×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Monday, 28 December 2020

ကျားကျားယားယား မိန်းမသား (သို့မဟုတ် ) အန္တရာယ်ကို ကာကွယ်နိုင်တဲ့အမျိုးသမီး

ကျားကျားယားယား မိန်းမသား (သို့မဟုတ် ) အန္တရာယ်ကို ကာကွယ်နိုင်တဲ့အမျိုးသမီး

အမျိုးသမီးတစ်ယောက်အတွက် ကိုယ့်ကိုကိုယ် ကာကွယ်နိုင်စွမ်း ဆိုတာရှိဖို့လိုကိုလိုအပ်ပါတယ်။ အထူးသဖြင့် အခုလို မသမာသူတွေများလာတဲ့ခေတ်မှာ၊ လိင်အမြတ်ထုတ်မှုများလာတဲ့ ခေတ်မျိုးမှာ ပိုလို့တောင်မှ လိုအပ်ပါသေးတယ်။

 

“ ဗိုင်းကောင်းကျောက်ဖိ” ဆိုတဲ့ ဆိုရိုးလေး က ဟိုးအရင်ရှေးရှေးခေတ်ကလို လူတိုင်းလူတိုင်း(၅) ပါးသီလစောင့်ထိန်းကြပြီး ဘာအန္တရာယ်မှ မရှိတဲ့ အချိန်အခိုက်အတန့်တုန်းကတော့ မိန်းမသားတွေရဲ့ နူးညံ့မှုကို အမွှန်းတင်စာဖွဲ့ပြီး နူးညံ့သိမ်မွေ့စွာနေထိုင်တတ်ဖို့ လူကြီးသူမတွေ ဆိုဆုံးမတဲ့ စကားလေးပါ။

 

အခုခေတ်မှာတော့ “ဗိုင်းကောင်းကျောက်ဖိ” နေတဲ့ အမျိုးသမီးတွေ၊ သိမ်မွေ့နူးညံ့တဲ့အမျိုးသမီးတွေအတွက်ကတော့ လုံခြုံမှုပေးနိုင်ခြင်းအလျဉ်းမရှိဘဲ အန္တရာယ်တွေသာ ရောက်လာမှာဖြစ်ပါတယ်။

 

“နင်က နေမှမနေတတ်တာ”
“ ဝတ်ထားတာကတိုပြတ်နေတာပဲ၊ အစခံရတာ နည်းသေးတယ်” ဆိုတဲ့ စကားတွေက လူမှုပတ်ဝန်းကျင်မှာ အမြဲကြားနေရတာပါ။ ဒါက အသေးငယ်ဆုံးသောအန္တရာယ်တစ်ခုပဲ ရှိပါသေးတယ်။

 

ဒီ့ထက်ပိုဆိုးတဲ့ အန္တရယ်တွေမှာတောင် ပတ်ဝန်းကျင်က အမျိုးသမီးတွေကိုသာ ရှုံ့ချအပြစ်တင်ကြတဲ့ ဉပမာတွေအများကြီးရှိပါတယ်။ မိန်းမတစ်ယောက်ဖြစ်တည်ရခြင်းက ထိုမိန်းမအတွက်ပဲ ဖြစ်ပါတယ်။ ဘယ်သူ့ဘယ်သူအတွက်မှ မဟုတ်တဲ့အတွက် မိန်းမတစ်ယောက်ရဲ့တန်ဖိုးကို ထိုမိန်းမသာပဲ ဆုံးဖြတ်ရမှာဖြစ်ပါတယ်။

ဒါပေမယ့် မြန်မာလူမျိုးတွေနေထိုင်တဲ့ လူမှုဝန်းကျင် ကတော့ မိန်းမသားတွေကို ရှုံချ၊ မိန်းမ ဆိုတာနဲ့ ပျော့ညံ့ခြင်းလို့ ယူဆထားပြီး ထိုမိန်းမ အန္တရာယ်တစ်ခုခုနဲ့ ကြုံတွေ့လာတဲ့အခါ ကာကွယ်ပေးရမယ့်အစား ရှုံ့ချဖို့သာ ဦးတည်တဲ့ လူမှုအဖွဲ့အစည်းဖြစ်ပါတယ်။

 

ဒါကြောင့် “ဖက်ပေါ်ဆူးကျလည်း ဖက်ပေါက်၊ ဆူးပေါ်ဖက်ကျလည်း ဖက်ပေါက်” ဆိုတဲ့ အဖြစ်မျိုးတွေမဖြစ်ရအောင် မိန်းမတိုင်း မိန်းမတိုင်း ကိုယ်ခံပညာရပ်တစ်ခုခုတတ်မြောက်ထားဖို့လိုပါတယ်။ ကျားကျားယားယား မိန်းမသား ဆိုတဲ့ စကားက ယဉ်ကျေးမှုရှုထောင့်ကကြည့်ရင် အနည်းငယ် မျက်စိဆံပင်မွှေးစူးစရာ စကားဖြစ်ပေမယ့် လက်တွေ့ဘဝမှာတော့ ယောက်ျားတွေနဲ့ ရင်ဘောင်တန်းနိုင်ပြီး ဘယ်သူ့အကူအညီမှမလိုဘဲ ကို့ကိုယ်ကို ကာကွယ်နိုင်တဲ့ ထက်မြက်သန်မာရဲရင့်တဲ့ မိန်းမသားတစ်ယောက် ကို ကိုယ်စားပြုပါတယ်။

 

အမျိုးသမီးဖြစ်တာကြောင့် နူးနူးညံ့ညံ့နေရမယ် ဆိုတဲ့ ခေတ်ကို ကျော်လွန်ပြီး ကျားကျားယားယားနဲ့ အန္တရာယ်တွေကို ကာကွယ်လိုက်ပါ။ ကိုယ်ခံပညာတစ်ခုခုကို သင်ယူလိုက်ပါ။ “ ဖက်ပေါ်ဆူးကျလည်း ဆူးကျိုး၊ ဆူးပေါ်ဖက်ကျလည်း ဆူးကျိုး” ဖြစ်အောင် ကို့ကိုယ်ကို ကာကွယ်နိုင်တဲ့ အမျိုးသမီးများ ဖြစ်ကြပါစေ။

 

တိုက်ကွမ်ဒို၊ ကရာတေး၊ ဂျူဒို အစရှိတဲ့ ကိုယ်ခံပညာရပ်များကို သင်ယူလိုပါက www.sayar.com.mm မှာ မြို့နယ်အသီးသီးမှာ ကိုယ်ခံပညာရပ်များကို သင်ပြပေးနေတဲ့ဆရာများကို အခမဲ့ ရှာဖွေနိုင်ပါတယ်။

 

ကိုယ်ခံပညာသင်ကြားပေးနေသော ဆရာ/ဆရာမများကို ရှာဖွေလိုပါလျှင်
>>> Aikido - https://bit.ly/3pkV494
>>> Bando - https://bit.ly/2WOC4DD
>>> Boxing - https://bit.ly/2KEfZFm
>>> Karate - https://bit.ly/3mUXdqc
>>> Taekwondo - https://bit.ly/3hnTjoI
>>> Thaing Byaung Pyan (သိုင်းပြောင်းပြန်) - https://bit.ly/3hkRSrh
>>> Wushu - https://bit.ly/3aNOJiy

 

က်ားက်ားယားယား မိန္းမသား (သို႔မဟုတ္ ) အႏၲရာယ္ကို ကာကြယ္ႏိုင္တဲ့အမ်ိဳးသမီး

အမ်ိဳးသမီးတစ္ေယာက္အတြက္ ကိုယ့္ကိုကိုယ္ ကာကြယ္ႏိုင္စြမ္း ဆိုတာရွိဖို႔လိုကိုလိုအပ္ပါတယ္။ အထူးသျဖင့္ အခုလို မသမာသူေတြမ်ားလာတဲ့ေခတ္မွာ၊ လိင္အျမတ္ထုတ္မႈမ်ားလာတဲ့ ေခတ္မ်ိဳးမွာ ပိုလို႔ေတာင္မွ လိုအပ္ပါေသးတယ္။

 

“ ဗိုင္းေကာင္းေက်ာက္ဖိ” ဆိုတဲ့ ဆို႐ိုးေလး က ဟိုးအရင္ေရွးေရွးေခတ္ကလို လူတိုင္းလူတိုင္း(၅) ပါးသီလေစာင့္ထိန္းၾကၿပီး ဘာအႏၲရာယ္မွ မရွိတဲ့ အခ်ိန္အခိုက္အတန႔္တုန္းကေတာ့ မိန္းမသားေတြရဲ႕ ႏူးညံ့မႈကို အမႊန္းတင္စာဖြဲ႕ၿပီး ႏူးညံ့သိမ္ေမြ႕စြာေနထိုင္တတ္ဖို႔ လူႀကီးသူမေတြ ဆိုဆုံးမတဲ့ စကားေလးပါ။

 

အခုေခတ္မွာေတာ့ “ဗိုင္းေကာင္းေက်ာက္ဖိ” ေနတဲ့ အမ်ိဳးသမီးေတြ၊ သိမ္ေမြ႕ႏူးညံ့တဲ့အမ်ိဳးသမီးေတြအတြက္ကေတာ့ လုံၿခဳံမႈေပးႏိုင္ျခင္းအလ်ဥ္းမရွိဘဲ အႏၲရာယ္ေတြသာ ေရာက္လာမွာျဖစ္ပါတယ္။

“နင္က ေနမွမေနတတ္တာ”
“ ဝတ္ထားတာကတိုျပတ္ေနတာပဲ၊ အစခံရတာ နည္းေသးတယ္” ဆိုတဲ့ စကားေတြက လူမႈပတ္ဝန္းက်င္မွာ အၿမဲၾကားေနရတာပါ။ ဒါက အေသးငယ္ဆုံးေသာအႏၲရာယ္တစ္ခုပဲ ရွိပါေသးတယ္။

 

ဒီ့ထက္ပိုဆိုးတဲ့ အႏၲရယ္ေတြမွာေတာင္ ပတ္ဝန္းက်င္က အမ်ိဳးသမီးေတြကိုသာ ရႈံ႕ခ်အျပစ္တင္ၾကတဲ့ ဉပမာေတြအမ်ားႀကီးရွိပါတယ္။ မိန္းမတစ္ေယာက္ျဖစ္တည္ရျခင္းက ထိုမိန္းမအတြက္ပဲ ျဖစ္ပါတယ္။ ဘယ္သူ႔ဘယ္သူအတြက္မွ မဟုတ္တဲ့အတြက္ မိန္းမတစ္ေယာက္ရဲ႕တန္ဖိုးကို ထိုမိန္းမသာပဲ ဆုံးျဖတ္ရမွာျဖစ္ပါတယ္။

ဒါေပမယ့္ ျမန္မာလူမ်ိဳးေတြေနထိုင္တဲ့ လူမႈဝန္းက်င္ ကေတာ့ မိန္းမသားေတြကို ရႈံခ်၊ မိန္းမ ဆိုတာနဲ႔ ေပ်ာ့ညံ့ျခင္းလို႔ ယူဆထားၿပီး ထိုမိန္းမ အႏၲရာယ္တစ္ခုခုနဲ႔ ႀကဳံေတြ႕လာတဲ့အခါ ကာကြယ္ေပးရမယ့္အစား ရႈံ႕ခ်ဖို႔သာ ဦးတည္တဲ့ လူမႈအဖြဲ႕အစည္းျဖစ္ပါတယ္။

 

ဒါေၾကာင့္ “ဖက္ေပၚဆူးက်လည္း ဖက္ေပါက္၊ ဆူးေပၚဖက္က်လည္း ဖက္ေပါက္” ဆိုတဲ့ အျဖစ္မ်ိဳးေတြမျဖစ္ရေအာင္ မိန္းမတိုင္း မိန္းမတိုင္း ကိုယ္ခံပညာရပ္တစ္ခုခုတတ္ေျမာက္ထားဖို႔လိုပါတယ္။ က်ားက်ားယားယား မိန္းမသား ဆိုတဲ့ စကားက ယဥ္ေက်းမႈရႈေထာင့္ကၾကည့္ရင္ အနည္းငယ္ မ်က္စိဆံပင္ေမႊးစူးစရာ စကားျဖစ္ေပမယ့္ လက္ေတြ႕ဘဝမွာေတာ့ ေယာက္်ားေတြနဲ႔ ရင္ေဘာင္တန္းႏိုင္ၿပီး ဘယ္သူ႔အကူအညီမွမလိုဘဲ ကို႔ကိုယ္ကို ကာကြယ္ႏိုင္တဲ့ ထက္ျမက္သန္မာရဲရင့္တဲ့ မိန္းမသားတစ္ေယာက္ ကို ကိုယ္စားျပဳပါတယ္။

အမ်ိဳးသမီးျဖစ္တာေၾကာင့္ ႏူးႏူးညံ့ညံ့ေနရမယ္ ဆိုတဲ့ ေခတ္ကို ေက်ာ္လြန္ၿပီး က်ားက်ားယားယားနဲ႔ အႏၲရာယ္ေတြကို ကာကြယ္လိုက္ပါ။ ကိုယ္ခံပညာတစ္ခုခုကို သင္ယူလိုက္ပါ။ “ ဖက္ေပၚဆူးက်လည္း ဆူးက်ိဳး၊ ဆူးေပၚဖက္က်လည္း ဆူးက်ိဳး” ျဖစ္ေအာင္ ကို႔ကိုယ္ကို ကာကြယ္ႏိုင္တဲ့ အမ်ိဳးသမီးမ်ား ျဖစ္ၾကပါေစ။

 

တိုက္ကြမ္ဒို၊ ကရာေတး၊ ဂ်ဴဒို အစရွိတဲ့ ကိုယ္ခံပညာရပ္မ်ားကို သင္ယူလိုပါက www.sayar.com.mm မွာ ၿမိဳ႕နယ္အသီးသီးမွာ ကိုယ္ခံပညာရပ္မ်ားကို သင္ျပေပးေနတဲ့ဆရာမ်ားကို အခမဲ့ ရွာေဖြႏိုင္ပါတယ္။

 

ကိုယ္ခံပညာသင္ၾကားေပးေနေသာ ဆရာ/ဆရာမမ်ားကို ရွာေဖြလိုပါလွ်င္
>>> Aikido - https://bit.ly/3pkV494
>>> Bando - https://bit.ly/2WOC4DD
>>> Boxing - https://bit.ly/2KEfZFm
>>> Karate - https://bit.ly/3mUXdqc
>>> Taekwondo - https://bit.ly/3hnTjoI
>>> Thaing Byaung Pyan (သိုင္းေျပာင္းျပန္) - https://bit.ly/3hkRSrh
>>> Wushu - https://bit.ly/3aNOJiy

Read times
Rate this articles
(0 votes)