ဗြိတိသျှကောင်စီ (ရန်ကုန်) မှ အသက် ၇ နှစ်မှ ၁၅ နှစ်ကလေးများ နွေရာသီအင်္ဂလိပ်စာသင်တန်း တက်ရောက်နိုင်ရန် စတင် စာရင်းပေးသွင်းနိုင်ပြီလို့ သိရပါတယ်။
သင်တန်းကို ၂၀၁၉ ခုနှစ်၊ မတ်လ ၂၁ ရက် မှ ဧပြီလ ၅ ရက်အထိ ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။ နိုဝင်ဘာလ ၁၉ ရက်ကစပြီး ကျောင်းအပ်လက်ခံနေပြီး ၂၀၁၈ ဒီဇင်ဘာလ ၁၉ ရက်မတိုင်မီ အပ်နှံပါက discount ကျပ် ၁၀,၀၀၀ ရရှိမှာဖြစ်ပါတယ်။ သင်တန်းကြေး ၂၈၅,၀၀၀ ကျပ် ဖြစ်ပြီး တက်ရောက်တဲ့ ကလေးတိုင်း ဗြိတိသျှကောင်စီစာကြည့်တိုက်မှာ တစ်နှစ်အခမဲ့ အသင်းဝင်ခွင့်ရရှိမှာဖြစ်ပါတယ်။ သင်တန်းသားအရေအတွက် ကန့်သတ်ထားပါတယ်။ သင်တန်းမှာ စုစုပေါင်းသင်ကြားချိန် နာရီ ၃၀ ရှိမှာဖြစ်ပြီး Placement test ဖြေရန် မလိုအပ်ကြောင်းနဲ့ အတွေ့အကြုံရှိ နိုင်ငံတကာအသိအမှတ်ပြု လက်မှတ်ရ ဆရာ/ ဆရာမများမှ သင်ကြားပေးမှာဖြစ်ကြောင်း သိရပါတယ်။
သင်တန်းမှာ ကလေးများအား ဗဟုသုတတိုးပွားစေမယ့် ဆောင်းပါး၊ မိုးလေဝသဆိုင်ရာ အကြောင်းအရာ၊ ဖျော်ဖြေရေးနှင့် အားကစားဆိုင်ရာ လေ့လာစရာတွေကို ဝေဖန်ဆန်းစစ်ခြင်းနဲ့ အဖွဲ့လိုက်ဆောင်ရွက်ခြင်းတို့ကိုလည်း ဘာသာစကားသင်ယူစဉ် တစ်ချိန်တည်းမှာ လေ့လာနိုင်ရန် စီစဉ်ထားတယ်လို့ သိရပါတယ်။
အသေးစိတ်သိရှိလိုပါက ဗြိတိသျှကောင်စီ (ရန်ကုန်) This email address is being protected from spambots. You need JavaScript enabled to view it. နဲ့ ဖုန်း ၀၁- ၃၇၀၉၃၃ ၊ ၃၇ဝ၈၂၉ ၊ ၃၇ဝ၈၃ဝ ကို ဆက်သွယ် စုံစမ်းနိုင်ပါတယ်။
ပညာရပ်အမျိုးမျိုးကို သင်ယူချင်ပေမယ့် သင်တန်းသွားတက်ဖို့ အချိန်မပေးနိုင်ဖြစ်နေပါသလား။ စိတ်မပူပါနဲ့။ sayar.com.mm တွင် ရှာဖွေလိုက်ပါ ... သင့်ဆီတိုက်ရိုက်လာသင်ပေးနိုင်တဲ့ အရည်အချင်း ပြည့်ဝပြီး ပညာရပ်အမျိုးမျိုးကို သင်ကြားပေးနိုင်မယ့် ဆရာတွေ ရှိပါတယ်။
သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဖြစ်နေပါက ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ register လုပ်ပြီး စတင်လိုက်ပါ။
Recommended for you - မြန်မာလူငယ်ခေါင်းဆောင်မှု (MYLP) ပညာတော်သင်အစီအစဉ်အတွက် လျှောက်လွှာခေါ်ယူ
Recommended for you - ဆေးတက္ကသိုလ်(၁)၊ ရန်ကုန် ပထမနှစ်တက်ရောက်ခွင့်ရသူများစာရင်း
Credit; Internet Journal