ကမ္ဘာတဝှမ်းက နိုင်ငံတော်တော်များများမှာ အသက်၆၀အရွယ်တွင် အလုပ်ကနေ အနားယူကြတာများပါတယ်။ အဲဒီအသက်အရွယ်ရောက်တဲ့အထိ သူတို့ရဲ့အလုပ်ခွင်မှာ တစ်ပတ်ကို ၅ရက်-၆ရက်အလုပ်လုပ်ကြရပါတယ်။
ဒါပေမဲ့ အသက်၄၀အရွယ်ရောက်တာနဲ့ အလုပ်ချိန်နည်းသွားမယ်ဆိုရင် သူတို့ရဲ့ အလုပ်လုပ်နိုင်စွမ်းတွေ မြင့်မားလာမှာဖြစ်တယ်လို့ လေ့လာတွေ့ရှိရပါတယ်။
ကမ္ဘာတဝှမ်းက နိုင်ငံတော်တော်များများမှာ အသက်၆၀အရွယ်တွင် အလုပ်ကနေ အနားယူကြတာများပါတယ်။ အဲဒီအသက်အရွယ်ရောက်တဲ့အထိ သူတို့ရဲ့အလုပ်ခွင်မှာ တစ်ပတ်ကို ၅ရက်-၆ရက်အလုပ်လုပ်ကြရပါတယ်။ ဒါပေမဲ့ အသက်၄၀အရွယ်ရောက်တာနဲ့ အလုပ်ချိန်နည်းသွားမယ်ဆိုရင် သူတို့ရဲ့ အလုပ်လုပ်နိုင်စွမ်းတွေ မြင့်မားလာမှာဖြစ်တယ်လို့ လေ့လာတွေ့ရှိရပါတယ်။
သုတေသနပညာရှင်တွေက ပါဝင်ခဲ့သူရဲ့သိမြင်နိုင်စွမ်းတွေကို အများဆုံးစမ်းသပ်ခဲ့တာဖြစ်ပါတယ်။ သူတို့တွေကို ပေးထားတဲ့အချိန်အတွင်းမှာ နံပါတ်တွေနဲ့အက္ခရာစကားလုံးတွေကို တွဲပေးဖို့နဲ့နံပါတ်စာရင်းကို နောက်ကနေပြန်ပြီးရွတ်ပြဖို့အဆင့်ဆင့်စမ်းသပ်ခဲ့တာဖြစ်ပါတယ်။ စမ်းသပ်မှုပြီးသွားတဲ့အခါ သိပ္ပံပညာရှင်တွေက စိတ်ဝင်စားဖွယ်စူးစမ်းလေ့လာမှုတချို့ကို ပြုလုပ်ခဲ့ပါတယ်။
သုတေသနပညာရှင်တွေအရ အသက်၄၀ကျော်တဲ့သူတွေက သိမြင်နိုင်စွမ်းပိုကောင်းပြီး တစ်ပတ်သုံးရက်သာအလုပ်လုပ်တဲ့အခါ ပိုပြီးစွမ်းဆောင်နိုင်ကြပါတယ်။
လေ့လာမှုမှာ ပါဝင်ခဲ့တဲ့ သုတေသနပညာရှင်တွေထဲက တစ်ယောက်ဖြစ်တဲ့ Colin McKenzie က လူတွေယုံကြည်ကြတဲ့အရာတွေနဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ နာရီရှည်ကြီးအလုပ်လုပ်ခြင်းက သတ်မှတ်ထားတဲ့အသက်အရွယ်ရောက်တဲ့နောက်မှာ အရမ်းစွမ်းဆောင်နိုင်မှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ ထိုသုတေသနပညာရှင်ရဲ့ပြောစကားအရ နာရီအကြာကြီး အလုပ်လုပ်ခြင်းက အချိန်အကြာကြီးအလုပ်မလုပ်တာနဲ့ယှဉ်မယ်ဆိုရင် ဦးနှောက်လုပ်ဆောင်ချက်တွေက ပိုပြီးပျက်စီးစေနိုင်ပါတယ်။
စိတ်ဖိစီးမှုနဲ့မောပန်းနွမ်းနယ်ခြင်းက လူတစ်ယောက်ရဲ့စွမ်းဆောင်ရည်ကို သက်ရောက်နိုင်ပါတယ်။ ကျွမ်းကျင်ပညာရှင်တွေရဲ့အဆိုအရ လူတွေက အသက်၄၀ရောက်လာတဲ့အခါ ပိုကောင်းမွန်တဲ့ဘဝကို ဦးဆောင်နိုင်ဖို့အတွက် ပိုပြီး အနားယူသင့်ပါတယ်။
From MM