ဂျပန်နိုင်ငံသို့ကျောင်းသွားတတ်ချင်တာပဲဖြစ်ဖြစ် လုပ်ငန်းခွင်လိုအပ်ချက်ကြောင့် သင်တာပဲဖြစ်ဖြစ် ဂျပန်ဘာသာစကားကို စိတ်ဝင်စားလို့သင်ယူနေကြတဲ့သူတွေအတွက် online ကနေတဆင့်လေ့လာသင် ယူနိုင်မယ့် free website လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
၁။ Learn Japanese Language (https://www.learn-japanese-kanji-hiragana-katakana.com/)
ဂျပန်ဘာသာစကားမှာ hiragana, katakana နဲ့ kanji(တရုတ်စာလုံး) တွေကိုသင်ရပါတယ်။ kanji တွေကိုတော့ စာရေးတဲ့အခါ တွဲပြီးသုံးရပါတယ်။ တရုတ်စာလုံးဆိုသည့်အတိုင်း စုတ်ချက်တွေလည်းများပြီး ရှုပ်ပါတယ်။ ဒီ website လေးက စာလုံးရေးနည်းကိုပါ tutorial လေးတွေနဲ့ ဖော်ပြထားပေးပါတယ်။
၂။ Tofugu (https://www.tofugu.com/)
ဒီ website လေးကို ၂၀၀၇ ခုနှစ်ပတ်ဝန်းကျင်ကတည်းက စတင်ခဲ့ပြီးတော့ ဂျပန်နိုင်ငံရဲ့ ဓလေ့တွေကိုပါ လေ့လာလို့ရပါတယ်။ self-study လုပ်နေတဲ့သူတွေအတွက် အဆင်ပြေအောင်ဖန်တီးထားပေးတဲ့ online text book ဖြစ်တဲ့ textfugu နဲ့ချိတ်ဆက်ပေးထားပါတယ်။
၃။ Japanese 101 (https://www.101languages.net/japanese/)
ဒီ website လေးမှာ ဂျပန်ဘာသာစကားအပြင် အခြားဘာသာစကားအများအပြားကိုလည်း ဖော်ပြထား ပေးပါတယ်။ ဂျပန်ဝေါဟာရတွေအပြင် ဂျပန်ရုပ်မြင်သံကြားအစီအစဉ်နှင့် အခြားစိတ်ဝင်စားဖို့ကောင်းတဲ့ website, forum တွေ နဲ့လည်း ချိတ်ဆက်ထားပေးပါတယ်။
၄။ Japanese Pod 101 (https://www.japanesepod101.com/)
ဒီ site လေးကတော့ register လုပ်ပေးဖို့လိုအပ်ပါတယ်။ များပြားလှတဲ့ video တွေ၊ အသံဖိုင် ၊ သင်ခန်း စာတွေနဲ့ သတင်းစာတွေကိုပါ အခမဲ့ရယူနိုင်ပါတယ်။ တင်ထားပေးတဲ့ forum တွေကနေလည်း အကြံဉာဏ်တွေ အကူအညီတွေ အများကြီးရနိုင်ပါတယ်။
၅။ MLC Japanese Language School Resources (https://www.mlcjapanese.co.jp/)
MLC Japanese language school က တိုကျိုမြို့မှာရှိတဲ့ ကျောင်းဖြစ်ပါတယ်။ သူ့ရဲ site မှာ download လုပ်လို့ရတဲ့ pdf ဖိုင်တွေကိုလည်းတင်ထားပေးပါတယ်။ စာမေးပွဲတွေလည်း ဖြေကြည့်လို့ရပါတယ်။
အခုဖော်ပြပေးခဲ့တာတွေကတော့ ဂျပန်ဘာသာစကားကို အခမဲ့ လေ့လာလို့ရမယ့် ဝက်ဆိုဒ်လေးတွေပြဖြစါပါတယ်။ တစ်ထောင့်တစ်နေရာကနေ အသုံးဝင်ကြပါစေလို့ ဆုတောင်းရင်း…...
Zawgyi ျဖင့္ဖတ္ရန္
"ဂ်ပန္ဘာသာစကားသင္ယူေလ့လာေနသူေတြအတြက္ အေထာက္အကူျဖစ္ေစမယ့္ Free Website (၅) ခု"
ဂ်ပန္နိုင္ငံသို႕ေက်ာင္းသြားတတ္ခ်င္တာပဲျဖစ္ျဖစ္ လုပ္ငန္းခြင္လိုအပ္ခ်က္ေၾကာင့္ သင္တာပဲျဖစ္ျဖစ္ ဂ်ပန္ဘာသာစကားကို စိတ္ဝင္စားလို႕သင္ယူေနၾကတဲ့သူေတြအတြက္ online ကေနတဆင့္ေလ့လာသင္ ယူနိုင္မယ့္ free website ေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။
၁။ Learn Japanese Language (https://www.learn-japanese-kanji-hiragana-katakana.com/)
ဂ်ပန္ဘာသာစကားမွာ hiragana, katakana နဲ႕ kanji(တရုတ္စာလံုး) ေတြကိုသင္ရပါတယ္။ kanji ေတြကိုေတာ့ စာေရးတဲ့အခါ တြဲျပီးသံုးရပါတယ္။ တရုတ္စာလံုးဆိုသည့္အတိုင္း စုတ္ခ်က္ေတြလည္းမ်ားျပီး ရွဳပ္ပါတယ္။ ဒီ website ေလးက စာလံုးေရးနည္းကိုပါ tutorial ေလးေတြနဲ႔ ေဖာ္ျပထားေပးပါတယ္။
၂။ Tofugu (https://www.tofugu.com/)
ဒီ website ေလးကို ၂၀၀၇ ခုႏွစ္ပတ္ဝန္းက်င္ကတည္းက စတင္ခဲ့ျပီးေတာ့ ဂ်ပန္နိုင္ငံရဲ႕ ဓေလ့ေတြကိုပါ ေလ့လာလို႔ရပါတယ္။ self-study လုပ္ေနတဲ့သူေတြအတြက္ အဆင္ေျပေအာင္ဖန္တီးထားေပးတဲ့ online text book ျဖစ္တဲ့ textfugu နဲ႔ခ်ိတ္ဆက္ေပးထားပါတယ္။
၃။ Japanese 101 (https://www.101languages.net/japanese/)
ဒီ website ေလးမွာ ဂ်ပန္ဘာသာစကားအျပင္ အျခားဘာသာစကားအမ်ားအျပားကုိလညး္ ေဖာ္ျပထား ေပးပါတယ္။ ဂ်ပန္ေဝါဟာရေတြအျပင္ ဂ်ပန္ရုပ္ျမင္သံၾကားအစီအစဥ္နွင့္ အျခားစိတ္ဝင္စားဖို႔ေကာင္းတဲ့ website, forum ေတြ နဲ႔လည္း ခ်ိတ္ဆက္ထားေပးပါတယ္။
၄။ Japanese Pod 101 (https://www.japanesepod101.com/)
ဒီ site ေလးကေတာ့ register လုပ္ေပးဖို႕လိုအပ္ပါတယ္။ မ်ားျပားလွတဲ့ video ေတြ၊ အသံဖိုင္ ၊ သင္ခန္း စာေတြနဲ႔ သတင္းစာေတြကုိပါ အခမဲ့ရယူနိုင္ပါတယ္။ တင္ထားေပးတဲ့ forum ေတြကေနလည္း အၾကံဥာဏ္ေတြ အကူအညီေတြ အမ်ားၾကီးရနိုင္ပါတယ္။
၅။ MLC Japanese Language School Resources (https://www.mlcjapanese.co.jp/)
MLC Japanese language school က တိုက်ိဳျမိဳ႔မွာရွိတဲ့ ေက်ာင္းျဖစ္ပါတယ္။ သူ႕ရဲ site မွာ download လုပ္လို႔ရတဲ႔ pdf ဖိုင္ေတြကိုလညး္တင္ထားေပးပါတယ္။ စာေမးပြဲေတြလည္း ေျဖၾကည့္လို႔ရပါတယ္။
အခုေဖာ္ျပေပးခဲ့တာေတြကေတာ့ ဂ်ပန္ဘာသာစကားကို အခမဲ့ ေလ့လာလို႕ရမယ့္ ဝက္ဆိုဒ္ေလးေတြပျျဖစါပါတယ္။ တစ္ေထာင့္တစ္ေနရာကေန အသံုးဝင္ၾကပါေစလို႕ ဆုေတာင္းရင္း…...