×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Wednesday, 20 November 2019

"အသက္နဲ႕ ေလာင္းေၾကးထပ္ထားတဲ့ ကစားပြဲ"

"အသက္နဲ႕ ေလာင္းေၾကးထပ္ထားတဲ့ ကစားပြဲ" google.com

ကစားပြဲ…ဟုတ္ပါတယ္ ပတ္ဝန္းက်င္မွာ ကစားနည္းေပါင္းမ်ားစြာကုိ နည္းလမ္းေပါင္းမ်ားစြာနဲ႕ ကစားေနၾကတယ္။

 

ေနာက္ဆံုးပန္းတိုင္က တစ္ခုတည္း… အနိုင္ရမွဳပါ။ တခ်ိဳ႕က ေလာင္းေၾကးနဲ႕ ကစားၾကတယ္။ တခ်ိဳ႕က အေပ်ာ္ကစားၾကတယ္။

 

တခ်ိဳ႕ပြဲေတြက ေလာင္းေၾကးၾကီးတယ္။ တခ်ိဳ႕ကေတာ့ ေလာင္းေၾကးနည္းတဲ့ ပြဲေသးေသးေလးေတြေပါ့။ အသက္ကိုေလာင္းေၾကးအျဖစ္တင္ျပီး ကစားရတဲ့ပြဲကေတာ့ ေလာင္းေၾကးအၾကီးဆံုးပါပဲ။ လူတိုင္းက ကစားပြဲမွာ ပါဝင္ကစားၾကတယ္။

တခ်ိဳ႕က သိသိၾကီးၾကီးနဲ႕ ေလာင္းေၾကးထပ္ၾကတယ္။ တခ်ိဳ႕ကေတာ့ ဘာမွန္းမသိဘဲနဲ႕ ေလာင္းမိသြား တယ္။ ဘာမွန္းမသိပဲနဲ႕ ကုိယ့္အသက္ကို ေလာင္းေၾကးထပ္မိသြားတဲ့သူေတြ အမ်ားၾကီးပါ။ ေလာင္းစရာ အသက္ကုန္သြားတဲ့အခ်ိန္မွာ ကစားပြဲ ရပ္ပါတယ္။

ကြ်န္ေတာ္တို႔ရဲ႕ လက္ရွိရပ္တည္မွဳက အတိတ္တစ္ခ်ိန္တုန္းက ကြ်န္ေတာ္တို႔ ေရြးခ်ယ္ခဲ့တဲ့လမ္း ခ်ခဲ့တဲ့ ဆံုးျဖတ္ခ်က္ လွမ္းခဲ့တဲ့ ေျခလွမ္းနဲ႕ ျဖတ္ေက်ာ္ခဲ့တဲ့ ဘဝမွတ္တိုင္ေတြရဲ႕ ေရာင္ျပန္ဟပ္မွဳတစ္ခုပါ။ အတိတ္က အေရးမၾကီးပါဘူးလို႔ ေျပာခဲ့တယ္ အဲဒါက အတိုင္းအတာတစ္ခုအထိေတာ့ မွန္ေကာင္း မွန္နိုင္ပါတယ္။ အျပည့္အဝေတာ့ မဟုတ္ပါဘူး။ အတိတ္ကထုဆစ္ခဲ့တဲ့အတိုင္း ပံုေပၚလာတာပါ။

ဒီေန႔ဟာ မနက္ျဖန္ရဲ႕ အတိတ္ပါ။ ဒီေန႔လုပ္ေဆာင္ေနတဲ့အရာေတြက ဒီေန႔ျဖစ္လာမယ့္ မနက္ျဖန္တိုင္း အတြက္ ေကာင္းမြန္တဲ့တိုးတက္မွဳ ဒါမွမဟုတ္ ဆုတ္ယုတ္သြားေစနိုင္တဲ့ ပ်က္စီးမွဳကို ျဖစ္ေပၚေစဖို႔ မူတည္ေနပါတယ္။

မနက္ျဖန္ေတြအမ်ားၾကီး က်န္ေသးတယ္ဆိုျပီး အခ်ိန္ေတြကို မျဖဳန္းတီးလိုက္ပါနဲ႕။ မနက္ျဖန္ေပါင္းမ်ားစြာ ကို သင္ျဖဳန္းတီးပစ္ခဲ့ျပီးျပီ။ အခ်ိန္ေတြက အရမး္ကို ဆန္းၾကယ္ပါတယ္။ ဘဝဆိုတဲ့ ကစားပြဲမွာ အခ်ိန္ဆို တာ ကြ်န္ေတာ္တို႔ရဲ႕ အသက္ကို ေလာင္းေၾကးအေနနဲ႕ တင္ထားရသလိုပါပဲ။

ဥပမာ သင္က အင္ဂ်င္နီယာဘာသာရပ္ကုိ စိတ္ဝင္စားတယ္ ဒါေပမယ့္ မိဘေတြကေဆးေက်ာင္းတက္ေစ ခ်င္တယ္ သင္ကိုယ္တိုင္လည္း ေက်ာင္းျပီးသြားရင္ အလုပ္အကိုင္အတြက္လည္း စိတ္ပူစရာမလိုဘူး အဆင္ေျပမယ္ထင္ျပီး သင္ေရြးလိုက္တယ္။ ကဲ ေလာင္းေၾကးစျပီ…

ေက်ာင္းစတက္ျပီဆိုတာနဲ႕ ရင္းနွီးလိုက္ရတဲ့အခ်ိန္ ထားပါေတာ့ ၈ နွစ္နီးပါး ဒါဆိုအသက္ကလည္း ၈ ႏွစ္ၾကီး သြားျပီ။ ကစားပြဲမွာ သင္ေအာင္ျမင္သြားတယ္ဆိုရင္ ရင္းခဲ့တဲ့ ၈ နွစ္တာအခ်ိန္ အသက္ ၈ နွစ္ ဆိုတာ သင့္အတြက္ ေလာင္းေၾကးကေန ရင္းႏွီးျမွဳပ္နွံမွဳတစ္ခုျဖစ္သြားျပီ။ တကယ္လုိ႔ သင္သာ ကစားပြဲမွာ က်ရွံုးခဲ့တယ္ဆုိရင္ သင္ရဲ႕ေလာင္းေၾကး ရွံဳးျပီ။ ရင္းခဲ့တဲ့ အခ်ိန္ ၈ ႏွစ္ ၾကီးသြားျပီ ျဖစ္တဲ့ အသက္ ၈ နွစ္ ျပန္ငယ္ဖို႔ မျဖစ္နိုင္ေတာ့ဘူး။

သင္ေနာက္တစ္ၾကိမ္ေလာင္းေၾကးျပန္စရေတာ့မယ္။ အေရးၾကီးပါတယ္ တစ္မိနစ္ကုန္သြားတယ္ဆိုတိုင္း အခ်ိန္ကုန္သြားတယ္လို႔ ေပါ့ေပါ့ေလးမေတြးပါနဲ႕။ သင့္ရဲ႕ ငယ္ရြယ္နုပ်ိဳမွဳ လုပ္ေဆာင္နိုင္စြမ္း အသက္ေတြ တစ္မိနစ္စာ ကုန္သြားတာပါ။

အခ်ိန္ေတြကို မေနွာေျမာရင္ ေနပါ။ ကိုယ့္အသက္ကိုေတာ့ ႏွေျမာပါ။

- ဤWebsite တြင္ ေက်ာင္းပညာအေထာက္အကူျပဳဘာသာ၊ ႏိုင္ငံျခားဘာသာ၊ ဂီတ၊ ကြန္ပ်ဴတာ၊ ဒီဇိုင္းပညာ၊ အႏုပညာ၊သက္ေမြးဝမ္းေက်ာင္းမွဳပညာစသည့္ဘာသာရပ္အမ်ဳိးမ်ဳိးကိုအနီးကပ္သင္ျပေပးသည့္ ဆရာ/ဆရာမမ်ားကို လြယ္ကူ စြာ႐ွာေဖြႏိုင္ပါသည္။

- ႐ွာေဖြရာတြင္လည္း ၿမိဳ႕အလိုက္၊ ဘာသာရပ္အလိုက္ ႐ွာေဖြႏိုင္သည့္အျပင္ ဆရာ/ဆရာမမ်ား၏ဖုန္းနံပါတ္မ်ား၊ အီးေမးလ္လိပ္စာမ်ား၊ သင္ၾကားေပးသည့္ဘာသာရပ္အမ်ဳိးမ်ဳိး၊ အဆင့္အမ်ဳိးမ်ဳိးႏွင့္ အခေၾကးေငြအမ်ဳိးမ်ဳိး တုိ႔ကို လည္း ထည့္သြင္းေဖာ္ျပေပးထားပါသည္။

- ဝင္ေရာက္ရွာေဖြလိုပါက ဤလင့္ခ္ https://www.sayar.com.mm/subjects.html  တြင္ အခမဲ့ဝင္ေရာက္ရွာေဖြႏိုင္ပါသည္။

 

UNICODE

"အသက်နဲ့ လောင်းကြေးထပ်ထားတဲ့ ကစားပွဲ"
ကစားပွဲ…ဟုတ်ပါတယ် ပတ်ဝန်းကျင်မှာ ကစားနည်းပေါင်းများစွာကို နည်းလမ်းပေါင်းများစွာနဲ့ ကစားနေကြတယ်။ နောက်ဆုံးပန်းတိုင်က တစ်ခုတည်း… အနိုင်ရမှုပါ။ တချို့က လောင်းကြေးနဲ့ ကစားကြတယ်။ တချို့က အပျော်ကစားကြတယ်။

တချို့ပွဲတွေက လောင်းကြေးကြီးတယ်။ တချို့ကတော့ လောင်းကြေးနည်းတဲ့ ပွဲသေးသေးလေးတွေပေါ့။ အသက်ကိုလောင်းကြေးအဖြစ်တင်ပြီး ကစားရတဲ့ပွဲကတော့ လောင်းကြေးအကြီးဆုံးပါပဲ။ လူတိုင်းက ကစားပွဲမှာ ပါဝင်ကစားကြတယ်။

တချို့က သိသိကြီးကြီးနဲ့ လောင်းကြေးထပ်ကြတယ်။ တချို့ကတော့ ဘာမှန်းမသိဘဲနဲ့ လောင်းမိသွား တယ်။ ဘာမှန်းမသိပဲနဲ့ ကိုယ့်အသက်ကို လောင်းကြေးထပ်မိသွားတဲ့သူတွေ အများကြီးပါ။ လောင်းစရာ အသက်ကုန်သွားတဲ့အချိန်မှာ ကစားပွဲ ရပ်ပါတယ်။

Recommended for you - အရင်းအနှီးမရှိဘဲနဲ့ လုပ်ငန်းတစ်ခုဘယ်လိုအောင်မြင်နိုင်မလဲ

ကျွန်တော်တို့ရဲ့ လက်ရှိရပ်တည်မှုက အတိတ်တစ်ချိန်တုန်းက ကျွန်တော်တို့ ရွေးချယ်ခဲ့တဲ့လမ်း ချခဲ့တဲ့ ဆုံးဖြတ်ချက် လှမ်းခဲ့တဲ့ ခြေလှမ်းနဲ့ ဖြတ်ကျော်ခဲ့တဲ့ ဘဝမှတ်တိုင်တွေရဲ့ ရောင်ပြန်ဟပ်မှုတစ်ခုပါ။ အတိတ်က အရေးမကြီးပါဘူးလို့ ပြောခဲ့တယ် အဲဒါက အတိုင်းအတာတစ်ခုအထိတော့ မှန်ကောင်း မှန်နိုင်ပါတယ်။ အပြည့်အဝတော့ မဟုတ်ပါဘူး။ အတိတ်ကထုဆစ်ခဲ့တဲ့အတိုင်း ပုံပေါ်လာတာပါ။

ဒီနေ့ဟာ မနက်ဖြန်ရဲ့ အတိတ်ပါ။ ဒီနေ့လုပ်ဆောင်နေတဲ့အရာတွေက ဒီနေ့ဖြစ်လာမယ့် မနက်ဖြန်တိုင်း အတွက် ကောင်းမွန်တဲ့တိုးတက်မှု ဒါမှမဟုတ် ဆုတ်ယုတ်သွားစေနိုင်တဲ့ ပျက်စီးမှုကို ဖြစ်ပေါ်စေဖို့ မူတည်နေပါတယ်။

မနက်ဖြန်တွေအများကြီး ကျန်သေးတယ်ဆိုပြီး အချိန်တွေကို မဖြုန်းတီးလိုက်ပါနဲ့။ မနက်ဖြန်ပေါင်းများစွာ ကို သင်ဖြုန်းတီးပစ်ခဲ့ပြီးပြီ။ အချိန်တွေက အရမ်းကို ဆန်းကြယ်ပါတယ်။ ဘဝဆိုတဲ့ ကစားပွဲမှာ အချိန်ဆို တာ ကျွန်တော်တို့ရဲ့ အသက်ကို လောင်းကြေးအနေနဲ့ တင်ထားရသလိုပါပဲ။

ဥပမာ သင်က အင်ဂျင်နီယာဘာသာရပ်ကို စိတ်ဝင်စားတယ် ဒါပေမယ့် မိဘတွေကဆေးကျောင်းတက်စေ ချင်တယ် သင်ကိုယ်တိုင်လည်း ကျောင်းပြီးသွားရင် အလုပ်အကိုင်အတွက်လည်း စိတ်ပူစရာမလိုဘူး အဆင်ပြေမယ်ထင်ပြီး သင်ရွေးလိုက်တယ်။ ကဲ လောင်းကြေးစပြီ…

ကျောင်းစတက်ပြီဆိုတာနဲ့ ရင်းနှီးလိုက်ရတဲ့အချိန် ထားပါတော့ ၈ နှစ်နီးပါး ဒါဆိုအသက်ကလည်း ၈ နှစ်ကြီး သွားပြီ။ ကစားပွဲမှာ သင်အောင်မြင်သွားတယ်ဆိုရင် ရင်းခဲ့တဲ့ ၈ နှစ်တာအချိန် အသက် ၈ နှစ် ဆိုတာ သင့်အတွက် လောင်းကြေးကနေ ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်သွားပြီ။ တကယ်လို့ သင်သာ ကစားပွဲမှာ ကျရှုံးခဲ့တယ်ဆိုရင် သင်ရဲ့လောင်းကြေး ရှုံးပြီ။ ရင်းခဲ့တဲ့ အချိန် ၈ နှစ် ကြီးသွားပြီ ဖြစ်တဲ့ အသက် ၈ နှစ် ပြန်ငယ်ဖို့ မဖြစ်နိုင်တော့ဘူး။

သင်နောက်တစ်ကြိမ်လောင်းကြေးပြန်စရတော့မယ်။ အရေးကြီးပါတယ် တစ်မိနစ်ကုန်သွားတယ်ဆိုတိုင်း အချိန်ကုန်သွားတယ်လို့ ပေါ့ပေါ့လေးမတွေးပါနဲ့။ သင့်ရဲ့ ငယ်ရွယ်နုပျိုမှု လုပ်ဆောင်နိုင်စွမ်း အသက်တွေ တစ်မိနစ်စာ ကုန်သွားတာပါ။

အချိန်တွေကို မနှောမြောရင် နေပါ။ ကိုယ့်အသက်ကိုတော့ နှမြောပါ။

 

- ဤWebsite တွင် ကျောင်းပညာအထောက်အကူပြုဘာသာ၊ နိုင်ငံခြားဘာသာ၊ ဂီတ၊ ကွန်ပျူတာ၊ ဒီဇိုင်းပညာ၊ အနုပညာ၊သက်မွေးဝမ်းကျောင်းမှုပညာစသည့်ဘာသာရပ်အမျိုးမျိုးကိုအနီးကပ်သင်ပြပေးသည့် ဆရာ/ဆရာမများကို လွယ်ကူ စွာရှာဖွေနိုင်ပါသည်။

- ရှာဖွေရာတွင်လည်း မြို့အလိုက်၊ ဘာသာရပ်အလိုက် ရှာဖွေနိုင်သည့်အပြင် ဆရာ/ဆရာမများ၏ဖုန်းနံပါတ်များ၊ အီးမေးလ်လိပ်စာများ၊ သင်ကြားပေးသည့်ဘာသာရပ်အမျိုးမျိုး၊ အဆင့်အမျိုးမျိုးနှင့် အခကြေးငွေအမျိုးမျိုး တို့ကို လည်း ထည့်သွင်းဖော်ပြပေးထားပါသည်။

- ဝင်ရောက်ရှာဖွေလိုပါက ဤလင့်ခ်  တွင် အခမဲ့ဝင်ရောက်ရှာဖွေနိုင်ပါသည်။

 

Scorpion (sayar.com.mm)

Read times Last modified on Wednesday, 08 January 2020 17:42
Rate this articles
(0 votes)