×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Thursday, 03 December 2020

Content Writing နဲ့ Copy Writing က ဘာကွာလဲ?

Content Writing နဲ့ Copy Writing က ဘာကွာလဲ?

အခုလို Digital Marketing ခေတ်ရောက်လာတဲ့အခါမှာ Content ၊ Copy ဆိုတာက လူငယ်တိုင်း နှုတ်ဖျားမှာရေပန်းစားလာပါတယ်။ ဒါပေမဲ့ Content Writing နဲ့ Copy Writing ကို မကွဲကြဘဲ Content လည်း Copy ဖြစ်၊ Copy လည်း Copy ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် Content Writing နဲ့ Copy Writing ဘာကွာလဲ ဆိုတာ ဝေမျှပေးပါ့မယ်။

 

အခြေခံအကျဆုံးမှတ်ထားရမယ့်အချက်ကတော့ “ Contents Tell, Copies Sell ” ဆိုတာပါပဲ ။

Contents Writing ဆိုတာက စာရေးသူပြောချင်တဲ့ အကြောင်းအရာ၊ အဖြစ်အပျက် တစ်ခုကို စာဖတ်သူ အပြည့်အဝ ရသွားအောင် ပေးပို့ပေးတဲ့ ရေးနည်းဖြစ်ပါတယ်။


Contents က Information ( အချက်အလက် ) ကို အရင်းခံပြီး ရေးသားတဲ့ စာရေးခြင်းအနုပညာဖြစ်ပါတယ်။

Content တစ်ပုဒ်မှာ ခေါင်းစဉ်၊ နိဒါန်း၊စာကိုယ်၊နိဂုံး တို့ ပါဝင်ပါတယ်။ တစ်နည်းအားဖြင့် ဆွဲဆောင်မှုရှိတဲ့အရေးအသားဖြစ်ပါတယ်။ ဉပမာ - Blogs, Articles, Podcasts တို့ဖြစ်ပါတယ်။
အဲ့တာကြောင့် Contents ကို “A white paper about industry trends “” လို့ သတ်မှတ်ထားနိုင်ပါတယ်။

ဥပမာအနေနဲ့ပြောရရင် - အင်္ဂလိပ်စာ တိုးတက်အောင ်ဘယ်လိုနည်းလမ်းတွေကို လိုက်နာရမယ်ဆိုတာမျိုး၊ မိမိကိုယ်မိမိ Motivate ဖြစ်အောင် ပြုလုပ်နိုင်မယ့် နည်းလမ်းများ . . . အစရှိသဖြင့်ပေါ့။

 

ဒါဆို Copy Writing ဆိုတာကရော ?
Copy Writing က လက်ကမ်းစာစောင်လို အရေးအသားမျိုးဖြစ်ပါတယ်။ ကုန်ပစ္စည်းတစ်ခု အရောင်းထွက်ဖို့သော်လည်းကောင်း၊ အရောင်းသွက်ဖို့အတွက်သော်လည်းကောင်း ဖန်တီးရတဲ့ အရေးသားတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် Copy Writing က ပိုပြီး Persuade လုပ်နိုင်ဖို့လိုပါတယ်။

 

Copy Writing က အဆင့် ( ၄ ) ဆင့်ကို ဖြတ်သွားအောင်ရေးရပါတယ် ။ အဲ့ အဆင့် ( ၄ ) ဆင့် ကို Customer Journey လို့ ခေါ်ပါတယ်။
( ၁ ) Attention
( ၂ ) Awareness
( ၃ ) Consideration
( ၄ ) Conversion တို့ဖြစ်ပါတယ်။ ဒီ အဆင့် ( ၄ ) ဆင့်ကို ဖြတ်ပြီး Customer က သင့် Product ကို ဝယ်ယူလိုက်ပြီဆိုရင် သင့် Copy က တန်ဖိုးရှိတဲ့ Copy Writing တစ်ပုဒ်လို့ သတ်မှတ်နိုင်ပါပြီ။ ဒါပေမဲ့ Copy Writing မှာ သင် သတိထားရမဲ့ အရာ တစ်ခု ရှိပါတယ်။ အဲ့တာကတော့ Call To Action ( CTA ) ဖြစ်ပါတယ်။ မပါမဖြစ် Copy တစ်ပုဒ်ရဲ့ အသက်သွေးကြောဖြစ်ပါတယ်။

ဒါကြောင့် Copy တစ်ပုဒ် ကို “ A landing page about product features ” လို့ သတ်မှတ်နိုင်ပါတယ်။
ဥပမာ - သင့်ရဲ့အသားအရည်လှပအောင် . . . . ပစ္စည်းလေးကို အသုံးပြုကြည့်ပါနော်။ နောက်တမျိုးက တစ်ယောက်ထဲပဲပျော်အောင်နေပါတယ်နော်ဆိုတဲ့အရေးအသားမျိုး (ဈေးဗန်းခင်းတာ :P) . . . ဒီလိုအရေးအသားတွေဆိုရင်တော့ Copy Writing လို့ခေါ်ပါတယ်။

ဒီလောက်ဆို Content Writing နဲ့ Copy Writing ဘယ်လိုကွာလဲ ဆိုတာ သတိပြုမိလောက်ပြီထင်ပါတယ်။

“ all copy is content, but not all content is copy ”

 

 

 

Content Writing နဲ႔ Copy Writing က ဘာကြာလဲ?

အခုလို Digital Marketing ေခတ္ေရာက္လာတဲ့အခါမွာ Content ၊ Copy ဆိုတာက လူငယ္တိုင္း ႏႈတ္ဖ်ားမွာေရပန္းစားလာပါတယ္။ ဒါေပမဲ့ Content Writing နဲ႔ Copy Writing ကို မကြဲၾကဘဲ Content လည္း Copy ျဖစ္၊ Copy လည္း Copy ျဖစ္ေနတတ္ပါတယ္။ ဒါေၾကာင့္ Content Writing နဲ႔ Copy Writing ဘာကြာလဲ ဆိုတာ ေဝမွ်ေပးပါ့မယ္။
အေျခခံအက်ဆုံးမွတ္ထားရမယ့္အခ်က္ကေတာ့ “ Contents Tell, Copies Sell ” ဆိုတာပါပဲ ။

 

Contents Writing ဆိုတာက စာေရးသူေျပာခ်င္တဲ့ အေၾကာင္းအရာ၊ အျဖစ္အပ်က္ တစ္ခုကို စာဖတ္သူ အျပည့္အဝ ရသြားေအာင္ ေပးပို႔ေပးတဲ့ ေရးနည္းျဖစ္ပါတယ္။

Contents က Information ( အခ်က္အလက္ ) ကို အရင္းခံၿပီး ေရးသားတဲ့ စာေရးျခင္းအႏုပညာျဖစ္ပါတယ္။

Content တစ္ပုဒ္မွာ ေခါင္းစဥ္၊ နိဒါန္း၊စာကိုယ္၊နိဂုံး တို႔ ပါဝင္ပါတယ္။ တစ္နည္းအားျဖင့္ ဆြဲေဆာင္မႈရွိတဲ့အေရးအသားျဖစ္ပါတယ္။ ဉပမာ - Blogs, Articles, Podcasts တို႔ျဖစ္ပါတယ္။
အဲ့တာေၾကာင့္ Contents ကို “A white paper about industry trends “” လို႔ သတ္မွတ္ထားႏိုင္ပါတယ္။

ဥပမာအေနနဲ႔ေျပာရရင္ - အဂၤလိပ္စာ တိုးတက္ေအာင ္ဘယ္လိုနည္းလမ္းေတြကို လိုက္နာရမယ္ဆိုတာမ်ိဳး၊ မိမိကိုယ္မိမိ Motivate ျဖစ္ေအာင္ ျပဳလုပ္ႏိုင္မယ့္ နည္းလမ္းမ်ား . . . အစရွိသျဖင့္ေပါ့။

 

ဒါဆို Copy Writing ဆိုတာကေရာ ?
Copy Writing က လက္ကမ္းစာေစာင္လို အေရးအသားမ်ိဳးျဖစ္ပါတယ္။ ကုန္ပစၥည္းတစ္ခု အေရာင္းထြက္ဖို႔ေသာ္လည္းေကာင္း၊ အေရာင္းသြက္ဖို႔အတြက္ေသာ္လည္းေကာင္း ဖန္တီးရတဲ့ အေရးသားတစ္ခုျဖစ္ပါတယ္။ ဒါေၾကာင့္ Copy Writing က ပိုၿပီး Persuade လုပ္ႏိုင္ဖို႔လိုပါတယ္။

 

Copy Writing က အဆင့္ ( ၄ ) ဆင့္ကို ျဖတ္သြားေအာင္ေရးရပါတယ္ ။ အဲ့ အဆင့္ ( ၄ ) ဆင့္ ကို Customer Journey လို႔ ေခၚပါတယ္။
( ၁ ) Attention
( ၂ ) Awareness
( ၃ ) Consideration
( ၄ ) Conversion တို႔ျဖစ္ပါတယ္။ ဒီ အဆင့္ ( ၄ ) ဆင့္ကို ျဖတ္ၿပီး Customer က သင့္ Product ကို ဝယ္ယူလိုက္ၿပီဆိုရင္ သင့္ Copy က တန္ဖိုးရွိတဲ့ Copy Writing တစ္ပုဒ္လို႔ သတ္မွတ္ႏိုင္ပါၿပီ။ ဒါေပမဲ့ Copy Writing မွာ သင္ သတိထားရမဲ့ အရာ တစ္ခု ရွိပါတယ္။ အဲ့တာကေတာ့ Call To Action ( CTA ) ျဖစ္ပါတယ္။ မပါမျဖစ္ Copy တစ္ပုဒ္ရဲ႕ အသက္ေသြးေၾကာျဖစ္ပါတယ္။

 

ဒါေၾကာင့္ Copy တစ္ပုဒ္ ကို “ A landing page about product features ” လို႔ သတ္မွတ္ႏိုင္ပါတယ္။
ဥပမာ - သင့္ရဲ႕အသားအရည္လွပေအာင္ . . . . ပစၥည္းေလးကို အသံုးျပဳၾကည့္ပါေနာ္။ ေနာက္တမ်ိဳးက တစ္ေယာက္ထဲပဲေပ်ာ္ေအာင္ေနပါတယ္ေနာ္ဆိုတဲ့အေရးအသားမ်ိဳး (ေစ်းဗန္းခင္းတာ :P) . . . ဒီလိုအေရးအသားေတြဆိုရင္ေတာ့ Copy Writing လို႔ေခၚပါတယ္။

 

ဒီေလာက္ဆို Content Writing နဲ႔ Copy Writing ဘယ္လိုကြာလဲ ဆိုတာ သတိျပဳမိေလာက္ၿပီထင္ပါတယ္။

“ all copy is content, but not all content is copy ”

Read times
Rate this articles
(0 votes)