ဘဝမှာညှိနှိုင်းရအခက်ဆုံးကတော့ ကိုယ်နဲ့ စိတ်သဘောထား မတူညီသူပါပဲ။
စိတ်သဘောထားမတူညီတဲ့ ကိုယ်နဲ့ ကီးလုံးဝမကိုက်တဲ့၊ ကိုယ်နဲ့ လုံးဝမတည့်တဲ့သူတစ်ယောက်နဲ့ ညှိနှိုင်းဆွေးနွေးဖို့ဆိုတာတကယ်မလွယ်တဲ့ ကိစ္စပါ။ ကိုယ့်မိသားစု ထဲမှာပဲဖြစ်ဖြစ် ၊ ကိုယ့်မိတ်တွေ သူငယ် ချင်းထဲမှာဖြစ်ဖြစ်ရှိကျပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဘယ်လိုအဆင်ပြေအောင်နေနေလည်းဆိုတာပြန်စဉ်းစားပါ။ ညှိညှိနှိုင်းနှိုင်းနဲ့ ကိုယ့်ဘက်က အလျာ့ပေးသင့်တာရင်လျော့ပေးပြီးနေ နေ ကျရပါတာပါပဲ။
ကိုယ့်နဲ့ အခုမှသိတဲ့သူ ၊ လုပ်ငန်းကြောင့် အခုမှသိတဲ့ လူတစ်ယောက်ဟာ မိမိနဲ့ သဟဇာတ မဖြစ်နေရင်တော့ ညှိနှိုင်းဖို့လိုအပ်ပါတယ်။ ဒါပေမယ့် ဒီတိုင်းဘာသိဘာသာမနေပဲ ညှိနှိုင်းဖို့ကိုသာစဉ်းစားပါ။
ကိုယ်နဲ့ သဟဇာတမဖြစ်တဲ့ လူတယောက်နဲ့  အဆင်ပြေအောင်ညှိနှိုင်းတဲ့အခါ.....
၁။ မရှောင်ပါနဲ့ 
မျက်နှာချင်းမဆိုင်လိုစိတ်နဲ့ ညှိနှိုင်းဖို့ကို ရှေ့ရွှေ့၊ နောက်ရွှေ့လုပ်နေခဲ့တာတွေ ရပ်တန်းကရပ်လိုက်ပါ။ လုပ်ရမယ့် ကိစ္စကို မြန်မြန် အချိန်မဆိုင်းဘဲ လုပ်စရာရှိတာချက်ချင်းလုပ်ပစ်လိုက်ပါ။ ကိုယ့်ဘက်ကအလျာ့ပေးသင့်ရင်အလျော့ပေြး့ပီး။ တောင်းပန်သင့်ရင်တောင်းပန် လိုက်ပါ။ ဒီအလေ့အထကို ဒီလိုညှိနှိုင်းဆွေးနွေးမှုမျိုးမှ မဟုတ်ပါဘူး။ ဘယ်နေရာမှာမဆိုကျင့်သုံးသင့်ပါတယ်။
၂။ ရသလောက်ညှိနှိုင်းပါ
ရန်သူဆိုမှတော့ သူ့ဘက်ကိုယ့်ဘက် အနိုင်မခံအရှုံးမပေးဘဲ သူနိုင်ကိုယ်နိုင်ချဲကြတော့မယ်ဆိုတာသိပါတယ်။ ဒါပေမယ့် သူဟာကိုယ့်ရန်သူဆိုတာကသပ်သပ်၊ ညှိနှိုင်းဆွေးနွေးမှုကို ပြီးဆုံးအောင် ပြုလုပ်ရမှာကသပ်သပ်ပါ။ ဒီနှစ်ခုကိုရောမထွေးလိုက်ပါနဲ့။ ညှိုနှိုင်းတဲ့ အခါမှာလည်း မိမိ ဘက်က စိတ်ရှည် သည်းခံကို အရမ်းကိုလိုအပ်ပါတယ်။ အဲ့လိုမှမဟုတ်ရင်ရင်တော့ ညှိနှိုင်းလေ ပိုတင်းမာလာလေဖြစ်နေပါလိမ့်မယ်။
၃။ သဘောထားမှန်မှန်ဆက်ဆံပါ
ဘယ်လောက် အတွေးအခေါ် အမြင်တွေမတူပါစေ သဘောထားမှန်မှန် ဆက်ဆံဖို့တော့ လိုပါတယ်။ ရန်သူဆိုတာနဲ့ သူ့ကိုအဆင်မပြေစေမယ့် အကြောင်းအရာတွေပဲ တွေးပြီးလိုက်လုပ်နေလို့တော့ မရပါဘူး။ ဥပမာ.လုပ်ငန်းခွင်ထဲမှာပဲဆိုကျပါစို့  ...လုပ်ငန်းခွင်ထဲက လူတွေအာလုံးနဲ့ စကားပြောပြီး ကိုယ်နဲ့ အဆင်မပြေတဲ့သူကိုတော့ ကွက်ချန် ပြီး စကားမပြောတာတို့ မလုပ်သင့်ပါဘူး။ သဘောထားမှန်မှန် ဆက်ဆံပါ။ လမ်းမှာတွေ့ ရင် အပြုံးနဲ့ နှုတ်ဆက်လိုက်ပါ။
လူ့လောကဆိုတာကိုက မတူတာတွေ အတူတကွ ဖြစ်လာတာပါ။ ဒီစကားလေးကို အမြဲမှတ်သားထားပါ။ လူ့လောကကြီးဟာ မတူတာတွေ လာစုနေကြတာဖြစ်ပါတယ်။ ကိုယ်နဲ့ မတူတိုင်း ကိုယ့်ရန်သူလို့ သတ်မှတ်ကြကြေးဆို လောကကြီးမှာရှိသမျှလူတိုင်းဟာ ကိုယ့်ရန်သူဖြစ်နေတော့မှာပါ။ ဒါကြောင့် ကိုယ်နဲ့ မတူ ရင်ညှိနှိုင်းပါ၊ သူ့ဘက်ကိုယ့်ဘက် မျှတွေးပေးတတ်ဖို့တော့ လိုအပ်ပါလိမ့်မယ်။
Ref; Kwee