မနက်ခင်း စိတ်ဖိစီးမှုမရှိပဲ လန်းဆန်းနေမယ်ဆိုရင် တနေ့တာလုပ်ဆောင်သမျှအရာ အားလုံးကိုအဆင်ပြေ ချော့မွေ့စေမှာပါ။ မနက်နှိုးစက်ပေးဖို့ မေ့သွားတယ်။ နိုးလာတာနဲ့ “ဟာ….ဒုက္ခပဲ၊ ကျောင်းနောက်ကျပြီ ဒီနေ့ tutorial ရှိတယ်” ရုံးသမားတွေဆိုရင်တော့ ရုံးနောက်ကျပြီပေါ့၊
ဒီလိုတွေ ဖြစ်လာရင် စိတ်ကမလန်းဆန်းနိုင်တော့ပါဘူး။ စိတ်လန်းဆန်းမှုမရှိဘူးဆိုလျှင် စာသင်တဲ့ပတ်ဝန်းကျင်မှာပဲ လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ် တနေ့တာလုံးအဆင်ပြေမှုရှိမှာမဟုတ်ပါဘူး။ သင့်ရဲ့တနေ့တာကို စိတ်လတ် ပေါ့ပါးပြီး တက်တက်ကြွကြွဖြင့်အစပြုနိုင်ရန် ဖော်ပြထားတဲ့ အကြံပြုချက်လေးတွေကို လုပ်ဆောင် ကြည့်နော်။
၁။ အချိန်မှန်ထပါ။
အချိန်မှန်မှန်ထခြင်း(စောစောထခြင်း) ဟာသင့်ရဲ့တနေ့တာကို အကောင်းဆုံးဖြတ်သန်းဖို့ လိုအပ်တဲ့ အစပြုခြင်းပဲဖြစ်ပါတယ်။ စောစောထမယ်ဆိုရင် သင်ရဲ့မနက်ပိုင်းလုပ်ငန်းဆောင်တာတွေကို စိတ်ပူစရာ မလိုပဲနဲ့ အေးအေးဆေးဆေးလုပ်ဆောင်နိုင်စေမှာဖြစ်ပါတယ်။
၂။ အိပ်ယာသိမ်းပါ။
သင်ဒီအချက်ကိုလုပ်ဆောင်ဖို့ အချိန်ငါးမိနစ်တောင်မလိုပါဘူး။ သင့်ရဲ့အိပ်ခန်းကို သပ်သပ်ရပ်ရပ် ဖြစ်စေပြီးတော့ ကိုယ့်ကိုယ်ကို စိတ်ကျေနပ်မှုကိုဖြစ်ပေါ်စေပါတယ်။
READ -သင့်ရဲ့ ဦးနှောက်ကျန်းမာရေးကို ဂရုစိုက်ဖို့လိုနေပြီလား ?
၃။ ရေချိုးပါ။
တချို့သောသူတွေဟာ မနက်ပိုင်းရေချိုးဖို့အချိန်မရှိဘူးလို့ ပြောတာကြားဘူးမှာပါ။ ရေချိုးဖို့အတွက် ၁၀မိနစ်ဆိုတာ လုံလောက်တဲ့အချိန်ပါ၊ အများကြီးပေးစရာမလိုပါဘူး။ သင့်ရဲ့တစ်ကိုယ်ရည်သန့်ရှင်းဖို့ အတွက်ရော သင့်ရဲ့တနေ့တာလုံးလန်းဆန်းတက်ကြွဖို့အတွက် ကောင်းမွန်တဲ့နည်းလေးဖြစ်ပါတယ်။
၎။ ၅ မိနစ်လောက်တရားထိုင်ပါ။
မနက်တိုင်းတရားထိုင်ပေးခြင်းဖြင့် စိတ်တည်ငြိမ်အေးချမ်းစေပြီး သင့်ရဲ့တနေ့တာလုပ်ငန်းဆောင်တာများကို လွယ်လွယ်ကူကူကျော်ဖြတ်နိုင်မှာပါ။ အရိုးရှင်းဆုံးတရားထိုင်နည်းကတော့ မျက်လုံးမှတ်ပြီး သင့်ရဲ့ဝင်လေထွက်လေကို ခံစားကြည့်ပါ။
၅။ အသီးဖျော်ရည်သောက်ပေးပါ။
အသီးဖျော်ရည်တွေမှာ vitamins, minerals, antioxidants တွေပြည့်ဝစွာပါဝင်ပါတယ်။ မနက်ခင်းကော်ဖီ တွေသောက်မယ့်အစား အသီးဖျော်ရည်လေးတစ်ခွက်သောက်သုံးပေးပါ။ ကျန်းမာရေးနဲ့လည်းညီညွတ်ပြီး မှတ်ဥာဏ်အားကောင်းစေပါတယ်။
၆။ စိတ်ဓါတ်တက်ကြွစေမည့် အဆိုအမိန့်များကို ဖတ်ပေးပါ။
စိတ်ဓါတ်တက်ကြွစေမည့် အဆိုအမိန့်များကို မနက်တိုင်းတခေါက်ဖတ်ပေးခြင်းဖြင့် စိတ်ဓါတ်ခွန်အား ကိုမြှင့်တင်ပေးပြီး သင့်ရဲ့တနေ့တာကို အကျိုးရှိရှိကုန်ဆုံးနိုင်စေပါတယ်။
၇။ တနေ့တာလုပ်ဆောင်ရမည့်အရာများကို plan ဆွဲပါ။
သင်လိုချင်တဲ့ရည်မှန်းချက်ပန်းတိုင်ကိုရောက်ရှိဖို့ လုပ်ဆောင်ရမည့်အရာတွေအတွက် plan ရှိဖို့လိုအပ် ပါတယ်။ long-term plan, medium-term plans and daily plans အဲလို plan လေးတွေလုပ်ထား သင့်ပါတယ်။ သင်ရဲ့တနေ့တာလုပ်ဆောင်ချက်တွေအတွက် plan ဆွဲဖို့ အချိန်အနည်းငယ်ပဲ ပေးရမှာပါ။
Source ; Lifehack