×
Warning
JUser: :_load: Unable to load user with ID: 81428
Language
Saturday, 16 November 2019
"အင်္ဂလိပ်ဘာသာစကားလေ့လာနေသူတိုင်းကြည့်သင့်တဲ့ ကာတွန်းကား (၇) ကား" google.com
(1)“Frozen” (2013)
frozen_ver9_xlg.jpg
(2)“Inside Out” (2015)
(3)“The Incredibles” (2004)
91ubTcyFq3L._SY606_.jpg
wng-3.jpg
(6)“Shrek” (2001)
Sources : Shwemom
UNICODE
"အင်္ဂလိပ်ဘာသာစကားလေ့လာနေသူတိုင်းကြည့်သင့်တဲ့ ကာတွန်းကား (၇) ကား"
ကားတွန်းကားဆိုတာနဲ့ ကလေးတွေပဲကြည့်တဲ့ ကားလို့မထင်လိုက်ပါနဲ့။ အသက်ရွယ်မရွေးကြည့်လို့ရပါတယ်။
ကားတွန်းကားအာလုံးဟာ ကလေးတွေတွက်ချည်းပဲမဟုတ်ပါဘူး။ The Simpsons နဲ့ Family Guy ဆိုတဲ့ကာတွန်းကားတွေမှာ ဆိုရင် ကလေးတွေနဲ့ မသင်တော်တဲ့ အကြမ်းဖက်မငတွေနဲ့ ပျက်လုံးများကိုအသုံးပြုထားတာတွေရပါတယ်။ ကလေးတွေကတော့ ကာတွန်းကားကိုရိုးရိုးရှင်းပဲ ကြည့်ကြတာဖြစ်ပြီး လူကြီးတစ်ယောက်အနေနဲ့ကြည့်တဲ့အခါမှာ မတူညီတဲ့ အတွေးတွေ၊ ဗဟုသုတတွေရပါလိမ့်မယ်။ ဒါကြောင့်အင်္ဂလိပ်ဘာသာစကား Skill တက်ချင်တယ်..ကိုယ်တိုင်ကလည်း ကာတွန်းဇာတ်ကား ကောင်းလေးတွေ ကို ကြည့် ရတာ ကြိုက်တယ်ဆိုရင်တော့ ဘာသာစကားစွမ်းရည်လည်းတက် ကာတွန်းကားတွေလည်း ကြည့် လို့ရပါတယ်။ English animated ဇာတ်ကားတွေဟာဆိုရင် စကားပြောဆိုပုံလေယူလေသိမ်းတွေနဲ့ စကားလုံးတွေကလည်း အ ရမ်း ကြီးမခက်ပါဘူး။ဒါကြောင့် လေ့လာသင်ယူရတာလည်း အရမ်းကြီး မခက်လောက်ပါဘူး။ ဇာတ်ကားကောင်းတွေ အမာျးကြီးထဲကနေမှ အင်္ဂလိပ် Skill တက်ချင်သူတွေ အတွက် ကားကောင်းတစ်ချို့ကို ရွေးချယ် ပေးချင်ပါတယ်။
(1)“Frozen” (2013)
frozen_ver9_xlg.jpg
ပထမဆုံးရွေးပေးချင်တာတော့ နာမည်ကြီး ဇာတ်ကားတကားဖြစ်တဲ့ “Frozen” (2013) ပါ။ဒီကားကတော့ ကာတွန်း ချစ်သူတွေကြားမှာအရမ်းကို နာမည်ကြီးပါတယ်။ “Let It Go” ကတော့ ဒီကားရဲ့ နာမည်ကြီး ဇာတ် ဝင် သီချင်း လေးပါ။ဒီကားထဲမှာဆိုရင် ကာတွန်းဇာတ်ကောင်တွေရဲ့ သဘာဝကျကျ ပြောတဲ့ speaking နဲ့ ပျော်စရာကောင်းတဲ့ dialogue လေးတွေ ကို လေ့လာသင်ယူနိုင်မှာပါ။ အင်္ဂလိပ် Listening ကို အမြန်ဆုံးတိုးတက်စေမယ့် ဇာတ်ကား ကောင်းလေးပါ။
(2)“Inside Out” (2015)
51wtU4Q95XL._SX339_BO1204203200_.jpg
Inside Out” ကတော့ နောက်ထပ်ရွေးချယ်ပေးချင်တဲ့ ဇာတ်ကား လေးပါ။ဒီကားမှာဆိုရင်တော့ ပေါ့ပေါ့ပါးပါး dialogue အပြောလေးတွေကို လေ့လာသင်ယူနိုင်မှာပါ။တကယ်လို့များ သင်က စကားစမြည်ပြောဆိုတဲ့ conver sational English skills ကို အထူးအလေးထား သင်ယူချင်တဲ့သူဆိုရင်တော့“Inside Out” ကို ရွေးချယ်ပြီး ကြည့်ရှုသင့်ပါတယ်။
(3)“The Incredibles” (2004)
716RrNAAMQL._SL1500_.jpg
နောက်ထပ်ရွေးပေးတဲ့ “The Incredibles” (2004) ကလည်း conversational English skills တိုးတက်ချင်သူတွေရွေးချယ်သင့်ပါတယ်။ဒီကားမှာကတော့ family conversations တွေ များပါတယ်။ နောက် တစ်ခုကတော့ German accent ဂျာမန်လေသူလေသိမ်းကို ဒီကားကနေ နားထောင်သင်ယူလို့ရပါတယ်။
(4)“The Adventures of Tintin” (2011)
91ubTcyFq3L._SY606_.jpg
ဒီဇာတ်ကားကတော့ British accents ကို ကျင့်သားရအောင် နားထောင်သင်ယူချျင်သူတွေ ရွေး ချယ်သင့်ပါတယ်။ နောက်တစ်ခုကတော့ မျက်နှာ (facial movements) တွေ အဓိကက အသံထွက် ပါးစပ် အနေအထား လှုပ်ရှားမှုတွေ ကိုလည်း လေ့လာလို့ရပါတယ်။
(5)“Wallace and Gromit: The Curse of the Were-Rabbit” (2005)
wng-3.jpg
Wallace and Gromit ကတော့ စွန့်စားခန်းကြိုက်သူတွေ အတွက်ပါ။ English Learning အနေနဲ့ ဆိုရင်တော့ British accents နဲ့ phrases တွေကို လေ့လာသင်ယူနေတယ်ဆိုရင်တော့ ဒီကားကို သေချာပေါက် ရွေးချယ်ပါ။
(6)“Shrek” (2001)
81lCnhTXpRL._SL1372_.jpg
English pronunciations အသံထွက်ပေါင်းသောင်းခြောက်ထောင်ကို ကြားချင်ပါတယ်ဆိုရင်တော့ ဒီကား ကို ရွေးပါ။Scottish, British, African American ..နဲ့ တခြား မတူညီတဲ့ နိုင်ငံအသီးသီးရဲ့ လေသံ တွေကို ဒီကားမှာ ကြားရမှာပါ။
(7)“The Princess and the Frog” (2009)
220px-The_Princess_and_the_Frog_poster.jpg
“The Princess and the Frog” ကတော့ 3D animated ဇာတ်ကားတော့ မဟုတ်ပါဘူး။ ဒီကားမှာတော့ အမေရိကန် Louisiana ပြည်နယ်မှ Cajun လူမျိုးစုရဲ့ accent ကို ကြားရမှာပါ။ ဒီကားကနေ ဗန်းစကား(slang phrases ) နဲ့ Grammar တွေကို လေ့လာသင်ယူနိုင်မှာပါ။
Media
Read times Last modified on Wednesday, 08 January 2020 17:41
Rate this articles
(1 Vote)