြီး စတော်ဘယ်ရီ၊ စပျစ် စတဲ့အသီးတွေရဲ့ ရန့ံနဲ့ ပေါင်းစပ် ပြုလုပ်ထားတဲ့ ဒိန်ချဉ်ဘူးတွေကို ပုံမှန်သောက်သုံးတာကြောင့် ဒိန်ချဉ်အစစ်လို တူညီတဲ့ အကျိုးကျေးဇူးကို မရရှိနိုင်ဘူးလို့ လေ့လာသူတွေက ဆိုပါတယ်။
ကျွန်တော်တို့ sayar.com တွင် ရှိသော ဘာသာရပ်များစွာထဲမှ မိမိတို့ စိတ်ဝင်စားသည့် ဘာသာရပ်များကို သင်ကြားလိုပါက Sayar.com.mm တွင် ရှိသော ဆရာများနဲ့ တိုက်ရိုက်ဆက်သွယ်နိုင်ပါတယ်။
Ref: May Dim’s Note book