Acquainted (adjective) မ်က္မွန္းတန္းမိရံု ဆက္ဆံေရး
If two people are acquainted, they know each other, usually not very well
တစ္ေယာက္နဲ႕တစ္ေယာက္ျမင္ပါမ်ားေတာ့ သိေနၾကတယ္။ မိတ္ျဖစ္ေဆြျဖစ္စကား အနည္းအပါး ေျပာဖူးတယ္။ ဒါေပမယ့္ တစ္ေယာက္အေၾကာင္းတစ္ေယာက္ ေကာင္းေကာင္းမသိၾကသူေတြ။
Arm’s-length (adjective) ပုဝါတစ္ကမ္း လက္တစ္လွမ္းဆက္ဆံေရး
Used for describing something such as a business deal in which the different sides avoid having a close relationship with each other
စီးပြါးေရး ကိစၥေတြအတူတြဲလုပ္ရတဲ့အဖြဲ႔အစည္းႏွစ္ခုက လူေတြ တစ္ေယာက္နဲ႕တစ္ေယာက္ အရမ္းရင္းႏွးမသြားေအာင္ စည္းတားထားတဲ့သေဘာ ျဖစ္ပါတယ္။
Recommended for you - အဆင့္အတန္းရွိတဲ့ လူတန္းစား
Brittle (adjective) အထိမခံေရႊပန္းကန္ ဆက္ဆံေရး
A brittle relationship or situation is not very strong and could easily be damaged
Brittle ဆိုတာက ၾကြပ္ဆတ္တာ။ ေၾကကြဲလြယ္တာကို ေခၚတယ္။ လူႏွစ္ဦးဆက္ဆံေရးက အလြယ္တကူ ပ်က္စီးသြားနိုင္တယ္။ အမွားမခံဘူးဆိုတဲ့ အေျခအေနမ်ိဳး ျဖစ္ပါတယ္။
Broken (adjective) က်ိဳးပ်က္သြားတဲ့ ဆက္ဆံေရး
A broken relationship has failed
တစ္ေယာက္နဲ႕တစ္ေယာက္ ျပတ္ဆဲသြားၾကျပီ။ ေရွ့ဆက္ေပါင္းဖို႔ မျဖစ္နိုင္ေတာ့ဘူး လမ္းစမရွိေတာ့တဲ့ အေျခအေနမ်ိဳးျဖစ္တယ္။
Brotherly (adjective) ညီအစ္ကို ဆက္ဆံေရး
Typical of the feelings that a man or boy has for his male friends
သူငယ္ခ်င္းႏွစ္ေယာက္အရမ္းခင္ၾကတဲ့အခါ ညီအစ္ကုိအရင္းေတြလိုမ်ိဳး စာလည္း အတူ၊ သြားလည္း အတူ ဆိုးတူေကာင္းဖက္ ခင္တဲ့ အေျခအေနမ်ိဳး ျဖစ္ပါတယ္။
Recommended for you - သရဲေၾကာက္တတ္သူမ်ားအတြက္ နည္းလမ္းေကာင္းမ်ား
Chummy (adjective)
Chummy people are friendly with each other, especially in a way that stops other people from joining the group
သူငယ္ခ်င္းႏွစ္ေယာက္အရမ္း ရင္းႏွီးတဲ့အခါ သူတို႔ႏွစ္ေယာက္ၾကားကို တစ္ျခားလူတစ္ေယာက္ဝင္ဖို႔ မလြယ္ေလာက္ေအာင္ နီးကပ္တတ္ပါတယ္။ ဒီလို ဆက္ဆံေရးမ်ိဳးကို chummy လို႔ေခၚပါတယ္။
Clannish (adjective) မ်ိဳးႏြယ္စု ဆက္ဆံေရး
Concentrating on people in your own family or group and not waiting other people to join it
ကိုယ့္မိသားစု၊ ကိုယ့္သူငယ္ခ်င္းအုပ္စု ကေလးနဲ႔ပဲ သီးျခားေနခ်င္ျပီး တစ္စိမ္းလူေတြ ဝင္လာတာကို မလိုလားတဲ့ ပံုစံမ်ိဳး ျဖစ္ပါတယ္။ မ်ိဳးႏြယ္စု၊ ရိုးရာတူလူစု clan ဆိုတဲ့ စကားက လာပါတယ္။
Close (adjective) ရင္းႏွီးေသာ နီးကပ္ေသာ ဆက္ဆံေရး
Connected by shared interests and shared feelings such as love and respect used about relationships
Directly involved with someone and communicating with them a lot, especially as part of your job
တစ္ေယာက္နဲ႔တစ္ေယာက္ စိတ္ဝင္စားတာခ်င္းတူမယ္၊ အၾကိဳက္ခ်င္းတူမယ္၊ တန္ဖိုးထားတာခ်င္းတူမယ္။ မၾကာခဏေတြ႔ဆံု စကားေျပာမယ္ ဒီလိုဆက္ဆံေရးမ်ိဳးက နီးကပ္တဲ့ ဆက္ဆံေရးျဖစ္ပါတယ္။
Credit; zar ni (My Way!)
Source; Myanmar-network.net
[Unicode Version]
Acquainted (adjective) မျက်မှန်းတန်းမိရုံ ဆက်ဆံရေး
If two people are acquainted, they know each other, usually not very well
တစ်ယောက်နဲ့တစ်ယောက်မြင်ပါများတော့ သိနေကြတယ်။ မိတ်ဖြစ်ဆွေဖြစ်စကား အနည်းအပါး ပြောဖူးတယ်။ ဒါပေမယ့် တစ်ယောက်အကြောင်းတစ်ယောက် ကောင်းကောင်းမသိကြသူတွေ။
Arm’s-length (adjective) ပုဝါတစ်ကမ်း လက်တစ်လှမ်းဆက်ဆံရေး
Used for describing something such as a business deal in which the different sides avoid having a close relationship with each other
စီးပွါးရေး ကိစ္စတွေအတူတွဲလုပ်ရတဲ့အဖွဲ့အစည်းနှစ်ခုက လူတွေ တစ်ယောက်နဲ့တစ်ယောက် အရမ်းရင်းနှးမသွားအောင် စည်းတားထားတဲ့သဘော ဖြစ်ပါတယ်။
Recommended for you - အဆင့်အတန်းရှိတဲ့ လူတန်းစား
Brittle (adjective) အထိမခံရွှေပန်းကန် ဆက်ဆံရေး
A brittle relationship or situation is not very strong and could easily be damaged
Brittle ဆိုတာက ကြွပ်ဆတ်တာ။ ကြေကွဲလွယ်တာကို ခေါ်တယ်။ လူနှစ်ဦးဆက်ဆံရေးက အလွယ်တကူ ပျက်စီးသွားနိုင်တယ်။ အမှားမခံဘူးဆိုတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။
Broken (adjective) ကျိုးပျက်သွားတဲ့ ဆက်ဆံရေး
A broken relationship has failed
တစ်ယောက်နဲ့တစ်ယောက် ပြတ်ဆဲသွားကြပြီ။ ရှေ့ဆက်ပေါင်းဖို့ မဖြစ်နိုင်တော့ဘူး လမ်းစမရှိတော့တဲ့ အခြေအနေမျိုးဖြစ်တယ်။
Brotherly (adjective) ညီအစ်ကို ဆက်ဆံရေး
Typical of the feelings that a man or boy has for his male friends
သူငယ်ချင်းနှစ်ယောက်အရမ်းခင်ကြတဲ့အခါ ညီအစ်ကိုအရင်းတွေလိုမျိုး စာလည်း အတူ၊ သွားလည်း အတူ ဆိုးတူကောင်းဖက် ခင်တဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။
Recommended for you - သရဲကြောက်တတ်သူများအတွက် နည်းလမ်းကောင်းများ
Chummy (adjective)
Chummy people are friendly with each other, especially in a way that stops other people from joining the group
သူငယ်ချင်းနှစ်ယောက်အရမ်း ရင်းနှီးတဲ့အခါ သူတို့နှစ်ယောက်ကြားကို တစ်ခြားလူတစ်ယောက်ဝင်ဖို့ မလွယ်လောက်အောင် နီးကပ်တတ်ပါတယ်။ ဒီလို ဆက်ဆံရေးမျိုးကို chummy လို့ခေါ်ပါတယ်။
Clannish (adjective) မျိုးနွယ်စု ဆက်ဆံရေး
Concentrating on people in your own family or group and not waiting other people to join it
ကိုယ့်မိသားစု၊ ကိုယ့်သူငယ်ချင်းအုပ်စု ကလေးနဲ့ပဲ သီးခြားနေချင်ပြီး တစ်စိမ်းလူတွေ ဝင်လာတာကို မလိုလားတဲ့ ပုံစံမျိုး ဖြစ်ပါတယ်။ မျိုးနွယ်စု၊ ရိုးရာတူလူစု clan ဆိုတဲ့ စကားက လာပါတယ်။
Close (adjective) ရင်းနှီးသော နီးကပ်သော ဆက်ဆံရေး
Connected by shared interests and shared feelings such as love and respect used about relationships
Directly involved with someone and communicating with them a lot, especially as part of your job
တစ်ယောက်နဲ့တစ်ယောက် စိတ်ဝင်စားတာချင်းတူမယ်၊ အကြိုက်ချင်းတူမယ်၊ တန်ဖိုးထားတာချင်းတူမယ်။ မကြာခဏတွေ့ဆုံ စကားပြောမယ် ဒီလိုဆက်ဆံရေးမျိုးက နီးကပ်တဲ့ ဆက်ဆံရေးဖြစ်ပါတယ်။
Credit; zar ni (My Way!)
Source; Myanmar-network.net