Conditional tenses ကို ဖြစ်လာနိုင်တဲ့ အခြေအနေနဲ့ ဖြစ်သွားနိုင်တဲ့ ခြားနားတဲ့ အခြေအနေတွေမှာ အသုံ ပြုပါတယ်။
“if” clause (condition), “main” clause (result)
conditional ပုံစံလေးလေးမျိုးရှိပါတယ်။ အဲ့ဒါတွေကတော့…
(၁) Zero Conditional
Zero conditional ကိုတော့ အမြဲတမ်းဖြစ်ပျက်လေ့ရှိတဲ့ အခြေအနေတွေ၊ အမြဲတမ်းမှန်ကန်နေတဲ့ အကြောင်းအရာတွေကို ဖော်ပြတဲ့ အခါ အသုံးပြုပါတယ်။
Formula: if clause (condition) ကို present simple tense သုံးပြီး main clause (result) ကိုလည်း present simple ပဲ အသုံးပြုပါတယ်။
ဥပမာ..
If it rain, the ground gets wet. (မိုးရွာရင် မြေကြီးတွေ ရေဆိုမယ်)
If you heat ice, it becomes water. (ရေခဲကို အပူပေးရင် ရေဖြစ်သွားမယ်)
(၂) First Conditional
First conditional ကိုတော့ conditional type 1 လို့လဲခေါ်ကြပါတယ်။ ဘယ်လိုအခြေအနေတွေကိုဖော်ပြတဲ့ အခါမှာအသုံးပြုလဲဆိုတော့ အနာဂါတ်မှာဖြစ်လာနိုင်ခြေရှိတဲ့ အခြေအနေတွေမှာအသုံးပြုပါတယ်။
Formula : if clause (conditional) ကို present simple သုံးပြီး main clause ( result) ကိုတော့ future simple သုံးပါတယ်။
ဥပမာ…
If he miss his bus, he work to work. (တကယ်လို သူစီးနေကျ bus ကားကိုမမှီရင် အလုပ်ကို လမ်းလျောက်သွားရလိမ့်မယ်)
If it rains, she won’t go for a walk. (မိုးတွေရွာနေရင်တော့ သူမလမ်းလျောက်ပြီးသွားမှာမဟုတ်ဘူး)
(၃) Second Conditional
Conditional type 2 လို့လဲပြောလို့ရပါတယ်။ Second conditional ကိုတော့ မသေချာတဲ့ အခြေအနေ.. အနာဂါတ်မှာလည်း ဖြစ်မလာတဲ့ အကြောင်းအရာတွေကိုဖော်ပြရမှာ အသုံးပြုပါတယ်။
Formula : if clause (conditional) ကို past simple သုံးပြီး main clause (result) ကို would + infinitive နဲ့ သုံးပါတယ်။
ဥပမာ…
If she sang better she would go on X Factor. (သူမသာ ဒီထက်ပိုကောင်းအောင် သီဆိုခဲ့ရင် X factor မှာ ဝင်ပြိုင်ခွင့်ရလိမ့်မယ်)
If I was slimmer I would wear this outfit. (ငါသာ ပိန်ပိန်လေးဆို ဒီဝတ်စုံကိုဝတ်တယ်) ပြောချင်တာက သူက ဝတုတ်ကြီးပေါ့။
(၄) Third Conditional
Type 3 conditional လို့လဲခေါ်ကြပါတယ်။ Third conditional ကိုတော့ အတိတ်မှာပြုလုပ်ခဲ့တဲ့ အကြောင်းအရာတွေ ကြောင့် အနာဂါတ်မှာလည်း လုံးဝဖြစ်မလာနိုင်တော့တဲ့ အကြောင်းအရတွေကို ဖော်ပြတဲ့ အခါသုံးပါတယ်။ ပြောရမယ်ဆိုရင် နောင်တ တွေကို ပြေတဲ့ အခါမှာသုံးပါတယ်။
Formula : if clause (condition) ကို past perfect နဲ့သုံးပြီး main clause (result) ကို would+ have+ past participle နဲ့သုံးပါတယ်။
ဥပမာ..
If I had studied more I would have passed the exam. (တကယ်လို့ ငါသာ စာတွေဒီထက်လုပ်ခဲ့ရင် စာမေးပွဲအောင်မှာ) အခုတော့ စာမေးပွဲ ကျတယ်ပေါ့။
အခုဖော်ပြပေးခဲ့တာကတော့ အားလုံးအတွက် အသုံးဝင်မယ့် Conditional Tense အသုံးလေးတွေပဲဖြစ်ပါတယ်။
ဂျပန် ဘာသာစကား သင်ကြားပေးသော Guide ဆရာ၊ ဆရာမများ >>> https://www.sayar.com.mm/subjects/all-teachers/subject-219.html