တကယ်လို့ ကလေးက သင့်ကိုတောက်လျှောက် နောက်ယှက်နေရင် သင်သူ့ကိုပေးတဲ့ ဂရုစိုက်မူ၊ ကြင်နာယုယမှု လုံလောက်မှု မရှိသေးတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
ကလေးက ခဏခဏ လိမ်လည်တဲ့စကားပြောနေရင် ကလေးက အပြစ်တစ်ခုခုလုပ်မိလို့ သင်အပြစ်ပေးတာ ပြင်းထန်သွားတာ ဖြစ်နိုင်ပါတယ်။
ကလေးက ယုံကြည်မှု အလုံအလောက်မရှိရင် သင်က ဆုံးမတာတွေများနေပြီး၊ အားပေးအားမြောက်မှု နည်းပါးနေတာ ဖြစ်ပါလိမ့်မယ်။
ကလေးက သူ့အကျိုးကိုသူ မကာကွယ်တတ်ဖူးဆိုရင် သင်လူရှေ့သူရှေ့မရှောင် သူ့ကို ဆဲဆိုမိတာ၊ လှောင်ပြောင်မိတာ ဖြစ်နိုင်ပါတယ်။
သင်သူ့ကို ဘာမဆိုဝယ်ပေးပေမဲ့ သူမပိုင်တဲ့ပစ္စည်းတွေကို သူယူချင်နေသေးရင် သူ့ကို ရွေးချယ်မှုအခွင့်အရေး လုံလောက်အောင်မပေးသေးတာ ဖြစ်နိုင်ပါတယ်။
ကလေးက ဇီဇာကြောင်ပြီး၊ ဘာမဆို မဝံ့မရဲ ဖြစ်နေသေးရင် သင်သူ့ကို ချိန်းချောက်တာဖြစ်စေ၊ ဂရုစိုက်မှု လွန်ကဲနေတာဖြစ်စေ၊ သူလုပ်နိုင်တဲ့တာဝန်ကို ကိုယ်တိုင်ဝင်လုပ်ပေးနေတာဖြစ်စေ၊ တစ်ခုခု လွန်ကဲနေတာ ဖြစ်နိုင်ပါတယ်။
ကလေးက မနာလို ဝန်တိုမှုတွေများနေရင် သင်ကသူ့ကို အခြားကလေးတွေနဲ့ ခဏခဏနှိုင်းယှဉ်ပြောဆိုတာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။
ကလေးက ခဏခဏ စိတ်ဆိုးလွယ်နေရင် သင်သူ့ကို အသိအမှတ်ပြုတာ နည်းပါးပြီး သူမကျေနပ်မှုများနေတာ ဖြစ်ပါလိမ့်မယ်။
ကလေးက သူများခံစားချက်ကို လုံးဝဂရုမပြုရင် သင်က အမိန့်ပေးတာများလွန်းပြီး သူ့ရဲ့ ခံစားချက်ကို လစ်လျူရူ့မိတာ ဖြစ်ပါလိမ့်မယ်။
သင့်ကလေးက အကြမ်းဖက်ရိုက်နက်တတ်ရင် ဖြစ်နိုင်တာက သူ့မိသားစုဝင်ထဲ တစ်ဦးတစ်ယောက်ကို အတုခိုး အတုယူတာ ဖြစ်နိုင်ပါကြောင်း...
ပညာရပ်အမျိုးမျိုးကို သင်ယူချင်ပေမယ့် သင်တန်းသွားတက်ဖို့ အချိန်မပေးနိုင်ဖြစ်နေပါသလား။ စိတ်မပူပါနဲ့။ sayar.com.mm တွင် ရှာဖွေလိုက်ပါ ... သင့်ဆီတိုက်ရိုက်လာသင်ပေးနိုင်တဲ့ အရည်အချင်း ပြည့်ဝပြီး ပညာရပ်အမျိုးမျိုးကို သင်ကြားပေးနိုင်မယ့် ဆရာတွေ ရှိပါတယ်။
သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဖြစ်နေပါက ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ register လုပ်ပြီး စတင်လိုက်ပါ။
Recommended for you - Curtin Singapore မှ ပညာသင်ဆုများ ပေးအပ်မည်
Recommended for you - နည်းပညာတက္ကသိုလ်(မန္တလေး)၊ ပထမနှစ်ဝင်ခွင့်ရရှိသူများ ကျောင်းအပ်နှံဖို့ ဒုတိယအကြိမ် နှိုးဆော်ခြင်း
Credit; Aung Ko Latt