အသံအနိမ့်အမြင့်ဆိုတာ ဘာသာစကားလုံးရဲ့ အသံထွက်ပုံထွက်နည်းပုံစံပဲ ဖြစ်ပါတယ်။ နောက်ထပ် ပုံစံတွေကတော့ အသံဖိ (stress) ၊ စီးဝါးညီတဲ့အသံ (rhythm)၊ တစ်ဆက်တည်း ထွက်သော အသံ (connected speech) ၊ အသံထွက်ပုံ (accent) တို့ ပါဝင်ပါတယ်။
ထို့ကြောင့် အသံနေအသံထား အနိမ့်အမြင့်ဆိုတာက ဘာကိုပြောမယ်ဆိုတာထက် ဘယ်လိုပြောမယ်ဆိုတာကို ဆိုလိုခြင်း ဖြစ်ပါတယ်။
၁. အင်္ဂလိပ်အသံထွက် အနိမ့်အမြင့်ရဲ့ မတူညီသော လုပ်ဆောင်မှုများ
အသံအနိမ့်အမြင့်တွေနဲ့ ပတ်သက်ပြီး ဘယ်လို အသုံးပြုရမယ်၊ ဘယ်လိုလုပ်ဆောင်ချက်တွေရှိတာနဲ့ ပတ်သက်ပြီး သီအိုရီအချို့ရှိပါတယ်။
- စိတ်နေသဘောထား
အင်္ဂလိပ်ဘာသာစကားမှာဆိုရင် နားထောင်သူက စကားပြောနေသူရဲ့ စိတ်နေသဘောထားကို ခန့်မှန်းနိုင်ဖို့ လွယ်ကူစေပါတယ်။ ငြီးငွေ့နေတာလား၊ စိတ်ဝင်စားတာလား၊ အံ့အားသင့်နေတာလား၊ ဒေါသထွက်နေတာလား၊ ကျေးဇူးတင်နေတာလား၊ ပျော်နေတာလား စတာတွေကို အသံအနိမ့်အမြင့်ကနေ တစ်ဆင့် သိနိုင်ပါတယ်။
READ - အင်္ဂလိပ်ဘာသာလေ့လာသူများအတွက် ရှောင်ရန် (၇) ချက်
- သဒ္ဒါအနေအထားမှန်ကန်မှု
စကားပြောဆိုရာမှာ အသံနေအသံထားမှန်ကန်ဖို့အတွက် သဒ္ဒါအသုံးပြုမှုကလည်း မှန်ကန်နေဖို့ လိုပါတယ်။ ဥပမာအနေနဲ့ပြောရရင် “Wh” နဲ့စတဲ့မေးခွန်းတွေ မေးတဲ့အခါမှာ အကျသံတွေနဲ့ ပြောရမှာဖြစ်ပါတယ်။ သင့်ရဲ့ အတန်းဖော်သူငယ်ချင်းအသစ်နဲ့ မိတ်ဖွဲ့စကားပြောတဲ့အခါမှာ “What’s your name?” “Where are you from?” “Why did you choose this school?” စတဲ့မေးခွန်းတွေ မေးတဲ့အခါ အသံနေအသံထားဟာ အကျသံအဖြစ် ပြောရမှာဖြစ်ပါတယ်။
၂. အသံအနိမ့်အမြင့် မှန်ကန်စေမည့် နည်းစနစ်များ
- အသံအနိမ့်အမြင့် မှန်ကန်ဖို့အတွက် အကောင်းဆုံးလေ့ကျင့်ဖို့ဆိုတာက အသံအနိမ့်အမြင့်နဲ့ ဆိုင်တာတွေကို ပိုသိအောင် လုပ်ဖို့ လိုပါတယ်။ အသံသွင်းထားတဲ့ စကားပြောဆိုပုံများကို သေချာနားထောင်သင့်ပါတယ်။ အသံသွင်းပြီး လေ့ကျင့်တဲ့ နည်းဟာ အသံနေအသံထားကို အမှန်ကန်ဆုံး တိုးတက်အောင် လုပ်ပေးနိုင်တဲ့ နည်းလမ်တစ်ခုဖြစ်ပါတယ်။
၃. အသံနေအသံထားကို မှန်ကန်စွာနဲ့ အချိန်များများ လေ့ကျင့်ပါ။
- အသံထွက်မှန်ကန်ဖို့အတွက် အသံအနိမ့်အမြင့်မှန်ကန်ဖို့ဟာ အရေးကြီးပြီး အသံထွက်ကို မှန်အောင်ပြောနိုင်ဖို့လည်း အရေးကြီးပါတယ်။ ထို့ကြောင့် အင်္ဂလိပ်လို အသံထွက်မှန်မှန်နဲ့ ယုံကြည်မှုရှိရှိပြောချင်တယ်ဆိုရင်တော့ သူများတွေ ဘယ်လိုပြောတယ်ဆိုတာကို နားထောင်ပါ။ အတုယူပြီး လိုက်ပေးကြည့်ပါ။ ကိုယ်ပြောနေတဲ့ အသံကို အသံသွင်းပြီး ပြန်နားထောင်ပါ။
READ - ရုပ်ရှင်တွေကတစ်ဆင့် အင်္ဂလိပ်စာသင်ယူဖို့ tips (၇) ခု
Source: myanmar-network.net