×

Warning

JUser: :_load: Unable to load user with ID: 81428


Language

Monday, 07 December 2020

ဘာကြောင့် Second Language ကို လေ့လာထားသင့်တာပါလဲ???

ဘာကြောင့် Second Language ကို လေ့လာထားသင့်တာပါလဲ???

“သူငယ်ချင်းရေ ငါ တရုတ်စာသင်နေတယ်သိလား၊ Eng လည်း IS ဖြေဖို့ကြိုးစားနေတာ ၊ နင်ရော” လို့ မေးလာတဲ့အခါ ပါးစပ်အဟောင်းသားနဲ့ ပြောစရာစကားမရှိ ဖြစ်ဖူးလား?

မလိုပါဘူး ဒီခေတ်ကြီးမှာ ဘာသာပြန်ပေးတဲ့ Application တွေရှိနေတာပဲ လို့ တွေးထင်နေရင်တော့ သင်မှားနေပါပြီ။

 

ခေတ်က အရှိန်အဟုန်နဲ့ ပြေးလာလေ ကိုယ့်အနေနဲ့ တတ်ထားရမဲ့ပညာတွေ များလာလေဖြစ်ပါတယ်။ အခုလို ကမ္ဘာကြီးက ရွာတစ်ရွာဖြစ်လာတဲ့အခါ ဆက်သွယ်ရေးကြားခံဖြစ်တဲ့ ဘာသာစကားတစ်ခု အပိုတတ်ကိုတတ်ထားသင့်ပါတယ်။ ဒါဆို ဘာလို့ 2nd Language ( ဒုတိယဘာသာစကား ) တတ်မြောက်ထားဖို့ လိုအပ်တာပါလဲ??

 

( ၁ ) အချင်းချင်း ဆက်သွယ်ပြောဆိုနိုင်ပါတယ်။
လူမှုအဖွဲ့အစည်း မှာ ရှင်သန်နေထိုင်နေသရွေ့တော့ တစ်ဦးနှင့်တစ်ဦးအမြဲဆက်သွယ်ပြောဆိုနေရမှာဖြစ်ပါတယ်။ ကမ္ဘာပေါ်ကနိုင်ငံအသီးသီးက ကူးလူးဆက်သွယ်ရေးတွေများလာတာနဲ့အမျှ အခွင့်အရေးကောင်းတွေလည်းပေါ်ပေါက်လာစမြဲပါ။ ဒီလိုအခွင့်အရေးတွေရဖို့အတွက် ဒုတိယဘာသာစကားတတ်ထားဖို့လိုအပ်ပါတယ်။

 

( ၂ ) သင့်ရဲ့ Career ကို အဆင့်မြင့်ပေးပါတယ်။
ဘာသာစကားကျွမ်းကျင်မှုက လုပ်ငန်းခွင်မှာတကယ့်ကိုလိုအပ်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ စစ်တမ်းတွေအရ ၇၅ ရာခိုင်နှုန်းသော လုပ်ငန်းရှင်တွေက ဘာသာစကား ( ၂ ) မျိုး ( ၃ ) မျိုးပြောတတ်တဲ့ ဝန်ထမ်းတွေကိုလိုလားကြပါတယ်။ လုပ်ငန်းဈေးကွက်ချဲ့တဲ့အခါ မတူညီတဲ့ Customer တွေနဲ့ ပြောဆိုဆက်ဆံဖို့အတွက် အသုံးလိုတာကြောင့် လုပ်ငန်းရှင်တွေက ဘာသာစကားကျွမ်းကျင်မှုကို မြတ်နိုးကြပါတယ်။

 

( ၃ ) သင့်ရဲ့မှတ်ဉာဏ်ကိုပိုကောင်းစေပါတယ်။
ဘာသာစကားသင်တဲ့လူတွေက ပိုပြီးမှတ်ဉာဏ်အားကောင်းတယ်ဆိုတာ ငြင်းဖို့မလိုတဲ့အမှန်တရားတစ်ခုပါ။ ဘာသာစကားတစ်မျိုးထက်ပိုပြောတတ်တဲ့ လူတစ်ယောက် က Problem Solving ကောင်းသလို ခွဲခြမ်းစိတ်ဖြာတွေးတောနိုင်စွမ်းလည်းမြင့်ပါတယ်တဲ့။ ဒါ့အပြင် Multitasking Skill လည်း ကောင်းတယ်လို့ လည်း ဆိုကြပါတယ်။

 

ဒါဆို သင့်ရဲ့ Career Life ကို တိုးတက်စေဖို့ ဒုတိယဘာသာစကားတစ်ခုခုတက်လိုက်တော့နော်။

 

>>> ဘာသာစကား သင်ကြားပေးနေသော ဆရာ၊ ဆရာမများကို ရှာဖွေလိုပါလျှင် - https://www.sayar.com.mm/subjects.html - Link အောက်ရှိ Language ဆိုသည့် ခေါင်းစဉ်အောက်တွင် ရှာဖွေနိုင်ပါသည် <<<

 

 

 




 


 


 


 


 


 


Read times Last modified on Tuesday, 08 December 2020 11:16
Rate this articles
(0 votes)