×

Warning

JUser: :_load: Unable to load user with ID: 81428


Knowledge

Friday, 22 June 2018

အိပ်ပုပ်ကြီးခြင်းရဲ့ အကျိုးကျေးဇူးများ

အိပ်ပုပ်ကြီးခြင်းရဲ့ အကျိုးကျေးဇူးများ google.com

အိပ်ပုပ်ကြီးခြင်းက အောင်မြင်ခြင်းရဲ့သော့ချက်ကိုသင်ယုံလား ???

ဒါပေမဲ့ သုတေသီတွေကတော့ အိပ်ပုပ်ကြီးခြင်းမှ တစ်ဆင့် အောင်မြင်သူဖြစ်နိုင်တယ်ဆိုတာ သက်သေပြလိုက်ပါပြီ။ သက်သေပြချက်တွေကို အောက်တွင် ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

တီထွင်ဆန်းသစ်မှုရှိခြင်း

သုတေသနတွေရဲ့အဆိုအရ ကိစ္စရပ်တစ်ခုကို ဖြေရှင်းတဲ့အခါမှာ အိပ်ရေးပျက်နေတယ်။ သူက ၂ နာရီရှင်းရတဲ့ ကိစ္စကို အိပ်ရာမှ အဝအိပ်ပြီး ထလာတဲ့သူက ၁၀ မိနစ်တည်းနှင့် ဖြေရှင်းနိုင်ကြောင်း တွေ့ရသည်။ ဘာလို့လည်းဆိုတော့ အနားယူအိပ်စက်နေချိန်အတွင်းမှာ ဖြစ်ပျက်တဲ့စိတ်ပိုင်းဆိုင်ရာဆက်နွယ်မှုဖြစ်စဉ်တွေက ပြဿနာတစ်ခုကို ဖြေရှင်းတဲ့အခါမှာ ပိုမိုတီထွင်ဆန်းသစ်မှုတွေပေးစွမ်းလို့ဖြစ်ပါတယ်။

 

စီမံခန့်ခွဲမှုပိုမိုကောင်းခြင်း

အိပ်ရေးဝဝအိပ်ခြင်းက စိတ်ဖိစီးမှုကို လျော့ချစေနိုင်ပါတယ်။ စိတ်ဖိစီးမှုမရှိတဲ့သူတွေဟာ သာမန်သူတွေထက် စီမံခန့်ခွဲမှုအားကောင်းပါတယ်။ ထို့ကြောင့် အိပ်ပုပ်ကြီးခြင်းက စီမံခန့်ခွဲမှုကောင်းစေရန် တစ်ဖက်တစ်လမ်းမှ ကူညီပေးနေခြင်းဖြစ်သည်။ အောင်မြင်စေရန် အထောက်အကူပြုနေပါတယ်။

 

စိတ်အာရုံစူးစိုက်မှုကောင်းခြင်း

အိပ်ချိန်နည်းခြင်းက ပင်ပန်းနွမ်းနယ်မှုရဲ့အဓိကပြဿနာဖြစ်ပါတယ်။ ထိုသို့ပင်ပန်းနွမ်းနယ်မှုများက သင့်၏ လုပ်ငန်းဆောင်တာများ ဆောင်ရွက်ချိန်မှာ ကြံ့ကြာစေခြင်း၊ စိတ်အာရုံစူးစိုက်နိုင်စွမ်းလျော့ကျစေပါတယ်။ ဒါပေမယ့် အိပ်ပုပ်ကြီးသူများကတော့ စိတ်အာရုံစူးစိုက်မှုပိုမိုအားကောင်းပြီး အလုပ်များကို မြန်မြန်ဆန်ဆန် တိတိကျကျ လုပ်နိုင်ပါတယ်။

 

အသက်ရှည်ကျန်းမာခြင်း

အလှပအရာမှာ အောင်မြင်ပြီး ကျန်းမာရေးအားဖြင့် ချည့်နဲ့နေရင်လည်း အောင်မြင်တဲ့သူလို့ ပြောလို့ မရပါဘူး။ အိပ်ပုပ်ကြီးသူတွေဟာ သာမန်သူတွေထက် အနားယူချိန်များတဲ့အတွက် ကျန်းမာရေးကို အထောက်အကူပြုကာ အသက်ရှည်ကျန်းမာအောင်မြင်သော ဘဝကို ပိုင်ဆိုင်နိုင်ပါတယ်။

ဒီလောက်ဆိုရင်တော့ စာဖတ်သူပရိသတ်ကြီးလည်း အိပ်ပုပ်ကြီးခြင်းရဲ့ အကျိုးကျေးဇူးတွေကို နားလည်လောက်ပြီလို့ ထင်ပါတယ်။

အိပ်ပုပ်ကြီးခြင်းဖြင့် အောင်မြင်သူများဖြစ်နိုင်ပါစေ။

Credit; Myanmar Advertising Directory

 

Recommended for you - အသက် ၂၀ ကျော်တွင် သိသင့်သော အချက် ၅ ချက်

 

Read times Last modified on Wednesday, 08 January 2020 15:54
Rate this articles
(3 votes)