ဆရာမင်းသုဝဏ်ရဲ့ ကဗျာလေးတစ်ပုဒ်ကို အတူတူ ဆိုကြပါစို့။ ဟိုး ငယ်စဉ်ကလေးဘဝထဲက ရင်းနှီးပြီးသားဖြစ်တဲ့ "သပြေသီးကောက်" ဆိုတဲ့ကဗျာလေးပါ။ သူငယ်ချင်းတွေနဲ့အတူတူ အော်ဆိုခဲ့တဲ့ ဟိုးအရင်အချိန်တွေကိ ပြန်လည်သတိရရင်း ဒီကဗျာလေးကို အင်္ဂလိပ်-မြန်မာ (၂)ဘာသာနဲ့ ရေးသားထားတာကို အတူတူ ဆိုကြမယ်နော်။
သပြေသီးကောက်
ဝါဆိုဝါခေါင် ရေတွေကြီးလို့
သပြေသီးမှည့် ကောက်စို့ကွယ်။
ခရာဆူးချုံ ဟိုအထဲက
မျှော့နက်မည်းကြီး တွယ်တတ်တယ်။
မျှော့နက်ဆိုတာ ချိုနဲ့လားကွဲ့
မြွေနဂါးတောင် ကြောက်ဘူးကွယ်။
တို့လည်းကြောက်ပေါင် အတူသွားစို့
အုန်းလက်နွားလေး ထားခဲ့မယ်။
သွားကွယ်၊ သွားကွယ်။
မင်းသုဝဏ် (11.6.1931)
Rose-Apple Gatherers
July, August-rain and flood-
Let's go pick the ripe rose-apple.
Hi! Take care! In thorns and mud,
That's where big, black leeches grapple.
Leeches? Pah! The hornless thing!
I'll fight snakes or serpent-kings.
Who's afraid? Let's all go now.
I'll just leave my coconut cow.
Come on! Come on!
(G.H Luce)
ဆရာမင္းသု၀ဏ္ရဲ႕ ကဗ်ာေလးတစ္ပုဒ္ကို အတူတူ ဆိုၾကပါစို႔။ ဟိုး ငယ္စဥ္ကေလးဘ၀ထဲက ရင္းႏွီးၿပီးသားျဖစ္တဲ့ "သေျပသီးေကာက္" ဆိုတဲ့ကဗ်ာေလးပါ။ သူငယ္ခ်င္းေတြနဲ႔အတူတူ ေအာ္ဆိုခဲ့တဲ့ ဟိုးအရင္အခ်ိန္ေတြကိ ျပန္လည္သတိရရင္း ဒီကဗ်ာေလးကို အဂၤလိပ္-ျမန္မာ (၂)ဘာသာနဲ႔ ေရးသားထားတာကို အတူတူ ဆိုၾကမယ္ေနာ္။
သျေပသီးေကာက္
၀ါဆို၀ါေခါင္ ေရေတြႀကီးလို႔
သေျပသီးမွည့္ ေကာက္စို႔ကြယ္။
ခရာဆူးခ်ံဳ ဟိုအထဲက
ေမွ်ာ့နက္မည္းႀကီး တြယ္တတ္တယ္။
ေမွ်ာ့နက္ဆိုတာ ခ်ိဳနဲ႔လားကြဲ႕
ေျမြနဂါးေတာင္ ေၾကာက္ဘူးကြယ္။
တို႔လည္းေၾကာက္ေပါင္ အတူသြားစို႔
အုန္းလက္ႏြားေလး ထားခဲ့မယ္။
သြားကြယ္၊ သြားကြယ္။
မင္းသု၀ဏ္ (11.6.1931)
Rose-Apple Gatherers
July, August-rain and flood-
Let's go pick the ripe rose-apple.
Hi! Take care! In thorns and mud,
That's where big, black leeches grapple.
Leeches? Pah! The hornless thing!
I'll fight snakes or serpent-kings.
Who's afraid? Let's all go now.
I'll just leave my coconut cow.
Come on! Come on!
(G.H Luce)