သင့်ဘဝတွင် လူတွေကို ဘယ်နှခါလောက် ပြုံးပြဖူးပါသလဲ?
အမြဲတမ်းပြုံးပြဖူးပါသလား၊ တွေ့သမျှလူတိုင်းကို ပြုံးပြဖူးပါသလား?
အပြုံးဟာ လူမှုဆက်ဆံရေးမှာ အောင်မြင်နိုင်ဆုံး လက်နက်တစ်ခုပါ။
ဒါပေမယ့် တွေ့သမျှ လူတိုင်းကို ပြုံးပြဖို့ဆိုတာ မလွယ်ပါဘူး။
ကိုယ်သိတဲ့လူတွေကိုတောင် အမြဲပြုံးပြဖို့ဆိုတာ မလွယ်ပါဘူး။
မလွယ်ပေမယ့် ပြုံးပြပါ။ ပြုံးပြဖို့၊ ပြုံးပြနိုင်ဖို့ ကြိုးစားရပါမယ်။
ဘယ်လိုစိတ်မျိုး၊ အနေအထားမျိုး ဖြစ်နေပါစေ ပြုံးပြဖို့ မမေ့ပါနဲ့။
ကိုယ့်အပြုံးကြောင့် တစ်ဖက်လူ စိတ်ကျေနပ်သွားမယ်ဆိုရင်လည်း ကိုယ့်လုပ်ငန်း အဆင်ပြေမယ့် အခြေအနေပါပဲ။
အမြဲပြုံးတတ်သူမို့ ချစ်သူ ခင်သူ ပေါလာတဲ့အတွက် မိမိဘာလုပ်လုပ် ကူညီချင်သူတွေ ပေါလာမှာပါ။
ဒါဟာ မိမိအလုပ်ရဲ့ အောင်မြင်မှုပါ။
ပြုံးခြင်းဟာ တစ်ဖက်သား စိတ်ချမ်းမြေ့စရာ အပြုအမူ ဖြစ်တဲ့အတွက် အပေါဆုံးနဲ့ အကောင်းဆုံး၊ အခမဲ့ ရနိုင်တဲ့ လူမှုဆက်ဆံရေး လက်နက်တစ်ခုပါ။
သင်အမြဲပြုံးပါ၊ ကျွန်ုပ်လည်း အမြဲပြုံးနေပါ့မယ်။
ယခု ဒီစာဖတ်နေတဲ့ သင်လည်း ပြုံးလိုက်ပါ...
Recommended for you - သင့်ရဲ့စိုးရိမ်ကြောင့်ကြပူပန်မှုတွေကို ပိုပြီးအားကောင်းလာနေစေတဲ့ အလေ့အထများ
Recommended for you - ရန်ကုန်တက္ကသိုလ် တွင် အလှကုန်လုပ်ငန်းအတတ်ပညာသင်တန်း ဖွင့်မည်
Credit; သျှီ...(တမာမြေ)