HR တစ်ယောက်အဖြစ် အသက်မွေးဖို့ ရည်ရွယ်လိုက်ပြီးရင် ဘာသင်တန်းတွေ တက်မလဲ။ များများ မစဉ်းစားပါနဲ့။ ကျောင်းပြီးခါစ လူငယ်တစ်ဦးအဖို့ လက်တွေ့ကျကျ တွေးနိုင်ဖို့ လိုအပ်ပါတယ်။ လုပ်သက် မရှိသေးတဲ့ Fresh Graduate တစ်ဦးကို ကြီးလေးတဲ့ Management တာဝန် အလုပ်တွေ ရရှိဖို့က စိန်ခေါ်မှုတွေအများကြီး ရှိနေမှာပါ။
HR Management ဆိုတာ အဖွဲ့အစည်းတစ်ခု၊ ကုမ္ပဏီတစ်ခု၊ လူ့အဖွဲ့အစည်းတစ်ခုမှာ ပါဝင်တဲ့ အဖွဲ့ဝင်တိုင်းရဲ့ အရည်အသွေးမြင့်မားလာစေဖို့ အတွက် အဓိက စီမံဆောင်ရွက်ပေးရတဲ့ ပညာရပ်တစ်ခု ဖြစ်ပါတယ်။
အလွန် အသေးစိတ်ပြီး ကျယ်ပြန့်တဲ့ ဘာသာရပ်တစ်ခုလည်း ဖြစ်ပါတယ်။ HR လို့ ကြားလိုက်တာနဲ့ ဝန်ထမ်းတစ်ယောက်ကို ခန့်ဖို့ နဲ့ ထုတ်ဖို့ပဲ တာဝန်ယူရတာမဟုတ်ပါဘူး။ HR အနေနဲ့ လုပ်ဆောင်ရတာတွေကတော့
- အရည်အသွေးပြည့်မှီတဲ့ ဝန်ထမ်းတွေ ခန့်ထားဖို့
- ဝန်ထမ်းများ လုပ်ငန်းခွင်ကျွမ်းကျင်မှု ရှိအောင် သင်တန်းများ စီစဉ်ဆောင်ရွက်ပေးဖို့
- ဝန်ထမ်းများ၏ အရည်အသွေး ကို အကဲဖြတ်ဖို့
- ဝန်ထမ်းရေးရာ ပြဿနာများ မျှမျှတတ ဖြေရှင်းပေးဖို့
အစရှိတဲ့ များပြားတဲ့ လုပ်ငန်းစဉ်တွေကို တာဝန်ယူဆောင်ရွက်ပေးရတာ ဖြစ်ပါတယ်။
Recommended for you - ဆင်းရဲနွမ်းပါးသည့် တက္ကသိုလ်ကျောင်းသား/သူများအတွက် ပညာသင်ဆု ဘတ်ဂျက် ၁၁ ဒသမ ၄ ဘီလီယံကျော် လျာထား
HR တစ်ယောက်အဖြစ် အလုပ်ဝင်တော့မယ့် လူငယ်များမဖြစ်မနေ သိဖို့၊ တတ်ဖို့၊ ကျင့်ကြံဖို့လိုအပ်တဲ့ သင်ရိုးတွေကို ဖော်ပြပေးချင်ပါတယ်။
- Business Awareness - စီးပွားရေးလုပ်ငန်းခွင်အကြောင်းသိကောင်းစရာ
- Basic HR Knowledge - လူ့စွမ်းအား အရင်းအမြစ် ပညာရပ်ဆိုင်ရာ အခြေခံ ဗဟုသုတများ
- Recruitment & Selection Process - ဝန်ထမ်းရွေးချယ်ခန့်ထားခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ
- Attendance Control & Payroll Processing - ရုံးတက်ရုံးဆင်း မှတ်တမ်းနှင့် လုပ်ခလစာ ရေးဆွဲခြင်း လုပ်ငန်းစဉ်
- Training Arrangement and Coordination - သင်တန်းများ စီစဉ်ခြင်း လုပ်ငန်းစဉ်
- HR Filling - လူ့စွမ်းအား အရင်းအမြစ်လုပ်ငန်း မှတ်တမ်းဖိုင်များ ထိမ်းသိမ်းခြင်းစနစ်
- Labour Law Knowledge - အလုပ်သမားဥပဒေ ဆိုင်ရာ ဗဟုသုတ
- Social Security Contribution - လူမှု့ဖူလုံရေးထည့်ဝင်ကြေးအကြောင်းသိကောင်းစရာ
- Soft skill ကိုယ်ရည်ကိုယ်သွေးလေ့ကျင့်ခြင်း
- Computer Office Application
ဒီအရည်အသွေးတွေကို တွဲစပ်အသုံးပြုနိုင်ပြီ ဆိုမှတော့ အလုပ်ကောင်း တစ်ခုရရှိပြီး လုပ်ငန်းခွင် အောင်မြင်မှုတွေ ရဖို့ဆိုတာ မဖြစ်နိုင်စရာ မရှိတော့ဘူးပေါ့။
ဘာသာစကားအသစ်တွေ သင်ယူချင်ပေမယ့် သင်တန်းသွားတက်ဖို့ အချိန်မပေးနိုင်ဖြစ်နေပါသလား။ စိတ်မပူပါနဲ့။ sayar.com.mm တွင် ရှာဖွေလိုက်ပါ ... သင့်ဆီတိုက်ရိုက်လာသင်ပေးနိုင်တဲ့ အရည်အချင်း ပြည့်ဝပြီး ဘာသာစကားအသစ်တွေကို သင်ကြားပေးနိုင်မယ့် ဆရာတွေ ရှိပါတယ်။
သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဖြစ်နေပါက ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ register လုပ်ပြီး စတင်လိုက်ပါ။
Recommended for you - ပြင်သစ်ယဉ်ကျေးမှုဌာနတွင် IFB OPEN HOUSE DAY ကျင်းပပြုလုပ်မည်
Recommended for you - အလွယ်တကူဘွဲ့ရရေးစနစ်ဖြစ်နေသည့် အဝေးသင်ပညာရေးကို စတင်ပြုပြင်တော့မည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော
Credit; facebook