လူေတြအမ်ားၾကီးနဲ႕ ေျပာဆိုဆက္ဆံတဲ့ေနရာမွာ ဘာလို႕မွန္းမသိဘဲ တျခားသူေတြက ကိုယ့္ကိုေရွာင္ေနတာ၊ အထင္ေသးသလိုလိုဆက္ဆံလာတာမ်ိဳးၾကံဳရတတ္ပါတယ္။
တခါတေလ ကိုယ္လုပ္လိုက္တဲ့အျပဳအမူေလးေတြက သာမန္ပဲလို႕ထင္ရေပမယ့္ ကိုယ့္ကိုလူအထင္ေသးခ်င္စရာျဖစ္ေအာင္၊ ကိုယ့္ရဲ႕တန္ဖိုးက်သြားေအာင္လုပ္မိတာမ်ိဳးျဖစ္ေနတတ္ပါတယ္။ ဒါေၾကာင့္ အဲ့ဒီလို တစ္ဖက္သားရဲဲ႕အထင္ေသးနွိမ့္ခ်မႈ၊ အျမင္ေစာင္းမႈေတြမခံရေအာင္ ဆင္ျခင္သင့္တဲ့အျပဳအမူေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။
(၁) ၾကြား၀ါျခင္း
တခ်ိဳ႕လူေတြက သူတို႕မွာပိုင္ဆိုုင္မႈဘယ္ေလာက္ရွိတယ္ဆိုတာကို လူေတြသိသြားရင္ အထင္ၾကီးမွာပဲလို႕ထင္ျပီး ၾကြား၀ါတတ္ၾကပါတယ္။ တကယ္ေတာ့ အဲ့ဒီလိုၾကြားလိုက္ေတာ့မွ အထင္ေသးသြားတတ္ျပီး လူေတြရဲ႕ေရွာင္ဖယ္ျခင္းကိုခံရေတာ့တာပါ။
(၂) ဟန္ေဆာင္ျခင္း
လူတစ္ေယာက္ကို စိတ္ထဲမပါဘဲ အလြန္အမင္း ခ်ိဳသာေနတာမ်ိဳး၊ ကိုယ္တကယ္မသိဘဲ သိသလိုလုိဟန္ေဆာင္ေနတာမ်ိဳး၊ ကိုယ့္မွာ ဘာပိုင္ဆိုင္မႈမွမရွိေပမယ့္ ရွိသလိုဟန္ေဆာင္ေနတာမ်ိဳးေတြက ၾကာရွည္မခံပါဘူး။ လူေတြက အမွန္ကိုသိသြားတဲ့အခါ ေရွာင္သြားၾကပါေရာ။
Recommended For You >>> "လူငယ္ ႏွင့္ ေပါင္းသင္းဆက္ဆံေရး အတတ္ပညာ"
(၃) ရိုင္းပ်တဲ့စကားလံုးေတြ၊အျပဳအမူေတြ
သင့္အေနနဲ႕ စကားေျပာတဲ့အခါ ရိုင္းပ်တဲ့အသံုးအႏႈန္းေတြထည့္ေျပာလိုက္မိတာမ်ိဳး၊ ကိုယ့္ကိုယ္ကိုသတိမထားမိဘဲ ရိုင္းပ်တဲ့အျပဳအမူေတြလုပ္မိလိုက္တာမ်ိိဳးေၾကာင့္လည္း လူေတြသင့္ကိုအထင္ေသးသြားနိုင္ပါတယ္။ ဒါေၾကာင့္ ရိုင္းပ်တဲ့စကားလံုးေတြ၊ အျပဳအမူေတြကို လံုး၀မလုပ္မိေအာင္ ဆင္ျခင္ပါ။
(၄) ျဖစ္ကတတ္ဆန္း ၀တ္စားျပင္ဆင္ထားျခင္း
ကိုယ္က အိိမ္ထဲမွာေနလို႕ ဘယ္လိုပံုစံပဲျဖစ္ျဖစ္ကိစၥမရွိေပမယ့္ အျပင္သြားတဲ့အခါ၊ လူအမ်ားနဲ႕ေတြ႕ဖို႕ရွိတဲ့အခါမ်ိဳးမွာ ေကာင္းေကာင္းမြန္မြန္ျပင္ဆင္သြားသင့္ပါတယ္။ အဲ့ဒီလိုမဟုတ္ဘဲ ျဖစ္ကတတ္ဆန္း ၀တ္စားျပင္ဆင္သြားတတ္တယ္ဆိုရင္ေတာ့ သင္ကသင္နဲ႕ေတြ႕ရမယ့္သူေတြကိုလည္း မေလးစားရာေရာက္သလို၊ ကိုယ့္ကိုယ္ကိုလည္း မေလးစားတဲ့ပံုစံမ်ိိဳးျဖစ္ေနပါတယ္။ ဒီလိုဆိုလူေတြက သင့္ကိုအထင္ေသးေရွာင္ဖယ္သြားပါလိမ့္မယ္။
(၅) သိပ္ဂရုမစိုက္တတ္တဲ့ပံုစံ
ေအးေအးေဆးေဆးေနတတ္တာေကာင္းပါတယ္။ ဒါေပမယ့္ လူအမ်ားၾကားမွာ ဘယ္အရာကိုမွစိတ္မ၀င္စားဘူး၊ ဘယ္အရာကမွအေရးမၾကီးဘူး၊ ဘယ္သူ႕ကိုမွဂရုမစိုက္တတ္ဘူးဆိုတဲ့ပံုစံမ်ိဳးလုပ္ေနရင္ေတာ့ အဆင္မေျပပါဘူး။ လူအမ်ားၾကားထဲေရာက္ေနတဲ့အခါ စိတ္ထဲကမပါရင္ေတာင္ တျခားသူေတြကိုေလးစားသမႈနဲ႕ လက္ရွိအေျခအေနကို ထိုက္သင့္သေလာက္ အာရံုစိုက္ရပါမယ္၊ စိတ္အားထက္သန္မႈရွိဖို႕လိုပါတယ္။
Sources : Aunty May
UNICODE
"လူတွေသင့်ကို အထင်သေးရှောင်ဖယ်သွားစေနိုင်တဲ့ အပြုအမူ(၅)ခု"
လူတွေအများကြီးနဲ့ ပြောဆိုဆက်ဆံတဲ့နေရာမှာ ဘာလို့မှန်းမသိဘဲ တခြားသူတွေက ကိုယ့်ကိုရှောင်နေတာ၊ အထင်သေးသလိုလိုဆက်ဆံလာတာမျိုးကြုံရတတ်ပါတယ်။ တခါတလေ ကိုယ်လုပ်လိုက်တဲ့အပြုအမူလေးတွေက သာမန်ပဲလို့ထင်ရပေမယ့် ကိုယ့်ကိုလူအထင်သေးချင်စရာဖြစ်အောင်၊ ကိုယ့်ရဲ့တန်ဖိုးကျသွားအောင်လုပ်မိတာမျိုးဖြစ်နေတတ်ပါတယ်။ ဒါကြောင့် အဲ့ဒီလို တစ်ဖက်သားရဲ့အထင်သေးနှိမ့်ချမှု၊ အမြင်စောင်းမှုတွေမခံရအောင် ဆင်ခြင်သင့်တဲ့အပြုအမူလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) ကြွားဝါခြင်း
တချို့လူတွေက သူတို့မှာပိုင်ဆိုင်မှုဘယ်လောက်ရှိတယ်ဆိုတာကို လူတွေသိသွားရင် အထင်ကြီးမှာပဲလို့ထင်ပြီး ကြွားဝါတတ်ကြပါတယ်။ တကယ်တော့ အဲ့ဒီလိုကြွားလိုက်တော့မှ အထင်သေးသွားတတ်ပြီး လူတွေရဲ့ရှောင်ဖယ်ခြင်းကိုခံရတော့တာပါ။
(၂) ဟန်ဆောင်ခြင်း
လူတစ်ယောက်ကို စိတ်ထဲမပါဘဲ အလွန်အမင်း ချိုသာနေတာမျိုး၊ ကိုယ်တကယ်မသိဘဲ သိသလိုလိုဟန်ဆောင်နေတာမျိုး၊ ကိုယ့်မှာ ဘာပိုင်ဆိုင်မှုမှမရှိပေမယ့် ရှိသလိုဟန်ဆောင်နေတာမျိုးတွေက ကြာရှည်မခံပါဘူး။ လူတွေက အမှန်ကိုသိသွားတဲ့အခါ ရှောင်သွားကြပါရော။
(၃) ရိုင်းပျတဲ့စကားလုံးတွေ၊အပြုအမူတွေ
သင့်အနေနဲ့ စကားပြောတဲ့အခါ ရိုင်းပျတဲ့အသုံးအနှုန်းတွေထည့်ပြောလိုက်မိတာမျိုး၊ ကိုယ့်ကိုယ်ကိုသတိမထားမိဘဲ ရိုင်းပျတဲ့အပြုအမူတွေလုပ်မိလိုက်တာမျိုးကြောင့်လည်း လူတွေသင့်ကိုအထင်သေးသွားနိုင်ပါတယ်။ ဒါကြောင့် ရိုင်းပျတဲ့စကားလုံးတွေ၊ အပြုအမူတွေကို လုံးဝမလုပ်မိအောင် ဆင်ခြင်ပါ။
Recommended For You >>> "လူငယ် နှင့် ပေါင်းသင်းဆက်ဆံရေး အတတ်ပညာ"
(၄) ဖြစ်ကတတ်ဆန်း ဝတ်စားပြင်ဆင်ထားခြင်း
ကိုယ်က အိမ်ထဲမှာနေလို့ ဘယ်လိုပုံစံပဲဖြစ်ဖြစ်ကိစ္စမရှိပေမယ့် အပြင်သွားတဲ့အခါ၊ လူအများနဲ့တွေ့ဖို့ရှိတဲ့အခါမျိုးမှာ ကောင်းကောင်းမွန်မွန်ပြင်ဆင်သွားသင့်ပါတယ်။ အဲ့ဒီလိုမဟုတ်ဘဲ ဖြစ်ကတတ်ဆန်း ဝတ်စားပြင်ဆင်သွားတတ်တယ်ဆိုရင်တော့ သင်ကသင်နဲ့တွေ့ရမယ့်သူတွေကိုလည်း မလေးစားရာရောက်သလို၊ ကိုယ့်ကိုယ်ကိုလည်း မလေးစားတဲ့ပုံစံမျိုးဖြစ်နေပါတယ်။ ဒီလိုဆိုလူတွေက သင့်ကိုအထင်သေးရှောင်ဖယ်သွားပါလိမ့်မယ်။
(၅) သိပ်ဂရုမစိုက်တတ်တဲ့ပုံစံ
အေးအေးဆေးဆေးနေတတ်တာကောင်းပါတယ်။ ဒါပေမယ့် လူအများကြားမှာ ဘယ်အရာကိုမှစိတ်မဝင်စားဘူး၊ ဘယ်အရာကမှအရေးမကြီးဘူး၊ ဘယ်သူ့ကိုမှဂရုမစိုက်တတ်ဘူးဆိုတဲ့ပုံစံမျိုးလုပ်နေရင်တော့ အဆင်မပြေပါဘူး။ လူအများကြားထဲရောက်နေတဲ့အခါ စိတ်ထဲကမပါရင်တောင် တခြားသူတွေကိုလေးစားသမှုနဲ့ လက်ရှိအခြေအနေကို ထိုက်သင့်သလောက် အာရုံစိုက်ရပါမယ်၊ စိတ်အားထက်သန်မှုရှိဖို့လိုပါတယ်။
Sources : Aunty May