ယနေ့ခေတ်မှာ အင်္ဂလိပ် ဘာသာစကားကို အရင်ကထက်ကို ပိုပြီး သိသိသာသာ လိုအပ်လာတာနဲ့အမျှ အရင်က အင်္ဂလိပ် ဘာသာစကားကို ခပ်ပေါ့ပေါ့ သဘောထားခဲ့မိတဲ့ လူအတော်များများဟာ
လုပ်ငန်းခွင်၊ သင်တန်း၊ ကျောင်းများမှာ အခက်တွေ့နေတာတွေ များစွာရှိနေပါတယ်။
ဒီလိုလူတွေထဲမှာ သင် ပါနေရင်တော့ ဒီလို အခက်အခဲတွေ ကြုံနေရတာကို လွတ်လိုလွတ်ငြား ရှောင်ပြေးနေမလား၊ ပြေးရင်ဆိုင်လိုက်မလားဆိုတာ သင်ကိုယ်တိုင် ဆုံးဖြတ်ချက် ချရမယ့် အချိန်ဖြစ်ပါတယ်။
တကယ်တမ်း ဘာသာစကား လေ့လာတာဟာ ဂစ်တာ တီးတာနဲ့ တူပါတယ်။ သံစဉ်ချိုချိုလေးတွေ နဲ့ သာယာချင်လို့ ကိုယ့်ခံစားချက်တွေကို ပေါက်ကွဲဖော်ထုတ်ပစ်လိုက်ချင်လို့ဆိုတဲ့ ရည်ရွယ်ချက် အမျိုးမျိုးနဲ့ ဂစ်တာတီးလေး စသင်ဖြစ်ကြတာပါ။
မိမိတို့ သင်ကြားလိုသည့် ဘာသာရပ်များစွာကို အလွယ်တကူ ရှာဖွေလိုပါက ဒီ Link မှာ ရှိသော ဆရာများနဲ့ တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်။
အများစုကတော့ လက်နာလို့ ဆိုပြီး ၂ ရက်လောက် တီးပြီးတော့ စိတ်ဓာတ်ကျပြီး ရပ်လိုက်တာတွေ အများကြီး ရှိကြပြီး ၂ လ လောက်သာ တောင့်ခံပြီး တီးနိုင်ရင် လက်နာတယ်ဆိုတာ ဘာမှန်းတောင် မသိတော့တဲ့ အခြေအနေ တစ်ခုကို ရောက်သွားမှာပါ။
ဒါပေမယ့် ကိုယ့်ကိုကိုယ် အလို လိုက်တဲ့စိတ်က ကြီးလွန်းတော့ အချိန်ကာလ တစ်ခု တောင့်ခံဖို့ ပျက်ကွက်ကြတော့ သံစဉ်တွေနဲ့ ဝေးကွာသွားဖြင်း ဖြစ်ပါတယ်။
ထို့ကြောင့် အင်္ဂလိပ် ဘာသာစကား လေ့လာရာမှာ ဒီကာလလေးကို ကျော်ဖြတ်နိုင်ဖို့ ထိုက်သင့်တဲ့ ယုံကြည်မှု လေးရပြီး လေ့လာရေး လမ်းကြောင်း မှန်ပေါ်ကို ရောက်သွားနိုင်ဖို့ အရမ်း အရေးကြီးပါတယ်။
ဒီလိုပါပဲ ဘာသာစကားကို အဆင့်မြင့် ပညာရပ်တွေလေ့လာဖို့၊ ကျောင်းကောင်းကောင်းတွေ တက်ချင်လို့၊ နိုင်ငံခြားမှာ အလုပ်သွားလုပ်ဖို့၊ အလုပ်အကိုင် ကောင်းကောင်းတွေ ရချင်လို့၊ ရပြီးသား အလုပ်မှာ ရာထူး တိုးချင်လို့၊ ရောက်ပြီးသား ရာထူး မှာ သင့်တော်တဲ့ ဘာသာစကားစွမ်းရည်ကို ယုံကြည်မှု ရှိရှိ အသုံးချချင်လို့ ဆိုပြီး လေ့လာကြပါတယ်။
အင်္ဂလိပ် ဘာသာစကားနဲ့ ပတ်သက်ပြီး အချိန်ကာလတစ်ခုပေးပြီး လေ့လာမယ်ဆိုရင် သင့် ဘဝရှေ့ခရီးမှာ အင်္ဂလိပ်ဘာသာစကား အရံအတားကို သေချာပေါက် ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။
Source: activeenglishmyanmar