Step 1 : Diary တခုရေးပါ
Step 5 : Revising
သွင်ဦးညီ (Purple Words)
UNICODE
"IELTS Writing အတွက်ပြင်ဆင်သင့်တဲ့ အချက် (၅) ချက်"
Step 1 : Diary တခုရေးပါ
ကိုယ်နေ့တိုင်းကြုံတွေ့နေရတာလေးတွေကို diary ရေးပါ လူအများစုဟာကိုယ်နဲ့ရင်းနှီးနေတဲ့ အကြောင်းအရာဆိုရေးချင်ကျပါတယ် ဒါနဲ့စာရေးတတ်တဲ့ အကျင့်ကိုစပါ။ diary ရေးချင်းဖြင့် ၃ ချက်အဆင်ပြေလာပါလိမ့်မယ်။ရေးလေ့ရေးထရှိတဲ့အတွကိစာရေးတာမြန်လာမယ်။ Grammar mistakes အမှားတွေပြန်စစ်လာနိုင်မယ်။
Grammar နဲ့ Vocabulary ပြန်စစ်ဖို့ အချိန်ထွက်လာမယ်။
Step 2 : Reading formal resources
ဒုတိယအနေနဲ့က formal writing တွေကိုဖတ်လေ့ဖတ်ထရှိတာပါပဲ။ IELTS exam သည် formal exam ဖြစ်တဲ့အတွက် လေ့လာသူအနေနဲ့ informal language နဲ့ရေးထားတဲ့ ဝတ္ထုတို့ ကဗျာတို့ဒါမျိုးတွေ မဖတ်ပဲ သတင်းစာနဲ့ magazine ကိုဖတ်စေချင်ပါတယ်။ Reader Digest Magazine, National Geographic Magazine နဲ့ IELTS writing sample တွေကိုဖတ်ချင်းဟာ IELTS writing ပိုင်းလေ့လာတဲ့ journey မှာ လုပ်သင့်တဲ့ ဒုတိယ step ပါပဲ။
Step 3 : Analyzing question
တတိယအဆင့်ကတော့ မေးခွန်းကို ဘာသာပြန်တတ်ဖို့နဲ့ သူဘာအေးတာလဲစမ်းစစ်တတ်ဖို့ပါပဲ IELTS candidates အများစု ဖြစ်တတ်ကျတာကတော့ မေးခွန်းဖတ်တယ် ပြီးတာနဲ့ ချက်ခြင်းချရေးတာပါပဲ။ မေးခွန်းကို ဖတ်ပါ ၃ ခါ ၄ ခါလောက်ဖတ်ပါ IELTS writing task 2 မေးခွန်းတွေသည် abstract word လေးတွေပါလာတတ်တဲ့အတွက် သူမေးတာနဲ့ကိုယ်ဖြေတာနဲ့လွဲသွားတတ်တယ်။ ဒီစာလုံးလေးတွေကို identify အရင်လိုက်လုပ်ပါ သူမေးတာနဲ့ကိုယ်ဖြေတဲ့ အကြာင်းအရာ မလွဲဖို့ task response မှန်ဖို့ကအရေးကြီးဆုံးပါပဲ။ မေးခွန်းကို Analyse လုပ်တာသည် ၃ မိနစ်အချိန်ပေး သင့်ပါတယ်။
Recommended For You >>> နှစ်တစ်ဝက်အတွင်း IELTS စာမေးပွဲအတွက် ဘာတွေဘယ်လိုပြင်ဆင်မလဲ ?
Step 4 : Planning and Drafting
Planing ချတာသည် Writing မှာအရေးပါပါတယ်။ ကိုယ်ပြောချင်တဲ့ အကြောင်းအရာနဲ့ ကိုယ့်ခံယူချက်သည် အပေါ်နဲ့အောက်ချိတ်ဆက်နေပြီး ရှင်းလင်းနေသင့်ပါတယ်။ အပေါ်မှာတုန်းကတော့ ကိုယ်ကဒီကိစ္စ နဲ့ပတ်သတ်ပြီး ဒီလိုထင်မြင်တယ်ပြောခဲ့တယ်။ အောက်ရောက်တော့မှ နောက်တမျိုးထပ်ထင်မြင်လို့မရပါဘူး။ အစမှအဆုံး ကိုယ့်လေသံသည် တသံပဲဖြစ်ရပါတယ်။ ဒီအတွက် အကြမ်းရေးတယ်ဆိုတာ ဖြစ်လာတာပါ အကြမ်းရေးချင်းအားဖြင့် အပေါ်နဲ့အောက်ချိတ်ဆက်မှုရှိလာတယ်၊ sample writing ဖတ်တိုင်း အကြမ်းရေးခြင်းဖြင့် idea တွေ generate လုပ်တာမြန်လာမယ်။
Step 5 : Revising
ရေးပြီးတိုင်းပြန်စစ်ပါ မေးခွန်းကို Analyse လုပ်မှ Task Response မှန်မယ်။ Planing ချမှ Coherency မှန်မယ်။ Revising လုပ်မှ Grammar and Lexical Resource မှန်မယ်။ ဒါတွေကတပိုင်းစီကိုအမှတ်ပေးတာရဲ့ ၂၅ ရာခိုင်နှုန်းစီပါ ပြန်စစ်ဖို့အချိန်ရှိဖို့က တခုခုရေးလေ့ရေးထရှိပြီး စာရေးတာမြန်ရတယ်။ အကြမ်းချရေးလေ့ရေးထရှိရတယ် ဒါမှ ကိုယ်ရေးထားတဲ့ထဲမှာ Grammar ဘာတွေမှားနေလဲ ပြန်စစ်ပါ။ Grammar အမှားတွေသည် မမှားသင့်ပဲမှားတာပါ။ ပြန်စစ်တဲ့အခါကိုယ်မှားတာတွေကို ပြန်တွေ့တတ်ကျပါတယ်။ အများစုကပြန်စစ်ဖို့အချိန်မရှိတဲ့အခါမှာ Grammar အမှားတွေနဲ့ အမှတ်လျှော့ကျပါတယ်။ Lexical Resource ဆိုတဲ့နေရာမှာလဲ Vocabulary ကသင့်တော်တဲ့ collocation လေးတွေလိုက်ထည့်တာပါ။
IELTS exam အတွက်ပြင်ဆင်ပြီဆိုထဲကသူနဲ့ဆိုင်တာပဲလုပ်ပါ မဆိုင်တာတွေလုပ်ပြီး အချိန်ကုန်မခံပါနဲ့။
IELTS သင်ကြားပေးသော မှ ဆရာ၊ ဆရာမများ >>> https://www.sayar.com.mm/subjects/all-teachers/subject-303.html
<iframe width="729" height="410" src="https://www.youtube.com/embed/7geCb9sbE_M" frameborder="0" allow="accelerometer; autoplay; encrypted-media; gyroscope; picture-in-picture" allowfullscreen></iframe>
သွင်ဦးညီ (Purple Words)