အေမရိကန္ျပည္ေထာင္စု နယူးေယာက္ျမိဳ႔တြင္ ဖြင့္လွစ္ထားသည့္ Sugar Daddy တကၠသိုလ္က မိန္းမေခ်ာေလးမ်ားကို သူေဌးၾကီးမ်ားအၾကိဳက္ေနထိုင္တတ္၊ ေျပာဆိုတတ္၊ ျပင္ဆင္တတ္ေစရန္ သင္ၾကားေပးျပီး သူေဌးၾကီးမ်ားကိုလည္း မိန္းမေခ်ာေလးမ်ား အၾကိဳက္ေနထိုင္တတ္၊ ေျပာဆိုတတ္ေစရန္ သင္ၾကားေပးသည္။
အမ်ိဳးသမီးငယ္မ်ားအား စပြန္ဆာေပးရာတြင္ နာမည္ေက်ာ္လွသည့္ အလန္ရွနိုက္ဒါက ထိုတကၠသိုလ္ကို ဖြင့္လွစ္ခဲ့ျခင္းျဖစ္ျပီး ၄င္းက မိန္းမေခ်ာေလးမ်ားကို သူေဌးၾကီးမ်ားႏွင့္ ခ်ိတ္ေပးသည့္ ဖူးစာရွာဝက္ဘ္ဆိုက္ကိုလည္း ေထာင္ခဲ့ဖူးသည္ဆို၏။
၄င္းက စပြန္ဆာေပးထားသည့္ မိန္းကေလးမ်ားထဲမွ တစ္ဦးကို ယင္းေက်ာင္းတြင္ ပါေမာကၡခန္႕ထားသည္။ ၄င္းတို႔ႏွစ္ဦးလက္တြဲကာ မ်ိဳးဆက္ပြားဆိုင္ရာ ဗဟုသုတ၊ အျပန္အလွန္နားလည္မွဳ၊ ရက္ေရာေပးကမ္းမွဳ၊ ဆြဲေဆာင္မွဳႏွင့္ အျပန္အလွန္ရွိမွဳဆိုသည့္ အခ်က္ငါးခ်က္ကို အဓိကထား သင္ၾကားေပးသြားမည္ ျဖစ္သည္။
Recommended for you - ဆက္ဆံေရးအေျခအေနေတြကို ေဖာ္ျပတဲ့ အဂၤလိပ္အသံုးအႏွဳန္းမ်ား
ထို႔ျပင္ ၄င္းတို႔သည္ အလွအပခြဲစိတ္ဆရာဝန္မ်ား၊ ခ်စ္သူေရးရာ အတိုင္ပင္ခံမ်ားနွင့္ ေငြေၾကးကြ်မ္းက်င္သူ မ်ားႏွင့္လည္း ပူးေပါင္းလုပ္ေဆာင္သြားဦးမည္ ျဖစ္သည္။ အမ်ိဳးသမီးမ်ား ပိုမိုဆြဲေဆာင္မွဳ ရွိေစရန္ႏွင့္ အမ်ိဳးသားမ်ား မိန္းမေခ်ာမ်ားကို ပိုမိုအၾကိဳက္ေဆာင္တတ္ေစရန္ တို႔ကိုလည္း ၄င္းတို႔က အထက္ပါ ကြ်မ္းက်င္ပညာရွင္မ်ားႏွင့္အတူ ပို႔ခ်သြားမည္ ျဖစ္သည္။ အသက္ၾကီးသည့္ အမ်ိဳးသားမ်ား သမီးအရြယ္ မိန္းမပ်ိဳမ်ားႏွင့္ တြဲသည္ကို ႏွာေခါင္းရွဳံ႕ေလ့ရွိေသာ္လည္း တကၠသိုလ္ တည္ေထာင္သူ အလန္ကမူ ႏွစ္ဦးႏွစ္ဖက္ ေက်နပ္ေနသေရြ႕ ျပႆနာမရွိဟု ဆိုသည္။
ျပည္ျမန္မာသတင္းဂ်ာနယ္မွ ေကာက္ႏုတ္တင္ျပျခင္းျဖစ္ပါသည္။
Credit; ခ်ယ္ရီ
[Unicode version]
အမေရိကန်ပြည်ထောင်စု နယူယောက်မြို့တွင် ဖွင့်လှစ်ထားသည့် Sugar Daddy တက္ကသိုလ်က မိန်းမချောလေးများကို သူဌေးကြီးများအကြိုက်နေထိုင်တတ်၊ ပြောဆိုတတ်၊ ပြင်ဆင်တတ်စေရန် သင်ကြားပေးပြီး သူဌေးကြီးများကိုလည်း မိန်းမချောလေးများ အကြိုက်နေထိုင်တတ်၊ ပြောဆိုတတ်စေရန် သင်ကြားပေးသည်။
အမျိုးသမီးငယ်များအား စပွန်ဆာပေးရာတွင် နာမည်ကျော်လှသည့် အလန်ရှနိုက်ဒါက ထိုတက္ကသိုလ်ကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ၄င်းက မိန်းမချောလေးများကို သူဌေးကြီးများနှင့် ချိတ်ပေးသည့် ဖူးစာရှာဝက်ဘ်ဆိုက်ကိုလည်း ထောင်ခဲ့ဖူးသည်ဆို၏။
၄င်းက စပွန်ဆာပေးထားသည့် မိန်းကလေးများထဲမှ တစ်ဦးကို ယင်းကျောင်းတွင် ပါမောက္ခခန့်ထားသည်။ ၄င်းတို့နှစ်ဦးလက်တွဲကာ မျိုးဆက်ပွားဆိုင်ရာ ဗဟုသုတ၊ အပြန်အလှန်နားလည်မှု၊ ရက်ရောပေးကမ်းမှု၊ ဆွဲဆောင်မှုနှင့် အပြန်အလှန်ရှိမှုဆိုသည့် အချက်ငါးချက်ကို အဓိကထား သင်ကြားပေးသွားမည် ဖြစ်သည်။
Recommended for you - ဆက်ဆံရေးအခြေအနေတွေကို ဖော်ပြတဲ့ အင်္ဂလိပ်အသုံးအနှုန်းများ
ထို့ပြင် ၄င်းတို့သည် အလှအပခွဲစိတ်ဆရာဝန်များ၊ ချစ်သူရေးရာ အတိုင်ပင်ခံများနှင့် ငွေကြေးကျွမ်းကျင်သူ များနှင့်လည်း ပူးပေါင်းလုပ်ဆောင်သွားဦးမည် ဖြစ်သည်။ အမျိုးသမီးများ ပိုမိုဆွဲဆောင်မှု ရှိစေရန်နှင့် အမျိုးသားများ မိန်းမချောများကို ပိုမိုအကြိုက်ဆောင်တတ်စေရန် တို့ကိုလည်း ၄င်းတို့က အထက်ပါ ကျွမ်းကျင်ပညာရှင်များနှင့်အတူ ပို့ချသွားမည် ဖြစ်သည်။ အသက်ကြီးသည့် အမျိုးသားများ သမီးအရွယ် မိန်းမပျိုများနှင့် တွဲသည်ကို နှာခေါင်းရှုံ့လေ့ရှိသော်လည်း တက္ကသိုလ် တည်ထောင်သူ အလန်ကမူ နှစ်ဦးနှစ်ဖက် ကျေနပ်နေသရွေ့ ပြဿနာမရှိဟု ဆိုသည်။
ပြည်မြန်မာသတင်းဂျာနယ်မှ ကောက်နုတ်တင်ပြခြင်းဖြစ်ပါသည်။
Credit; ချယ်ရီ