(၁)အဂၤလိပ္႐ုပ္ရွင္ႏွင့္ ကာတြန္းကားမ်ား ၾကည့္ျခင္း
ဘာသာစကားတစ္ခုကို အကြၽမ္းဝင္ေစတာေၾကာင့္ ဒီနည္းက အေကာင္းဆုံးပါ။ ကေလးေတြဟာ စာသင္ရတာထက္ သူတို႔အႀကိဳက္ ႐ုပ္ရွင္နဲ႔ ကာတြန္းေတြၾကည့္တာကို ပိုႀကိဳက္ပါတယ္။ ၾကည့္ရင္း အသံထြက္ေတြ လိုက္ဆိုႏိုင္ၿပီး သူတို႔အႀကိဳက္ ကာတြန္းဇာတ္ေကာင္အမူအရာေတြကိုလည္း အတုယူႏိုင္ပါတယ္။
(၂)အဂၤလိပ္စာအုပ္မ်ား ဖတ္ျခင္း
စာအုပ္ဖတ္ၿပီး အေရာင္၊ တိရစာၦန္အေခၚအေဝၚနဲ႔ ႏိုင္ငံ စတဲ့ဗဟုသုတေတြ ရႏိုင္ပါတယ္။ ကေလးရဲ႕စာဖတ္ခ်င္စိတ္ကိုလည္း လႈံ႕ေဆာ္ႏိုင္ၿပီး အဂၤလိပ္ စာစြမ္းရည္တိုးတက္ေစပါတယ္။ ေနာက္ပိုင္း စာဖတ္ဖို႔ မခက္ခဲေတာ့ပါဘူး။
(၃)အဂၤလိပ္ဂိမ္း ကစားေပးျခင္း
ဂိမ္းကစားတာက ကေလးေတြသင္ယူစိတ္ကို ပံ့ပိုးေပးတဲ့ အေကာင္းဆုံး နည္းပါ။ ေပ်ာ္စရာကိစၥကို လုပ္ေနရလို႔ သင္ယူမွန္းမသိ သင္ၿပီးသားျဖစ္ သြားပါတယ္။ ဒါ့အျပင္ ကေလးရဲ႕ယုံၾကည္စိတ္ကိုလည္း တည္ေဆာက္ေပး ရာက်ပါတယ္။ စာလုံးဆက္ဂိမ္းေတြက အေတြးေကာင္းသလို အဂၤလိပ္စာ လည္း တိုးတက္ေစပါတယ္။ ဒါေၾကာင့္ အဂၤလိပ္လိုဖတ္ႏိုင္ ေတြးႏိုင္ဖို႔ ကူညီေပးပါ။ ျဖစ္ႏိုင္ရင္ အဂၤလိပ္စကားေျပာတဲ့အ႐ုပ္တစ္ခုခုကိုလည္း ဝယ္ထားေပးသင့္ပါတယ္။
(၄)အဂၤလိပ္သီခ်င္း သီဆိုျခင္း
ေတးသံၾကားတာနဲ႔တင္ ကေလးရဲ႕လုပ္ခ်င္စိတ္က ပိုတက္ာကြလာပါတယ္။ တခ်ိဳ႕ေက်ာင္းေတြမွာ ကေလးေတြကို သီခ်င္းမ်ားမ်ားဆိုခိုင္းပါတယ္။ သီခ်င္းဆိုရင္း အမူအယာလည္းလုပ္လို႔ရတာေၾကာင့္ ကေလးရဲ႕ တည္ထြင္ႀကံဆစိတ္ကိုလည္း ႏႈိးဆြၿပီးသားျဖစ္လာပါလိမ့္မယ္။ သီခ်င္းဆိုရင္း အသုံးအႏႈန္းေတြ ကေလးစိတ္ထဲ မွာ စြဲသြားၿပီး စကားေျပာရင္လည္း အလြယ္တကူ ျပန္သုံးႏိုင္ပါတယ္။ ကိုယ့္ကေလးနဲ႔ သီခ်င္းအတူတူဆိုေပးႏိုင္ ရင္ ပိုေကာင္းပါတယ္။
အဂၤလိပ္ဘာသာစကားသင္ၾကားေပးေသာ မွ ဆရာ၊ ဆရာမမ်ား >>> https://www.sayar.com.mm/subjects/all-teachers/subject-496.html
Point (Youth Platform)
UNICODE
"ကလေးမာျးအတွက် ထိရောက်သော အင်္ဂလိပ်စာ သင်ကြားနည်းများ"
(၁)အင်္ဂလိပ်ရုပ်ရှင်နှင့် ကာတွန်းကားများ ကြည့်ခြင်း
ဘာသာစကားတစ်ခုကို အကျွမ်းဝင်စေတာကြောင့် ဒီနည်းက အကောင်းဆုံးပါ။ ကလေးတွေဟာ စာသင်ရတာထက် သူတို့အကြိုက် ရုပ်ရှင်နဲ့ ကာတွန်းတွေကြည့်တာကို ပိုကြိုက်ပါတယ်။ ကြည့်ရင်း အသံထွက်တွေ လိုက်ဆိုနိုင်ပြီး သူတို့အကြိုက် ကာတွန်းဇာတ်ကောင်အမူအရာတွေကိုလည်း အတုယူနိုင်ပါတယ်။
(၂)အင်္ဂလိပ်စာအုပ်များ ဖတ်ခြင်း
စာအုပ်ဖတ်ပြီး အရောင်၊ တိရစ္ဆာန်အခေါ်အဝေါ်နဲ့ နိုင်ငံ စတဲ့ဗဟုသုတတွေ ရနိုင်ပါတယ်။ ကလေးရဲ့စာဖတ်ချင်စိတ်ကိုလည်း လှုံ့ဆော်နိုင်ပြီး အင်္ဂလိပ် စာစွမ်းရည်တိုးတက်စေပါတယ်။ နောက်ပိုင်း စာဖတ်ဖို့ မခက်ခဲတော့ပါဘူး။
(၃)အင်္ဂလိပ်ဂိမ်း ကစားပေးခြင်း
ဂိမ်းကစားတာက ကလေးတွေသင်ယူစိတ်ကို ပံ့ပိုးပေးတဲ့ အကောင်းဆုံး နည်းပါ။ ပျော်စရာကိစ္စကို လုပ်နေရလို့ သင်ယူမှန်းမသိ သင်ပြီးသားဖြစ် သွားပါတယ်။ ဒါ့အပြင် ကလေးရဲ့ယုံကြည်စိတ်ကိုလည်း တည်ဆောက်ပေး ရာကျပါတယ်။ စာလုံးဆက်ဂိမ်းတွေက အတွေးကောင်းသလို အင်္ဂလိပ်စာ လည်း တိုးတက်စေပါတယ်။ ဒါကြောင့် အင်္ဂလိပ်လိုဖတ်နိုင် တွေးနိုင်ဖို့ ကူညီပေးပါ။ ဖြစ်နိုင်ရင် အင်္ဂလိပ်စကားပြောတဲ့အရုပ်တစ်ခုခုကိုလည်း ဝယ်ထားပေးသင့်ပါတယ်။
(၄)အင်္ဂလိပ်သီချင်း သီဆိုခြင်း
တေးသံကြားတာနဲ့တင် ကလေးရဲ့လုပ်ချင်စိတ်က ပိုတက်ာကွလာပါတယ်။ တချို့ကျောင်းတွေမှာ ကလေးတွေကို သီချင်းများများဆိုခိုင်းပါတယ်။ သီချင်းဆိုရင်း အမူအယာလည်းလုပ်လို့ရတာကြောင့် ကလေးရဲ့ တည်ထွင်ကြံဆစိတ်ကိုလည်း နှိုးဆွပြီးသားဖြစ်လာပါလိမ့်မယ်။ သီချင်းဆိုရင်း အသုံးအနှုန်းတွေ ကလေးစိတ်ထဲ မှာ စွဲသွားပြီး စကားပြောရင်လည်း အလွယ်တကူ ပြန်သုံးနိုင်ပါတယ်။ ကိုယ့်ကလေးနဲ့ သီချင်းအတူတူဆိုပေးနိုင် ရင် ပိုကောင်းပါတယ်။
အင်္ဂလိပ်ဘာသာစကားသင်ကြားပေးသော မှ ဆရာ၊ ဆရာမများ >>> https://www.sayar.com.mm/subjects/all-teachers/subject-496.html
Point (Youth Platform)