တစ်နေ့တာလုပ်ငန်းဆောင်တာတွေကို အကောင်းဆုံးစွမ်းဆောင်နိုင်ဖို့ ဦးနှောက်က သေချာအာရုံစူးစိုက်ဖို့ လိုအပ်ပါတယ်။
တစ်ခါတစ်လေ စိတ်ဖိစီးမှုနဲ့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့အာဟာရဓာတ်တွေ ချို့တဲ့ခြင်းကြောင့် ကိုယ့်ရဲ့တာဝန်တွေအပေါ် သေချာ အာရုံမစူးစိုက်နိုင်တဲ့အခါ အလွဲလွဲအချော်ချော်ဖြစ်ပြီး အခွင့်အရေးတွေကို လက်လွှတ်ဆုံးရှုံးရတတ်ပါတယ်။
၁. မနက်စာ စားသုံးခြင်း
မနက်စာ စားသုံးခြင်းက ဦးနှောက်မှတ်ဥာဏ်နဲ့ အားရုံစူးစိုက်မှုကို အချိန်တိုတွင်း တိုးတက်စေပါတယ်။ မနက်စာစားတဲ့ ကျောင်းသားတွေဟာ မစားတဲ့ကျောင်းသားတွေထက် ပိုပြီး ထူးချွန်ထက်မြက် ကြတယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။
မနက်စာစားခြင်းကြောင့် ဦးနှောက်ရဲ့လုပ်ငန်းစွမ်းဆောင်ရည်တွေကို တိုးတက်စေပါတယ်။ နို့နဲ့နို့ထွက်ပစ္စည်း၊ သစ်သီးဝလံတွေနဲ့ အစေ့အနှံတွေအပြင် အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို မနက်စာအဖြစ် စားသုံးပေးသင့်ပါတယ်။ အလွန်အကျွံစားခြင်းကလည်း အာရုံစူးစိုက်မှုကို နှေးကွေးစေပါတယ်။
မိမိတို့ သင်ကြားလိုသည့် ဘာသာရပ်များစွာကို အလွယ်တကူ ရှာဖွေလိုပါက ဒီ Link မှာ ရှိသော ဆရာများနဲ့ တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်။
၂. ကဖိန်းဓာတ်ပါသည့် အစားအစာများကို စားခြင်း
ဥာဏ်ရည်မြင့်ဖို့ အစားအစာတွေမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေရဲ့အကူအညီကိုတော့ ယူနိုင်ပါတယ်။ ဦးနှောက် မှတ်ဥာဏ်တိုးတက်စေတဲ့ ဓာတ်တွေထဲမှာ ကဖိန်းဓာတ်လည်း ပါဝင်ပါတယ်။ ကဖိန်းဓာတ်က လူကိုနိုးကြားတက်ကြွစေတာမှန်ပေမယ့် အလွန်အကျွံဆိုရင်တော့ မသက်မသာဖြစ်စေသလို စိတ်အလိုမကျမှုတွေ ဖြစ်စေပါတယ်။
၃. ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများကို ရွေးချယ်စားသုံးပေးခြင်း
နေ့စဉ်စားနေကျ အစားအစာတွေထဲမှာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အာဟာရဓာတ်တွေ မပါဝင်ဘူးဆိုရင် သင့်ရဲ့လုပ်ငန်းစွမ်းဆောင်ရည်တွေမှာ ထိခိုက်မှုတွေရှိနိုင်ပါတယ်။ အစားအစာကို အလွန်အကျွံစားခြင်း သို့မဟုတ် နည်းပါးစွာ စားခြင်းတို့က မမျှတတဲ့ စားသောက်နေထိုင်မှုပုံစံ ဖြစ်စေပါတယ်။ ဦးနှောက် ဥာဏ်ရည်ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ အာရုံစူးစိုက်မှု အားကောင်းဖို့ဆိုရင် အာဟာရမျှတပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစာတွေ စားပေးဖို့လိုပါတယ်။
၎. ဗီတာမင်၊ သတ္ထုဓာတ်နဲ့ဖြည့်စွက်စာများ
ဦးနှောက်ရဲ့လုပ်ငန်းစွမ်းဆောင်ရည်တွေ ကောင်းမွန်မြန်ဆန်ဖို့ဆိုရင် ဗီတာမင်နဲ့သတ္ထုဓာတ်တွေကို ဖြည့်စွက်အားဆေး သို့မဟုတ် ဖြည့်စွက်အစာများကို စားသုံးပေးဖို့လိုပါတယ်။ ဗီတာမင်ဘီ၊ စီ၊ အီးနဲ့ beta-carotene၊ မက်ဂနီ ဆီယမ်ဓာတ်တွေဟာ ဦးနှောက်မှတ်ဥာဏ်အားကောင်းဖို့နဲ့ အာရုံစူးစိုက်မှုတွေ တိုးတက်ဖို့ အထောက်အပံ့ပေးနိုင်တဲ့အတွက် မှီဝဲပေးဖို့ လိုအပ်ပါတယ်။
မိမိတို့ သင်ကြားလိုသည့် ဘာသာရပ်များစွာကို အလွယ်တကူ ရှာဖွေလိုပါက ဒီ Link မှာ ရှိသော ဆရာများနဲ့ တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်။
Source: shwemom