ကော်ဖီသောက်ခြင်းရဲ့ ကောင်းကျိုး (၇) ချက်
၁) ကော်ဖီက သင့်ခန္ဓာကိုယ်လှုပ်ရှားနိုင်စွမ်းတွေ မြှင့်တင်ပေးနိုင်တယ်။
ကိုယ်လက်လေ့ကျင့်ခန်းမလုပ်မီ၊ Gym မသွားမီတစ်နာရီခန့်အလိုမှာ ကော်ဖီတစ်ခွက်သောက်သုံးခြင်းက သွေးတွင်းမှာရှိတဲ့ Adrenaline Level မြင့်တက်စေပါတယ်။ Adrenaline ဆိုတာဟာ ခန္ဓာကိုယ်မှာ "Flight or flight" စိတ်ဓာတ်ဖြစ်ပေါ်စေပြီး သွေးဆူစေတတ်တဲ့ ဟော်မုန်းတစ်မျိုးဖြစ်တာကြောင့် သင့်ခန္ဓာကိုယ်လှုပ်ရှားမှုတွေကို ၁၂ ရာခိုင်းနှုန်းလောက် မြင့်တက်စေပါတယ်။
၂) ၀ိတ်ကျစေနိုင်ပါတယ်။
ကော်ဖီမှာ မဂ္ဂနီစီယမ်နဲ့ ပိုတက်စီယမ်ဓာတ်တွေပါဝင်ပြီး အင်ဆူလင်ဓာတ်ဖြစ်ထွန်းကာ သွေးတွင်းသကြားဓာတ်ပမာဏကို မြင့်တက်စေပြီး သင့်ရဲ့ အချိုစာတွေ၊မုန့်တွေ စားချင်စိတ်ကို လျော့နည်းစေပါလိမ့်မယ်။
(မနေနိုင်လို့ စားရင်တော့ ၀တာပေါ့နော်။)
အဆီတွေကို လောင်ကျွမ်းစေပါတယ်။ကဖင်းဓာတ်ဟာ ကိုယ်တွင်းက အဆီတွေကိုချေဖျက်စေဖို့ ကူညီပေးတာကြောင့် အဆီချလိုသူများသောက်သုံးသင့်ပါတယ်။
၃) စိတ်ကြည်လင်လန်းဆန်းစေပါတယ်။
ကော်ဖီသောက်ခြင်းက သင့်ကို အာရုံစူစိုက်မှုပိုကောင်းစေပြီး စိတ်ကြည်လင်ပေါ့ပါးစေပါတယ်။ နေ့စဉ်ကော်ဖီသောက်သုံးခြင်းဖြင့် စိတ်ပိုင်းဆိုင်ရာ တက်ကြွလန်းဆန်းမှုတွေ ပိုင်ဆိုင်နိုင်ပါတယ်။
သေဆုံးနိုင်ခြေနည်းပါး
လေ့လာချက်တွေအရ ကော်ဖီသောက်သုံးတတ်သူတွေဟာ ကော်ဖီမကြိုက်သူတွေထက် အရွယ်မတိုင်ခင်သေဆုံးနိုင်ခြေနည်းပါးတယ်လို့ သိရပါတယ်။
၎) ကင်ဆာဖြစ်နိုင်ခြေနည်းပါးစေနိုင်ခြင်း
လေ့လာမှုတစ်ခုအရ ကော်ဖီသောက်သုံးခြင်းက အမျိုးသားတွေမှာ ဆီးကျိတ်ကင်ဆာဖြစ်ပွားနိုင်ခြေ ၂၀ရာခိုင်နှုန်းလျော့နည်းစေပြီး၊ အမျိုးသမီးတွေမှာ သားအိမ်ကင်ဆာဖြစ်ပွားနိုင်ခြေ ၂၅ရာခိုင်နှုန်းလျော့နည်းစေနိုင်ကြောင်းတွေ့ရှိခဲ့ပါတယ်။ ဒီလေ့လာမှုမှာပါဝင်ခဲ့တဲ့ လူတွေကတော့ တစ်နေ့ကို ကော်ဖီ လေးခွက်နှုန်းတိုက်ပြီး စမ်းသပ်ခဲ့တာဖြစ်ပါတယ်။
၅) လေဖြတ်နိုင်ခြေနည်းပါးစေနိုင်ခြင်း
နေ့စဉ် ကော်ဖီတစ်နေ့ကို ၂ခွက်မှ ၄ခွက်ထိသောက်သုံးခြင်းက လေဖြတ်နိုင်ခြေကို နည်းပါးစေနိုင်ပါတယ်။
၆) အတိတ်မေ့ရောဂါ ဖြစ်ပွာနိုင်ခြေနည်းပါးစေနိုင်ခြင်း
ကော်ဖီကို နေ့စဉ်ပုံမှန်သောက်သုံးခြင်းက အတိတ်မေ့ရောဂါ အယ်ဇိုင်းမားဖြစ်ပွားနိုင်ခြေကို လျှော့ချပေးနိုင်တယ်လို့ ညွှန်းဆိုထားပါတယ်။
၇) စိတ်ဖိစီးမှုလျော့နည်းစေပြီး သေကြောင်းကြံချင်စိတ်လျော့နည်းစေနိုင်ခြင်း
ကဖင်းဓာတ်က အာရုံကြောစနစ်ကို လှုံ့ဆော်မှုပေးနိုင်ပြီး စိတ်အားတက်ကြွစေနိုင်ပါတယ်။ နေ့စဉ် ကော်ဖီ ၂ခွက်ပုံမှန်သောက်သုံးခြင်းက သင့်ကိုယ်သင်သေကြောင်းကြံချင်စိတ်ကို ၅၀ရာခိုင်နှုန်းထိ လျှော့ချပေးနိုင်တယ်လို့လဲ ညွှန်းကြပါတယ်။
Recommended for you - ဖြစ်မှန်းမသိဖြစ်နေတဲ့စိတ်ရောဂါဆိုတာ
ကော်ဖီသောက်ခြင်းရဲ့ ဆိုးကျိုး (၆)ချက်
၁) ကဖင်းဓာတ်ကို စွဲသွားတတ်ခြင်း
ကဖင်းဓာတ်ရဲ့ ဘေးထွက်ဆိုးကျိုးဖြစ်တဲ့ စွဲ ခြင်းဖြစ်သွားတတ်ပြီး ကော်ဖီမသောက်ရမနေနိုင်တာမျိုးဖြစ်သွားတတ်ပါတယ်။ ထိုအခါ ခန္ဓာကိုယ်ကို နိုးကြားစေမှုတွေလွန်ကဲသွားတတ်ပြီး ကိုယ်တွင်းအင်္ဂါတွေကိုပါ ထိခိုက်နိုင်ပါတယ်။
၂) ကော်ဖီအညံ့စားတွေက အဆိပ်အတောက်ဖြစ်နိုင်ပါတယ်။
အရည်အသွေးခပ်ညံ့ညံ့နဲ့ ထုတ်လုပ်ထားတဲ့ကော်ဖီတွေမှာ သန့်ရှင်းမှုအားနည်းပြီး သောက်သုံးသူကို ခေါင်းကိုက်ခြင်း၊ ဖျားနာခြင်းနှင့် စိတ်မကြည်ခြင်းတွေဖြစ်စေနိုင်ပါတယ်။ ကော်ဖီထုတ်လုပ်ရာမှာသုံးတဲ့ ကော်ဖီစေ့တွေ ညံ့ဖျင်းတဲ့အခါ ယခုလိုဖြစ်တတ်ပါတယ်။ ဒါကြောင့် ဈေးကြီးကြီးကော်ဖီတွေကတော့ ပိုစိတ်ချတဲ့ သဘောမှာရှိပါတယ်။
၃) ကော်ဖီကြောင့် သင်သေဆုံးနိုင်ပါတယ်။
တစ်ခဏအတွင်းမှာ ကော်ဖီအခွက် ၈၀/၁၀၀ (၂၃လီတာ ပမာဏ) လောက် သောက်သုံးလိုက်ရင်တော့ သင့်ခန္ဓာကိုယ်အတွင်းမှာ ကဖင်းဓာတ် ၁၃ ဂရမ်လောက်ရောက်သွားပြီး အသက်အန္တရာယ်ပေးနိုင်ပါတယ်။ ကော်ဖီမပြောနဲ့ ရေချည်းပဲ ၂၃ လီတာလောက်သောက်မိရင် သင်သေဆုံးနိုင်ပါတယ်။
၎) အိပ်မပျော်ခြင်း၊ စိတ်ရှုပ်ထွေးခြင်းတွေ ခံစားရနိုင်ခြင်း။
ကော်ဖီ ၄ခွက်သောက်ပြီးပါက သင့်ခန္ဓာကိုယ်အတွင်းကို ကဖင်းဓာတ် ၄၀၀မီလီဂရမ်လောက်ရောက်သွားပါပြီ။ဒါဟာ လူတစ်ယောက်အတွက် အမြင့်ဆုံးသောက်သင့်တဲ့ ပမာဏဖြစ်ပါတယ်။ ဒီနေရာမှာ လူတစ်ယောက်နဲ့တစ်ယောက် ကဖင်းဓာတ်ပမာဏဘယ်လောက်လက်ခံနိုင်လဲဆိုတာ မတူညီပါဘူး။ ဒါကြောင့် ကိုယ်နဲ့သင့်တော်မယ့် ကော်ဖီအမျိုးအစား၊ ပမာဏကို ချင့်ချိန်သောက်သုံးဖို့ လိုအပ်ပါတယ်။
၅) ကိုယ်ဝန်ဆောင်ချိန်မှာ တစ်နေ့တစ်ခွက်ထက်ပိုမသောက်သင့်ပါ။
လေ့လာချက်တွေအရ ကော်ဖီသောက်ခြင်းက နုနယ်တဲ့သန္ဓေသားလောင်းဆီကိုပါ ကဖင်းဓာတ်တွေရောက်ရှိတာကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေကော်ဖီမသောက်သုံးဖို့ တိုက်တွန်းထားသလို...ကော်ဖီကြိုက်လွန်းသူတွေအနေနဲ့ မသောက်ရမနေနိုင်ရင်တောင် တစ်နေ့တစ်ခွက်ခန့်ပဲသောက်ဖို့ အကြံပြုကြပါတယ်။
၆) ကော်ဖီသောက်တဲ့ကလေးတွေ အိပ်ရာထဲသေးပေါက်ချလေ့ရှိပါတယ်။
အသက် ၅နှစ်မှ ၇နှစ်အရွယ်ကလေးတွေကို လေ့လာမှုပြုခဲ့ရာမှာ ကော်ဖီသောက်တဲ့ကလေးတွေက အိပ်ရာထဲသေးပေါက်တာပိုများလေ့ရှိကြောင်းတွေ့ခဲ့ရပါတယ်။
ဘာသာစကားအသစ်တွေ သင်ယူချင်ပေမယ့် သင်တန်းသွားတက်ဖို့ အချိန်မပေးနိုင်ဖြစ်နေပါသလား။ စိတ်မပူပါနဲ့ ...sayar.com.mm တွင် ရှာဖွေလိုက်ပါ ... သင့်ဆီတိုက်ရိုက်လာသင်ပေးနိုင်တဲ့ အရည်အချင်း ပြည့်ဝပြီး ဘာသာစကားအသစ်တွေကို သင်ကြားပေးနိုင်မယ့် ဆရာတွေ ရှိပါတယ်။
သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဖြစ်နေပါက ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ registerလုပ်ပြီး စတင်လိုက်ပါ။
Credit; knowledgebox