အရသာရှိတဲ့ ဟင်းလျာတစ်ခွက်ဖြစ်အောင် ပြင်ဆင်ချက်ပြုတ်တတ်ခြင်းကလည်း တန်ဖိုးရှိတဲ့ အတတ်ပညာတစ်ခုပါပဲ။ ကျွန်တော်တို့ ဘဝတိုးတက်မှုကို အထောက်အကူပြုနိုင်မယ့် ဘာသာစကားသင်တန်း၊ ကွန်ပျူတာသင်တန်းတွေ တက်ကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ခန္ဓာကိုယ်ကျန်းမာရေးအတွက်
အရေးကြီးဆုံးဖြစ်တဲ့ အစားအသောက်ကဏ္ဍကို ဂရုမစိုက်ဖြစ်ပါဘူး။ ဒါဆိုရင် တတ်မြောက်ထားသင့်တဲ့ အတတ်ပညာထဲမှာ ချက်ပြုတ်ခြင်းဆိုတာရော မပါဘူးလား။ မလိုအပ်ဘူးလို့ရော သင်ထင်နေတာလား။ ဒါပေမယ့် ဒီအတတ်ပညာက မိန်းကလေးတွေပဲသင်ရမယ် ဆိုပြီးတော့ မရှိတော့ပါဘူး။ ယောက်ျားလေးစားဖိုမှူးတွေလည်း အများကြီးရှိပါတယ်။ တတ်မြောက်ထားသင့်ပါတယ်။
အပြင်စာတွေ အသင့်စားအစားအစာတွေက သင့်ရဲ့ကျန်းမာရေးအတွက် ရေရှည်စိတ်ချလို့မရပါဘူး။ အမြဲတမ်းအသင့်စား အစာအသောက်တွေ စားသုံးခြင်းကလည်း cholesterol တက်စေပြီး ကျန်းမာရေး ထိခိုက်ကာ သေမင်းတခါးကို စောစောစီးစီးခေါက်နေရပါလိမ့်မယ်။
ချက်ပြုတ်ပြင်ဆင်ရတာက အလုပ်ရှုပ်ပြီးပျော်စရာမကောင်းဘူးလို့သင်ထင်ကောင်းထင်နေပါလိမ့်မယ်။ ဒါပေမယ့် ချက်ပြုတ်ခြင်းက သင့်မိသားစု မိတ်ဆွေသူငယ်ချင်းတွေနဲ့ ပျော်စရာအချိန်ကို ဖန်တီးပေးနိုင်မှာပါ။ သင်သာချက်ပြုတ်တတ်မယ်ဆိုရင် ကိုယ်စားမယ့်အစားအသောက်ကို ကိုယ်တိုင်စီမံနိုင်ပါတယ်။ ဒါ့အပြင် ဝယ်စားတဲ့အခါမှာ အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေဘယ်လောက်များပါဝင်နေမလဲ၊ သုံးထားတဲ့ဆီကရော သန့်ရဲ့လား၊ ဒီလိုမျိုးသံသယတွေနဲ့စိတ်ပူနေရတာတွေကိုလည်း ရှိတော့မှာမဟုတ်ပါဘူး။
READ -အသက်အရွယ်အလိုက် သင်ကြားသင့်တဲ့ လက်တွေ့ဘ၀ အတတ်ပညာရပ်များ
အခုက နည်းပညာခေတ် တိုးတက်လာတဲ့ခေတ်ဆိုတော့ ဒါကိုသင်ယူဖို့နည်းလမ်းပေါင်းမြောက်မြားစွာ ရှိပါတယ်။ ပြီးတော့ သင်က ကျွမ်းကျင်တဲ့ စားဖိုမှူးလုပ်မှာလဲမဟုတ်ဘူးဆိုတော့ သင်တန်းတွေတတ်နေ စရာလဲမလိုဘူးလေ။ အိမ်မှာကျွန်ုပ်တို့ကို ချက်ပြုတ်ပြင်ဆင်ပေးနေတဲ့ အကျွမ်းကျင်ဆုံးစားဖိုမှူးရှိတယ်လေ။ မေမေတွေပေါ့… တခါတလေ ဖေဖေတွေပါ မီးဖိုချောင်ဝင်ပြီး စားဖိုမှူးလုပ်တတ်ပါသေးတယ်။ သင်ချင်တယ် ဆိုရင် နီးနီးလေးပါ။ TV မှာလည်း ဟင်းချက်တဲ့ အစီအစဉ်တွေအများကြီးလာနေတဲ့အတွက် လွယ်လွယ်ကူ ကူပဲသင်ယူလေ့လာနိုင်ပါတယ်။
လူတိုင်းက ချက်ပြုတ်ခြင်းအတတ်ပညာကိုသင်ယူသင့်တယ်လို့ထင်ပါတယ်…ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ သင့်အနာဂတ်လျှောက်လှမ်းမယ့်ခရီးမှာ အထောက်အကူဖြစ်စေမှာပါ။ မိဘတွေ ဆွေမျိုးတွေ သင့်ရဲ့အနား မှာမရှိတော့တဲ့ တစ်နေ့ကျရင် သင်ကိုယ်တိုင် ကိုယ့်ကိုယ်ကို ဂရုစိုက်ရမှာပါ။ တစ်နေ့ကျရင်သင်လည်း ကိုယ်ပိုင်မိသားစုဘဝကို ပိုင်ဆိုင်မှာပါ..အဲဒီအခါ သင့်ရဲ့ မိသားစုကိုလည်း ကျန်းမာရေးနဲ့ညီပြီး အာဟာရ ပြည့်ဝတဲ့ထမင်းစားပွဲဝိုင်းလေးကို ဖန်တီးပေးနိုင်မှာပါ။
ဘာသာစကားအသစ်တွေ သင်ယူချင်ပေမယ့် သင်တန်းသွားတက်ဖို့ အချိန်မပေးနိုင်ဖြစ်နေပါသလား။ စိတ်မပူပါနဲ့။ sayar.com.mm တွင် ရှာဖွေလိုက်ပါ ... သင့်ဆီတိုက်ရိုက်လာသင်ပေးနိုင်တဲ့ အရည်အချင်း ပြည့်ဝပြီး ဘာသာစကားအသစ်တွေကို သင်ကြားပေးနိုင်မယ့် ဆရာတွေ ရှိပါတယ်။
သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဖြစ်နေပါက ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ register လုပ်ပြီး စတင်လိုက်ပါ။
Source; croxton