၁၉၄၅ ခုနှစ် အောက်တိုဘာ ၂၇ ရက်နေ့မှာ ဆင်းရဲသား လယ်သမား မိသားစုဟာ ကောင်လေး တစ်ယောက်ကို မွေးဖွားခဲ့ပါတယ်… ဆင်းရဲလွန်းတာကြောင့် ကောင်လေးဟာ ၄ နှစ်သား အရွယ် ကတည်းက လမ်းပေါ်မှာ မြေပဲဆံလိုက်ရောင်းခဲ့ရတယ်…
ဒါတောင် အစားနပ်မှန်မှန် သူမစားခဲ့ရသလို အ၀တ်အထည် လုံလုံလောက်လောက်လည်း မ၀တ်ဆင်ခဲ့ရပါဘူး… ကျောင်းစတက်စအရွယ်မှာ ကောင်လေးဟာ ကျောင်းအားလပ်ချိန်တိုင်း အဖော်သူငယ်ချင်းနှစ်ယောက်နဲ့ ဖိနပ်လိုက်တိုက်ခဲ့ပါတယ် … အကယ်၍ ဖိနပ်တိုက်တဲ့သူ မရှိရင် သူတို့အငတ်ခံနေကြရပါတယ်… ကောင်လေး ၁၂ နှစ်အရွယ်ရောက်စဉ် တစ်ညမှာ ပင်းမင်းဆိုင်က သူဌေးတစ်ဦး ဖိနပ်လာတိုက်ပါတယ်… ကောင်လေး နဲ့ အဖော်တွေဟာ သူ့ထက်ငါ ဖိနပ်တိုက်ရဖို့ သူဌေးဆီ ၀ိုင်းအုံသွားခဲ့ကြတယ်… ကောင်လေး ၃ယောက်ရဲ့ တောင့်တနေတဲ့ မျက်ဝန်းအစုံကိုကြည့်ပြီး သူဌေးဆုံးဖြတ်ရခက်နေပါတယ်။
နောက်ဆုံးတော့သူဌေးက အကြွေစေ့ ၂ စေ့ကိုထုတ်ပြီး “ဖိနပ်တိုက်ခ ၂ ကျပ်ပေးမယ် … ဘယ်သူဖိနပ် တိုက်ပေးမလဲ” ဆိုပြီးမေးပါတယ်…ဖိနပ် တစ်ခါတိုက်မှ ပြား ၂၀ ပဲရတာ အခု ၁၀ ဆလောက် ပိုရမယ် ဆိုတော့ ကောင်လေး ၃ ယောက်ရဲ့ မျက်ဝန်းတွေဟာ အရောင်တွေလင်းလက် သွားတော့တာပေါ့… တစ်ယောက်က “ကျနော်တိုက်ပါရစေ.. မနက်ကတည်းက အစာမစားရသေးပါဘူး… စားဖို့ ပိုက်ဆံမှ မရရင် ကျနော် ဆာပြီးသေသွားနိုင်တယ်…” ဆိုပြီး ပြောလေရဲ့။
နောက်တစ်ယောက်ကလည်း “ကျနော်တို့အိမ်မှာအစာပြတ်နေတာ၃ရက်ရှိသွားပါပြီ… အမေကလည်း နေမကောင်းဘူး…အိမ်အတွက်ကျနော်စားစရာဝယ်ပြန်ပေးရမှာ…ဒီလိုမှ မဟုတ်ရင် ညအိမ်ပြန်ရောက်ရင် ကျနော်အရိုက်ခံရတော့မယ်” ဆိုပြီးပြောရှာပါတယ်… ဒီအချိန်မှာ နောက်ဆုံး ကျန်နေတဲ့ ကောင်လေးက သူဌေးလက်ထဲက ပိုက်ဆံကိုကြည့်ပြီး ခဏစဉ်းစားတယ်.ပြီးတော့ “တကယ်လို့ ဒီပိုက်ဆံ ၂ ကျပ် ကျနော် ရခဲ့မယ်ဆိုရင် သူတို့နှစ်ယောက်ကို တစ်ယောက် တစ်ကျပ် ပေးလိုက်ပါ့မယ်” လို့ပြောတော့ သူဌေး နဲ့ ကျန်အဖော် နှစ်ယောက် အံ့အားသင့်သွားကြပါတယ်.. “သူတို့က ကျနော့်ရဲ့အကောင်းဆုံးသူငယ်ချင်း တွေပါ… သူတို့တကယ်ဆာနေကြတာပါ..ကျနော်ကတော့ နေ့လည်တုန်းက မြေပဲဆံလေး နည်းနည်း စားထားရတော့ ဖိနပ်တိုက်ဖို့ အားရှိနေပါသေးတယ်…သူဌေးဖိနပ်ကိုကျနော်တိုက်ပါရစေ… သူဌေးကျေနပ် စေရပါ့မယ်” ကောင်လေးရဲ့စကားကြောင့်သူဌေးခံစားသွားရတယ်။
သင်ဘယ်တော့မှချမ်းသာမှာမဟုတ်ဘူးဆိုတာ သေချာစေတဲ့အချက် (၉) ချက်
ကောင်လေးကို ဖိနပ်တိုက်စေခဲ့ပြီး ငွေ ၂ ကျပ်ကိုပေးလိုက်တယ်… ကောင်လေးက ဘာမှမပြောဘဲ သူ့အဖော် နှစ်ယောက်ကို ချက်ချင်းခွဲပေးလိုက်တယ်… ရက်အနည်းငယ်အကြာမှာတော့သူဌေးက ကောင်လေးကိုရှာပြီး ကျောင်းအားလပ်ချိန်တိုင်းမှာ သူ့ပင်းမင်းဆိုင်မှာ အလုပ်ဝင်စေပါတယ် … ညစာ ထမင်းပါကျွေးခဲ့တယ် … လုပ်အားခနည်းပေမယ့် ဖိနပ်လိုက်တိုက်တာထက်စာရင် ပိုအဆင်ပြေခဲ့ပါတယ်… ဒါဟာ ကိုယ့်ထက်နွမ်းပါးတဲ့သူကို ကူညီလို့ ရလာတဲ့ အခွင့်အရေးဆိုတာကောင်လေးသိတယ်… ဒါကြောင့် နောင်တွေမှာလည်း အခက်အခဲရှိသူတိုင်းကို သူတတ်စွမ်းသလောက် ကူညီခဲ့ပါတယ်။
နောက်တော့ ကောင်လေးဟာ ကျောင်းရပ်နားပြီး အလုပ်ရုံမှာ အလုပ်သမား ၀င်လုပ်ခဲ့ပါတယ်… အလုပ်သမားတွေအတွက် အလုပ်သမားအခွင့်အရေးရဖို့ သူတောင်းဆိုခဲ့တယ်… အသက် ၂၁ နှစ်အရွယ်မှာ အလုပ်သမား အသင်းထဲ သူဝင်ခဲ့တယ်…အသက် ၄၅ နှစ်မှာ အလုပ်သမားပါတီကို သူတည်ထောင်ခဲ့ တယ်… ၂၀၀၂ ခုနှစ် အောက်တိုဘာလမှာ “ဒီနိုင်ငံမှာ ရှိတဲ့လူတွေအားလုံး တစ်နေ့ကို ထမင်းသုံးနပ် မှန်မှန် စားစေရမယ်…” ဆိုပြီးသူရွေးကောက်ပွဲဝင်ခဲ့တယ်… ပြည်သူအများရဲ့ ထောက်ခံမှုကို ရရှိခဲ့ပြီး အဲ့ဒီနိုင်ငံရဲ့ ၃၅ ဦးမြောက် သမ္မတဖြစ်လာခဲ့တယ်… အဲ့ဒီနိုင်ငံရဲ့သမိုင်းမှာ ပထမဆုံး အလုပ်သမားကနေ သမ္မတဖြစ်လာခဲ့သူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
၂၀၀၆ ခုနှစ်မှာ ဒုတိယအကြိမ် သမ္မတအဖြစ်ပြန်လည်အရွေးခံခဲ့ရပြီး သူသမ္မတသက်တမ်း ၈ နှစ်အတွင်းမှာ သူပြောခဲ့တဲ့အတိုင်း လက်တွေ့အကောင်အထည်ဖော်ခဲ့တယ်… တစ်နိုင်ငံလုံမှာရှိတဲ့ ၉၃% ကလေးငယ် တွေနဲ့ ၈၃% အရွယ်ရောက်ပြီးသူတွေကို တစ်နေ့သုံးနပ်မှန်စေခဲ့တဲ့အပြင် သူ့ရဲ့ဦးဆောင်မှုအောက်မှာ တစ်ကမ္ဘာလုံးရဲ့ ၁၀ နိုင်ငံမြောက် စီးပွားရေးနိုင်ငံကြီးဖြစ်စေခဲ့တယ်… သူကတော့ တခြားလူမဟုတ်ပါဘူး… ၂၀၁၀ ခုနှစ်ကုန်ပိုင်းမှာ သမ္မတအဖြစ် ရပ်နားခဲ့တဲ့ ဘရာဇီးနိုင်ငံရဲ့ သမ္မတဟောင်း Luiz Inacio Lula da Silva ပဲဖြစ်ပါတယ်။
ဒါကြောင့်ဘယ်လိုဘ၀ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်နေပါစေ… ကိုယ့်ကိုယ်ကိုဘယ်တော့မှဇွဲမလျှော့ပါနဲ့…လူတိုင်းမှာ အောင်မြင်မှုပန်းတိုင်ဆိုတာ ရှိနေပြီးသားပါ… အဲ့ဒီပန်းတိုင်ကို ရောက်အောင်သွားဖို့ ကြိုးစားရမှာကသာ မိမိတာဝန်ဖြစ်ပါတယ်…
သင့်ရည်မှန်းချက်တွေနဲ့အတူ သင်လိုချင်တဲ့ဘဝတစ်ခုကို တည်ဆောက်နိုင်ဖို့အတွက် သင့်ကိုယ်တိုင်ကလည်း အရည်အချင်းတွေ ပြည့်ဝနေဖို့လိုပါတယ်။ စီးပွားရေးလောကမှာ ကျင်လည်ဖို့အတွက် လိုအပ်တဲ့ skill ၊ နိုင်ငံတကာနဲ့ communication လုပ်နိုင်ဖို့အတွက် ဘာသာစကားလိုအပ်ချက် ဒါတွေကို သင့်ဘက်က ဖြည့်ထားဖို့လိုပါတယ်။
ဒီအတွက် စိတ်မပူပါနဲ့ sayar.com.mm တွင်ရှိသော ဆရာ ဆရာမများက ကူညီနိုင်ပါတယ်။ သင်ကိုယ်တိုင်ဆရာတစ်ယောက်ဖြစ်နေပါက ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ register လုပ်လိုက်ပါ။
Credit : Original Writer