ယနေ့ခေတ်မှာ လူတွေဟာ သူတို့ရဲ့ သက်တမ်းတစ်လျှောက်မှာ အသက်မွေးဝမ်းကြောင်း ပြောင်းလဲမှု (၄) ကြိမ်ခန့် ပြုလုပ်ချင်ကြတယ် လို့ ဆိုပါတယ်။
ဒါပေမယ့် ကျွန်မတို့ရဲ့ ပညာရေး စနစ်ဟာ အဲလိုပြောင်းလဲမှုတွေ လုပ်ဖို့ ကြိုတင်မပြင်ဆင်ပေးခဲ့ပါဘူး။ သင်ကော သင့်ရဲ့ အသက်မွေးဝမ်းကြောင်းမှုကို ထိန်းချုပ်ဖို့နဲ့ အသစ်အသစ်သော ကျွမ်းကျင်မှုများကို တိုးတက်အောင်ပြုလုပ်ဖို့အတွက် သင့်ရဲ့ရွေးချယ်မှုများကို ဘယ်လိုမျိုး စူးစမ်းရှာဖွေ မှာပါလဲ ? Satu Kreula က ထိပ်တန်းအကြံပေးချက် (၁၀) ချက်ကို ယခုလို ပြောကြားထားပါတယ်။
(၁) သင့်အိမ်မက်တွေနဲ့ စိတ်အားတက်ကြွမှုတွေကို ရှင်သန်နေအောင် ထိန်းသိမ်းထားပါ
ကျွန်မတို့ အများစူဟာ အသက်ကြီးလာတာနဲ့အမျှ အိမ်မက်တွေနဲ့ စိတ်အားတက်ကြွမှုတွေကို အားလျော့လိုက်လေ့ရှိပါတယ်။
ကျွန်မတို့ ဟာ ကလေးဘဝတစ်လျှောက်လုံးမှာ အဲဒီအရာတွေကို ငယ်ရွယ်နုနယ်တဲ့ အိမ်မက်တွေအဖြစ် သို့မဟုတ် အဓိပ္ပါယ်မရှိတဲ့ အရာတွေ အဖြစ် ဘေးဖယ်ထားတတ်ကြပါတယ်။
အမှန်တော့ မဟုတ်ပါဘူး။ ဒါတွေဟာ သင်တို့ရဲ့ အခြေခံကျတဲ့နှစ်သက်မြတ်နိုးမှုတွေကို ကိုယ်စားပြု ဖော်ပြနေတာပဲ ဖြစ်ပါတယ်။ သူတို့ကို ဘေးမှာဖယ်မထားသင့်ပါဘူး။ အိမ်မက်တွေနဲ့ စိတ်တက်ကြွမှုတွေကို ခံစားကြည့်ပြီး သူတို့နဲ့အတူ အသက်ရှင်နေထိုင်ကြည့်ပါ။
(၂) သင့်ရဲ့ ကျွမ်းကျင်မှုနဲ့ ပင်ကိုယ်စွမ်းရည်ကို သိပါ
သင်သာ သင့်ရဲ့ ကျွမ်းကျင်မှုနဲ့ ပင်ကိုယ်စွမ်းရည်ကို မသိဘူးဆိုရင် ဘယ်သူကသိအုံးမှာပါလဲ? အမျိုးမျိုးသော နယ်ပယ်အသီး
သီးမှာရှိတဲ့ သင့်ရဲ့ ကျွမ်းကျင်မှုတွေနဲ့ ပင်ကိုယ်စွမ်းရည်တွေကို အဆက်မပြတ် သတိပြုထားပါ။
ထို့အပြင် သင့်မှာမရှိပေမယ့်လည်း သင်နှစ်သက်မယ် လို့ ယူဆတဲ့ ကျွမ်းကျင်မှုတွေကို တိုးတက်အောင် ပြုလုပ်ပါ။
(၃) မိမိကိုယ်ကို သတိထားပါ
မိမိရဲ့ အားနည်းချက် အားသာချက်တွေကို သိပြီး မိမိကိုယ်ကို ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ရှုမြင်သုံးသပ်ပါ။
ကျွန်မတို့အားလုံးမှာ ဖွံဖြိုးတိုးတက်ဖို့အတွက် အခန်းတစ်ခန်းရှိပါတယ်။ အချို့သော အထောက်အပံ့တွေ ရရှိဖို့အတွက် ဘယ်နေရာမှာ အသုံးချပါသလဲ? အဲဒီ အပေါ်မှာရော ဘယ်လိုတုန့်ပြန်မှုတွေ ရရှိပါသလဲ?
(၄) အခြားသော လူတွေဘာလုပ်နေလဲဆိုတာ သိဖို့အတွက် လူအများနဲ့ စကားပြောကြည့်ပါ
သင့်ရဲ့ကိုယ်ပိုင်ရွေးချယ်ခွင့်ကို ရှင်းလင်းအောင် ထိန်းသိမ်းထားပါ။ ကျွန်မတို့တစ်တွေကို အံ့သြဖွယ်ကောင်းတဲ့ သယံဇာတ အရင်းအမြစ်များက ဝန်းရံထားကြပါတယ်။
လူတိုင်းလူတိုင်းမှာ ကျွန်မတို့ ကြုံတွေ့ခဲ့သလိုပဲ တူညီတဲ့ ဒုက္ခတွေနဲ့ အခက်အခဲတွေကို ရှိမယ်လို့ ကျွန်မတို့တွေမကြာခဏ ယူဆလေ့ ရှိကြပါတယ်။
အဲဒီ ထင်မြင် ယူဆချက်ကို စမ်းသပ်ကြည့်ဖို့အတွက် လူတွေကို ရှာဖွေပြီး သူတို့ဘာတွေလုပ်ဆောင်နေတယ်၊ ဘယ်လိုလုပ်ဆောင် နေတယ်ဆိုတာကို အမှန်တကယ် ရှာဖွေကြည့်ပါ။ သင့်ရဲ့  ရွေးချယ်မှုနဲ့ သင့်ရဲ့ စိတ်ကိုတော့ ရှင်းရှင်းလင်းလင်း ထား
ရှိပေးထားဖို့တော့ လိုအပ်ပါတယ်။
(၅) အမျိုးမျိုးသော စာအုပ်များနှင့် မဂ္ဂဇင်းများကို ဖတ်ရှုပါ
ဒါဟာ အထက်ပါ အချက် (၄) မှာ ပြောခဲ့သလိုပါပဲ။ ဘာတွေဖြစ်နိုင်ပါသလဲ? အခြားသူတွေကော ဘာတွေလုပ်ခဲ့ပါသလဲ? သူ
တို့တွေ ဘယ်လို အတားအဆီးတွေနဲ့ ကြုံတွေ့ခဲ့ပါသလဲ? အဲဒီအရာတွေကို သူတို့ဘယ်လို ကျော်ဖြတ်ခဲ့ပါသလဲ? အတ္ထုပ္ပတ္တိ
များနှင့် ကောင်းမွန် သော ဝတ္ထုများဟာ ဥာဏ်ကွန့်မြူးဖို့အတွက် အကောင်းဆုံး သတင်းရင်းမြစ်များပဲ ဖြစ်ပါတယ်။
(၆) သင်တန်းများနှင့် ဆွေးနွေးပွဲများ တက်ရောက်ပါ
သင်ဘာကို စိတ်ဝင်စားပါသလဲ? ဒါမှမဟုတ် သင်အမြဲတမ်း မည်သည့် အရာကို ကြိုးစားလေ့လာလိုပါသလဲ? သင့်ဘဝအတွ
က် မည်သည့် ကျွှမ်းကျင်မှုများက သင့်အတွက် အကျိုးရှိစေပါသလဲ? အကြောင်းအရာ အဖြစ်အပျက် အများစုဟာ ကျွန်မ
တို့ဘဝ အစိတ် အပိုင်း အားလုံးကို ပြောင်းလဲပေးနိုင်ပါသလား? သင်ဘာတွေကို လေ့လာနိုင်ပါသလဲ?
(၇) သင့်ကိုယ်သင် ကိုယ်ရေးနည်းပြအဖြစ် ထားရှိပါ
အကယ်၍ သင်အခက်အခဲတွေနဲ့ ကြုံတွေ့နေရတဲ့ အချိန်မှာ သင့်ကိုယ်ပိုင် အရည်အချင်းတွေကို အသုံးပြုနိုင်ဖို့အတွက် သင့်
ကိုယ်သင် ကိုယ်ရေးနည်းပြအဖြစ် ထားရှိခြင်းဟာ ကောင်းမွန်တဲ့နည်းလမ်းတစ်ခု ဖြစ်ပါတယ်။
(၈) အခြားဘက်ကမြက်ပင်တွေဘယ်လိုစိမ်းနေလဲဆိုတာသိအောင် စုံစမ်းထောက်လှမ်းပါ
လူကြိုက်များတဲ့ ရွေးချယ်မှု တိုးတက်လာခြင်း – မိတ်ဆွေသူငယ်ချင်းများ (သို့မဟုတ်) အသိအကျွမ်းများမှ တစ်ဆင့် အမျိုး
မျိုးသော အလုပ်အကိုင်များလုပ်ကိုင်နေခြင်းဖြင့် ဘယ်လိုကောင်းကျိုးတွေ ရရှိနိုင်မလဲဆိုတဲ့ နည်းလမ်းများကို ရှာဖွေပါ။
(၉) အတွေ့အကြုံ ရရှိနိုင်ဖို့နဲ့ အဘက်ဘက်မှာ နှံ့စပ်နိုင်ဖို့အတွက် စေတနာ့ဝန်ထမ်း လုပ်ပါ
စေတနာ့ဝန်ထမ်း လုပ်ခြင်းအားဖြင့် အသစ်အသစ်သော ကျွမ်းကျင်မှုများတိုးတက်ဖို့အတွက် အခွင့်အလမ်းများလည်း အမှန်
တကယ် ရရှိလာနိုင်မှာ ဖြစ်ပါတယ်။
(၁၀) မနက်ဖြန်ကို စောင့်မနေဘဲ ယနေ့ပဲ စတင်လိုက်ပါ
သင်ကိုယ်တိုင် ဘာတွေလုပ်နိုင်လဲဆိုတာ သင် အလုပ်ကနေ အနားယူတဲ့အချိန်အထိ သင့်ကိုယ်သင် မရှာဖွေချင်တဲ့အတွက်ကြောင့် ယနေ့ပဲ စတင်လိုက်ပါ။
Source: Myanmar-Network