စိတ်ခံစားမှုကို စီမံခန့်ခွဲခြင်း (Emotional Management)
ပြိုင်ဆိုင်မှုတွေ အလွန်များတဲ့လောကကြီးမှာ စိတ်ခံစားမှုတွေကို ဘယ်လိုစီမံခန့်ခွဲမလဲ (Emotional Management in competitive world) ဆိုတဲ့ ဒေါက်တာ ဓမ္မသာမိဥထ်သမိ ရာတော် ဟောကြားတဲ့တရားကို နာမိခဲ့လို့ ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်၊ ဆရာတော်ရဲ့ ဟောပြောဆုံးမချက်ဟာ လေးစားလိုက်နာစရာဖြစ်ပါတယ်။
ပြိုင်ဆိုင်မှုတွေကြောင့် စိတ်ဖိစိးမှုပေါ်လာတယ်။ စိတ်ဖိစိးမှုရှိတာဟာ အသက်ရှင်မှုရဲ့ သင်္ကေတဖြစ်တယ်။ ကြောက်စရာမလို။ ကိုင်တွယ်တတ်ဖို့ပဲလိုပါတယ်။ မကိုင်တွယ်တတ်ရင်ပြဿနာကို
ဖန်တီးနိုင်ပါတယ်။ ပြိုင်ခိုင်းရင် Motivation ဖြစ်လာတယ်။ အလုပ်လုပ်ချင်တဲ့ဆန္ဒနဲ့ အင်အား (Desire& energy) ရှိလာတယ်။ ပြိုင်ရင်အကောင်းဆုံးလူ၊ အသင်းအဖွဲ့ကရို တယ။် ဒါပေမယ့် ပြိုင်ဆိုင်မှုမှာ Ethical issue လည်း ရှိလာတယ်၊ ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာ ပြိုင်ဆိုင်မှုရှိနေတာကို လက်ခံထားဖို့လိုပါတယ်။ ဒါကိုမသိရင်အဆင့်သင့်မဖြစ်ရင် Surprise ဖြစ်ပြီး Emotional react လုပ်မိတတ်ကြတယ်။
အနိုင်အရှုံးဖြစ်နိုင်ခြေကိုလည်း ကြိုလက်ခံထားဖို့လိုပါတယ်။ နိုင်ရင်ဘယ်လိုပိုကောင်းအောင်လုပ်မလဲဆိုတာရယ်၊ ရှုံးရင် ဘယ်လို Manage လုပ်မလဲဆိုတာကို ကြိုတွေးဖို့လိုပါတယ်။ စီးပွားရေး
လောကမှာပြိုင်ဆိုင်ကြရင်း အကောင်းဆုံး ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေရရှိကြတယ်။ တစ်ခါတစ်ရံကိုယ့်လုပ်ငန်း အောင်မြင်သော်လည်း မကျေနပ်နိုင်သေးဘူး။ ပြိုင်ဘက်ကိုလိုက်ကြည့်နေရသေးတယ်။ ဒါဟာ ကိုယ့်စိတ်ချမ်းသာမှုကိုသူများထံ အပ်ထားတာနဲ့တူတယ်။ Profit ရှိသော်လည်း Emotion မှာရှုံးတယ်။ ဒါ့ကြောင့် Emotion ကိုအောက်ပါ (၂)ချက်နဲ့ စီမံခန့်ခွဲနိုင်ပါတယ်။
Emotional Management
(၁) လက်ခံပါ (Accept) –
လောကမှာ ဖြစ်ပျက် ပြောင်းလဲနေတယ်ဆိုတာကို လက်ခံပါ၊ ပြိုင်ဆိုင်မှုတွေ ရှိတယ်ဆိုတာကို လက်ခံပါ၊ ဒါတွေကို လက်မခံရင် ပတ်ဝန်းကျင်နဲ့ communication မကောင်းတော့ဘူး၊
(၂) Positive emotion ဖြစ်အောင်နေ့တိုင်းတွေးပါ-
အလုပ်စလုပ်ရင် အရင်နေ့ Positive ဖြစ်ခဲ့တာကို တွေးပြီး ဒီနေ့စလုပ်ပါ၊ ကိုယ်အားရတဲ့ ကိစ္စကို တွေးပြီးစပါ။ မကောင်းတဲ့ကိစ္စကတွေးစရာမလိုဘူး။ သူ့ဟာသူပေါ်လာတယ်။ အလုပ်ပြီးရင်လည်း ကောင်းတာတွေ တွေးပြီးအိမ်ပြန်ပါ။ အကောင်းမတွေးဘဲ ပြောမိလုပ်မိရင်အမှားများတယ်။ အကောင်းတွေးပြီး ပြောရင်၊ လုပ်ရင် အမှားနည်းတယ်။
အလုပ်မစခင်နဲ့ အလုပ်ပြီးချိန်မှာ အဲဒီ (၂) ချိန်မှာ Positive emotion ကိုတည်ဆောက်ပါ...
နိဂုံးချုပ်အနေနဲ့ ကိုယ့်စိတ်ကဘာဖြစ်နေလဲဆိုတာ မပြတ်သိနေတဲ့ Emotional intelligence လုပ်ရင် emotion ကို manage လုပ်နိုင်ပါမယ်၊ စိတ္တာနုပဿနာသတိပဌာန်းတရားနဲ့လည်း ကိုက်ညီကြောင်း မျှဝေပေးရပါတယ်။
Credit : Sayar U Aung Min
ပြိုင်ဆိုင်မှုတွေ အလွန်များတဲ့လောကကြီးမှာ စိတ်ခံစားမှုတွေကို ဘယ်လိုစီမံခန့်ခွဲမလဲ (Emotional Management in competitive world) ဆိုတဲ့ ဒေါက်တာ ဓမ္မသာမိဥထ်သမိ ဆရာတော် ဟောကြားတဲ့တရားကို နာမိခဲ့လို့ ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်၊ ဆရာတော်ရဲ့ ဟောပြောဆုံးမ ချက်ဟာ လေးစားလိုက်နာစရာဖြစ်ပါတယ်။
Emotional Management
(၁) လက်ခံပါ (Accept) –
Credit : Sayar U Aung Min