×
Warning
JUser: :_load: Unable to load user with ID: 81428
Knowledge
Tuesday, 27 October 2020
ကျန်းမာပျော်ရွှင်သော အလုပ်ခွင်ဝယ်
ကျန်းမာပျော်ရွှင်သော အလုပ်ခွင်ဝယ်
ယနေ့ခေတ် စီးပွားရေးနယ်ပယ်တွင်မိမိတို့ အချိန်အများစုသည် အလုပ်ခွင်၌သာ ကုန်ဆုံးကြရသည်။ ထို့ကြောင့် မိမိတို့နေ့စဉ် ကျင်လည်ရာ အလုပ်ခွင်သည် ပျော်ရွှင်၍ အကောင်းမြင်သဘောထားများ ပြည့်နက်နေရန်အရေးကြီးလှသည်။ မိမိတို့အားလုံး ပျော်ရွှင်ကျန်းမာသောအလုပ်ခွင်ကိုဖန်တီး နိုင်စေရန် နည်းလမ်း အချို.ကို တင်ပြလိုက်ရပါသည်။
(၁) မိမိတို့အချင်းချင်း ကောင်းမွန်သောအားပေးတိုက်တွန်းစကားများပြောဆိုပါ။
*I appreciate the way you work…(အလုပ်လုပ်သည့်ပုံံစံကို နှစ်သက်ကြောင်း)
*I'm impressed with…(အထင်ကြီးလေးစားကြောင်း)
*I really enjoy working with you…အတူတူတကွတွဲဖက်ဆောင်ရွက်ရသည်ကို ပျော်ရွှင်ကြောင်း)
*Your team could'nt be successful without your……(အဖွဲ့အစည်းအတွက် အထူးအရေးပါသူဖြစ်ကြောင်း)
*You're really good at…(ကျွမ်းကျင်စွာ ဆောင်ရွက်နိုင်မှုကိုထုတ်ဖော်ချီးကျူးကြောင်း) အစရှိသည်တို့အား မိမိတို့အချင်းချင်းကြားပြောဆိုခြင်းမျိုးဖြစ်ပါသည်။
(၂) ကျေးဇူးတင်စကားပြောဆိုခြင်း
တာဝန်အရ ဆောင်ရွက်ပေးခြင်းဖြစ်သော်လည်း ကျေးဇူးတင်စကားကို ထုတ်ဖော်ပြောခြင်းမျိုးသည် မိမိတို့ဝန်ထမ်းအချင်းချင်းကြား ရင်းနှီးမှုနှင့် အပြန်အလှန် လေးစားမှုကိုတိုးမြင့်စေပါသည်။ >>HUMAN RESOURCE MANAGEMENT Training<<
(၃) လှုံ့ဆော်အားပေးခြင်း
မိမိတို့လုပ်ဖော်ကိုင်ဖက်တစ်ဦးတစ်ယောက်မှ ကိစ္စအချို့ကြောင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ အားငယ်သည့်အခါ စာနာနားလည်၍ အားပေးခြင်း၊ ကူညီနိုင်သော အရာများကို ကူညီပေးခြင်းမျိုးဖြစ်သည်။
(၄) ပျော်ရွှင်ဖွယ်ရာများ မျှဝေခြင်း
အလုပ်ခွင်တွင် နှစ်လိုဖွယ်ရာ အပြုံးနှင့် အချင်းချင်း နှုတ်ဆက်ခြင်းသည်လည်း ပျော်ရွှင်မှုများ ပျံ့နှံ့ရန်အရေးပါသောအချက်ဖြစ်သည်။
(၅) လုပ်ငန်းခွင် အတွင်းအောင်မြင်မှုများအတွက် ဂုဏ်ပြုပွဲများ ကျင်းပခြင်း
လုပ်ငန်းခွင် အတွင်း Meetingနှင့် Project များပြီးမြောက်အောင်မြင်သည့်အခါ ပါဝင်ဆောင်ရွက်သူအားလုံး အတူတကွ ဂုဏ်ပြုပွဲများကျင်းပခြင်းဖြင.်မိမိတို့အလုပ် အပေါ်ဂုဏ်ယူစိတ်များနှင်.ဆက်လက်ကြိုးစားချင်စိတ်များဖြစ်ပေါ်လာစေပါသည်။
(၆) ညှိနိုှုင်းဆောင်ရွက်ပါ
ဝန်ထမ်းအချင်းချင်းကြား အငြင်းပွားဖွယ်ရာများ ဖြစ်ပေါ်သည့်အခါမိမိတစ်ဖက်တည်းအမြင်ဖြင့် ငြင်းဆန်ခြင်း မပြုလုပ်ပဲ တစ်ခြားသူ၏ အမြင်နှင့် ခံစားချက်များကို ထည့်သွင်းစဉ်းစားခြင်းဖြင့်လုပ်ငန်းဆောင်တာများ ပိုမိုပြီးမြောက်နိုင်ပါသည်။
အထက်ပါအချက်များကို အသုံးပြုခြင်းဖြင့် လုပ်ငန်းခွင်ဆိုင်ရာအောင်မြင်မှုကို ပိုင်ဆိုင်နိုင်ကြမည်ပဲဖြစ်ပါတယ်။
*I appreciate the way you work…(အလုပ်လုပ်သည့်ပုံစံကို နှစ်သက်ကြောင်း)
(၄) ပျော်ရွှင်ဖွယ်ရာများ မျှဝခြေင်း
(၆) ညှိနှိုင်းဆောင်ရွက်ပါ
Read times
Rate this articles
(1 Vote)