×

Warning

JUser: :_load: Unable to load user with ID: 723


Lifestyle

Friday, 18 August 2017

မင်္ဂလာပါ ဆရာ

မင်္ဂလာပါ ဆရာ google.com

စာသင်ခန်းထဲ ဝင်လိုက်တာနဲ့ ကျောင်းသားလေးတွေရဲ့ မျက်နှာတွေက မနက်ခင်းနေရောင်ခြည်အောက်မှာ လန်းဆန်းစွာဖူးပွင့်နေတဲ့ နေကြာပန်းလေးတွေအလား အပြုံးပန်းတွေနဲ့ တက်ကြွစွာ နှုတ်ဆက်လိုက်တဲ့ “မင်္ဂလာပါ ဆရာ” ဆိုတဲ့ အသံလေးက ကျွန်တော့်နားထဲမှာ ပဲ့တင်ထပ်ပြီး စိတ်ဘဝင်ကို ကြည်နူးစေ ပါတယ်။

ကျောင်းသားလေးတွေရဲ့ အပြုံးတွေ တက်ကြွစွာလှုပ်ရှားနေတဲ့ အပြုအမူတွေက တနေ့တာ စာသင်ဖို့ ကျွန်တော်ကို ခွန်အားဖြစ်စေပါတယ်။ ဆရာဆိုတဲ့ ဝေါဟာရတစ်ခုကို ကျွန်တော့်ကိုယ်ပေါ်မှာ ဆင်မြန်း ထားတာ အခုဆိုရင် သုံးနှစ်နီးပါးတောင်ရှိသွားပါပြီ။

“ဆရာ” ဆိုတဲ့ ဝေါဟာရလေးက မြင့်မြတ်ခြင်း ကျေးဇူးတရားတွေ စေတနာ ဂရုဏာ အကြင်နာ မေတ္တာ တရားတွေနဲ့ ပေါင်းစပ်ဖွဲ့စည်းထားတာပါ။ ဆရာဆိုတဲ့ ဘဝလမ်ကြောင်းကို ရွေးချယ်ဖို့လွယ်ကူပါတယ်။ ဒါပေမယ့် တကယ်ကိုလေးနက်တဲ့ ဆရာစိတ်ဓာတ်ပြည့်ဝတဲ့ အရည်အချင်းရှိတဲ့ဆရာတစ်ယောက်ဖြစ်လာဖို့ တော့ မလွယ်ပါဘူး။

ကြိုးစားအားထုတ်မှုတွေ လေ့လာမှုတွေ စိတ်ရှည်သည်းခံမှုတွေ အများကြီးနဲ့ ကိုယ့်ရဲ့ ဘဝတစ်ခုလုံးကို ကိုယ့်ရဲ့ကလေးတွေ အပေါ်မှာ မြှုပ်နှံထားရတာပါ။ ကိုယ်သင်ပေးနေတဲ့ ကလေးတွေ ပညာတတ်ကြီး ဖြစ်ဖို့ သူတို့ရဲ့အိမ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ နိုင်ငံတကာနဲ့ ယှဉ်လာမယ်ဆိုရင်တောင် ရင်ကော့ ခေါင်းမော့နေတာမျိုးဖြစ်စေချင်ကြတာပါ။

ကျွန်တော်တို့ ဆရာတွေဆိုတာကလည်း ဆေးစက်ကျရာ အရုပ်ထင်ဆိုသည့်အတိုင်း တာဝန်ကျရာနေရာမှာ အကောင်းဆုံးတာဝန်ကျေအောင် မိမိတို့တာဝန်ကို ထမ်းဆောင်နေကြတာပါ။ တာဝန်နဲ့ ရွေ့ပြောင်းရမယ့် နေရာက နိုင်ငံတော်ကလုံခြုံမှုမပေးနိုင်တဲ့ နေရာဖြစ်နေရင်တောင် ရဲရဲဝံ့ဝံ့ တာဝန်ထမ်းဆောင်နိုင်သည့် လူမျိုးတွေပါ။

ဆရာတွေဆိုတာလည်း လူထဲကလူပဲလေ။ စစ်ပွဲဖြစ်နေတဲ့နေရာ ကိုယ့်အတွက် အသက်အန္တရာယ်ရှိတဲ့ နေရာမှန်းသိနေရက်နဲ့ ဘယ်သွားချင်မှာတုန်း၊ ကြောက်တာပေါ့… ဒါပေမယ့် ဆရာတစ်ယောက်ဖြစ်လာပြီ ဆိုတာနဲ့ စာလာသင်ပေးမယ်ဆိုတဲ့ ဆရာတွေကို မျှော်နေမယ့် ကလေးတွေရဲ့ မျက်နှာကို မြင်ယောင်မိ တဲ့အခါ သတ္တိတွေ ခွန်အားတွေ ပြည့်ဝလာပါတယ်။

READ -ဖတ်နေတာက စာ ခေါင်းထဲရောက်သွား တာကအမှိုက်

အခုခေတ်မှာဆိုရင် ရွေးချယ်စရာဘဝလမ်းကြောင်းတွေက အများကြီးပါ။ တချို့ professional လမ်းကြောင်းက အလုပ်တွေဆိုရင် ဝင်ငွေတွေအရမ်းများပါတယ်။ ကျောင်းဆရာတစ်ယောက်ရဲ့ လစာက နိုင်ငံတကာမှာဆိုရင်တော့ မက်လောက်စရာဖြစ်နေပေမယ့် ကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုရင်တော့ ကျောင်းဆရာတစ်ယောက်ရဲ့ အခြေခံလစာကအရမ်းကို နည်းနေပါသေးတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံမှာဆိုရင်တော့ ကျောင်းဆရာဘဝဆိုတာ ပိုက်ဆံကိုမက်ပြီး ရွေးချယ်ထားတဲ့ career လမ်းကြောင်းကိုမဟုတ်တာသေချာပါတယ်။ လူသားတိုင်းပညာပြည့်ဝစေချင်တဲ့ စေတနာနဲ့ ဝါသနာကိုအရင်းခံပြီး စွန့်လွှတ်အနစ်နာခံသည့် စိတ်အပြည့်ဖြင့် မြင့်မြတ်တဲ့လူသားတွေပဲ ဖြစ်ပါတယ်။

ဆရာတစ်ယောက်ရဲ့ ဂုဏ်သတင်းကို ဖော်ကြူးရမယ်ဆိုရင် ကမ္ဘာမှာရှိသမျှ စက္ကူတွေသာ ကုန်သွားမယ် ဆရာရဲ့ ကျေးဇူးဂုဏ်တွေက ဖော်ပြလို့ကုန်မှာ မဟုတ်ပါဘူး။ ကျွန်တော်ကိုယ်တိုင်လည်း အဘက်ဘက်က ပြည့်စုံတဲ့ဆရာတစ်ယောက်မဟုတ်ပေမယ့် ကြုံလာတဲ့အခက်အခဲ အတားအဆီးတွေကို အကောင်းဆုံး ကျော်ဖြတ်ပြီး ပညာတွေဖြည့်ဆည်းရင်း အနာဂတ်ရဲ့ မျိုးဆက်သစ်လေးတွေကို မြေတောင်မြှောက်ပေး နိုင်မယ့် ဆရာကောင်းတစ်ယောက်ဖြစ်လာအောင် ကြိုးစားအားထုတ်ပါမည်ဟု သစ္စာပြုရင်း…။

Read times Last modified on Monday, 30 December 2019 14:13
Rate this articles
(5 votes)