ဥပမာ..
Beauty (Noun)
Beautiful ( adjective)
Beautifully (adverb)
အင်္ဂလိပ်ဘာသာစကားသင်ကြားပေးသော Gide ဆရာ၊ ဆရာမများ ရှာဖွေရန် >>> https://www.sayar.com.mm/subjects/all-teachers/subject-496.html
Unicode ဖြင့်ဖတ်ရန်
"အင်္ဂလိပ် ဝေါဟာရ ကြွယ်ဝ တိုးတက်ဖို့ အထောက်အကူဖြစ်စေမယ့် နည်းလမ်းအချို့"
မိမိ ရဲ့အင်္ဂလိပ်စာအရည်အသွေးကောင်းမွန်ဖို့အတွက် က အင်္ဂလိပ် ဝေါဟာရကြွယ်ဝဖို့ကလည်း အရေးကြီးတဲ့ အချက်ပါပဲ။ Oxford တက္ကသိုလ်ရဲ့ အင်္ဂလိပ် အဘိဓာန်မှာတော့ အင်္ဂလိပ် ဝေါဟာရပေါင်း ခြောက်သိန်းကျော်ရှိတယ်လို့ဖော်ပြထားပါတယ်။
အင်္ဂလိပ် ဝေါဟာရကြွယ်ဝလေလေ အင်္ဂလိပ် Communication အတွက် ပိုကောင်းကောင်းလေလေ လို့ပြောလို့ရပေမယ့် အင်္ဂလိပ် ဝေါဟာအသစ်တွေ ကို သိဖို့ အတွက် ဟာလည်း လွယ်ကူတဲ့ အရာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အဲ့ဒီအတွက် စိတ်မပူပါနဲ့ အင်္ဂလိပ် ဝေါဟာရတိုးတက်ဖိုကအတွက် နည်း လမ်းတွေ အများကြီးရှိပါတယ်။ တကယ်လို့ သင်ဟာအင်္ဂလိပ်ဝေါဟာရကြွယ်ဝလာမယ်ဆိုရင် စကားလုံးတွေရဲ့ အဓိပ္ပယ်တွေပိုသိလာမယ်၊ စာလုံးပေါင်းသက်ပုံတွေ အရင်ကထက် ပိုမှန်လာမယ်၊ အသံထွက်တွေ ပိုအားကောင်းလာမယ်၊ စကားလုံးတွေကို မှန်ကန်စွာ အသုံးပြု လာနိုင်မှာဖြစ်ပါတယ်။
ဒါကြောင့် အင်္ဂလိပ်ဝေါဟာ ကြွယ်ဝ တိုးတက်လာစေဖို့ အထောက်အကူပြုစေမယ်နည်းလမ်းလေးတွေကိုဖော်ပြပေးလိုက်ပါတယ်။
- သင်ဟာတကယ်လို့ သင်မသိတဲ့ စကားလုံးတစ်လုံးနဲ့ကြုံလာရတဲ့အခါ အဲ့ဒိစာလုံးရဲ့ အဓိပါ္ပယ်ကို အရင်ဆုံးသိအောင်ကြိုးစားပါ။ ချရေးထားပါ။ ကိုယ်နဲ့ စိမ်းနေတဲ့ စကားလုံးတွေကို Note Book မှာမှတ်သားထားစေချင်ပါတယ်။ အင်္ဂလိပ် ဝေါဟာရစကားလုံးတွေကလည်း လှည့်စားတတ်တဲ့ အရာတွေဖြစ်ပါတယ်။
ပြီးရင်အလွတ်ကျက်ပါ။ ငါမသိတဲ့ စကားလုံးကြီးဆိုပြီး ကျော်သွားဖို့လုံးဝ စိတ်မကူပါနဲ့။ အဲ့လိုဆို သင်ဘယ်တော့မှာ အင်္ဂလိပ်ဝေါဟာရ အတွက် တိုးတက်မှုရှိမှာမဟုတ်ပါဘူး။
ဒါကြောင့် dictionary ဆောင်ထားပါ၊ google translate အသုံးပြုပါ။ အသုံးဝင်မယ့် Online အဘိဓာန်တချို့ကိုဖော်ပြပေးလိုက်ပါတယ်………..
Opdome - အသံထွက် (အမေရိကန်ဝဲ) ဖြင့်အစပြုသူများအတွက်အခြေခံအဘိဓာန်ဖြစ်ပါတယ်။
Urban Dictionary - အဆင့်မြင့်သင်ယူသူများ၊ ဘန်းစကားများနှင့်စကားများပြောခြင်းအတွက် အရမ်းအသုံးဝင်တဲ့ အဘိဓာန်တစ်ခုလည်းဖြစ်ပါတယ်။
- နောက်တချက်ကတောာ့အသုံးပြုပုံတွေပါ။ ကိုယ့်နဲ့ မရင်းနှီးတဲ့ စကားလုံးတွေ တွေ့တာနဲ့ အပေါ်မှာပြောခဲ့ သလိုပဲ အဓိပ္ပါယ်ရှာ၊ Note Book မှာမှတ်ပြီး ရင် ..အဲ့ဒီစကားလုံးကို adi, obj, rej, sub, inj တို့ အဖြစ်နဲ့လည်း ဘယ်လို အသုံးပြုလို့ရနိုင်လဲဆိုတာကို လေ့လာပါ။
ဒီစကားလုံးနဲ့ ပတ်သက်ပြီး ဖော်ပြလို့ရတဲ့ အရာတွေ ဒါမှမဟုတ် အသုံးပြုလို့ရနိုင်တဲ့ idioms တွေကိုပါရှာဖွေလေ့လာပါ။ ပြီးရင် Note book မှာပဲ သေချာမှတ်သားထားပြီး ပြန်လည်လေ့လာပါ။
ဥပမာ..
Beauty (Noun)
Beautiful ( adjective)
Beautifully (adverb)
Beautiful (verb) ..အစရှိသဖြင့်ပေါ့။ Beautician, beauty mark, beauty contest, beauty queen, beauty sleep.
- နောက်ဆုံးတစ်ချက်ကတော့ labels card လေးတွေ အသုံးပြုဖို့ပါပဲ။ ဘယ်လိုအသုံးပြုရမလဲဆိုတော့ သင် note book မှာ မှတ်သားထားတဲ့ စကားလုံး အသစ်တွေကို labels card တစ်ခုချင်းဆီမှာ တစ်လုံးချင်းလိုက်ရေးပါ။ Labels card ရဲ့ အရှေ့မှာ စာလုံးကိုရေးပြီး၊ နောက်မှာ စကားလုံးရဲ့ အဓိပ္ပါယ်နဲ့ သူ့ကိုအသုံးပြုလို့ရတဲ့ စာကြောင်းအချို့ကိုရေးထားပါ။
ဥပမာ - book ဆိုရင်.. My hobby is reading books. I have many books. Why do you like books so much? အစရှိသဖြင့်ပေါ့။ အဲ့လိုလေးတွေရေးပြီး.. သင့်ပတ်ဝန်းကျင်မှာ ပစ္စည်းလေးတွေမှာ ကပ်ထားပေးပါ။ Book ဆုရင် စာအုပ်မှာကပ်၊ Table ဆိုရင် စားပွဲမှာကပ်ပေါ့။ ဒါက ဥပမာအနေနဲ့ မျက်လုံးထဲမြင်သာလာအောင်ပြောပြတာပါ။
ကျွန်တော်အပေါ်မှာပြောခဲ့တဲ့ အချက်လေးတွေ ဟာ သင့်ရဲ့ အင်္ဂလိပ်ဝေါဟာရ တိုးတက် လာဖို့အတွက် အထောက်အကူဖြစ်စေလိမ့်မယ်လို့မျော်လင့်မိပါတယ်။