အဲ့လို တစ်ဖက်သတ်ဆန်တဲ့လူတွေနဲ့ ကြုံတဲ့အခါ စဉ်းစားကြည့်လိုက်ပါ ကိုယ်လည်း အခက်အခဲမရှိဘူးဆို ရင်တော့ ကူညီလိုက်ပါ ကိုယ်အဆင်မပြေမှန်းသိရက်နဲ့ တမင်လုပ်တာဆိုရင်တော့ သူတို့တောင်ကိုယ့်ကို အားနာမှုမရှိလို့ ပြောတာပဲ ကိုယ်ကရော ဘာကြောင့် အားနာနေရမှာလည်း ကျွန်တော်တတော့ အဲလိုလေး တွေးမိပါတယ်။ စာဖတ်တဲ့ ပရိတ်သတ်ရော အဲလိုမျိုးကြုံလာတဲ့အခါ ဘယ်လိုဖြေရှင်းကြမလဲ အကြံဥာဏ် လေးတွေမျှဝေပြီး ဆွေးနွေးပေးကြပါဦးဗျာ။
ဘာသာစကားအသစ်တစ်ခုကို လေ့လာချင်ပါသလား ဒါမှမဟုတ် ယနေ့ခေတ်မှာ ခေတ်စားလာတဲ့ digital marketing အကြောင်းလေ့လာချင်ပါသလား၊ သင်တန်းသွားဖို့လည်း အချိန်မပေးနိုင်ဘူးဆိုရင်တော့ ကျွန်တော်တို့ sayar.com.mm မှာ ရှိတဲ့ ဆရာ ဆရာမများနှင့် ဆက်သွယ်လိုက်ပါ။
Scorpian
[Unicode Version]
တခါတလေပေ့ါ ကိုယ်လုပ်ချင်တာကို ဖြစ်ချင်ရာဖြစ်ဆိုပြီး လုပ်လိုက်ချင်တဲ့အချိန်တွေ ကြုံဖူးမှာပေါ့။ လက်တွေ့ရော လုပ်ဖြစ်လိုက်လား။ စိတ်ကူးသာသာပါပဲ။ ကျွန်တော်တို့ မြန်မာလူမျိုးတွေက အားနာ တတ်တယ်၊ ဖော်ရွေတယ်၊ ကူညီချင်တဲ့စိတ်တွေ အပြည့်ရှိတယ် ဒါကြောင့် တခုခုလုပ်တော့မယ်ဆိုရင် တခြားသူတွေကိုများ အနှောင့်အယှက်ဖြစ်နေမလားဆိုတာ အချိန်တွေအကြာကြီးပေးပြီး စဉ်းစားတတ် ကြတယ်။
ငါ့ကြောင့် တခြားသူတွေကို အဆင်မပြေဖြစ်သွားမှာလား၊ သူတို့အခက်အခဲ ကြံုသွားနိုင်လားဆိုတာကို စိတ်ပူတတ်ကြပါတယ်။ အဲ့ဒါကြောင့်ပဲ သူများအဆင်ပြေပါစေဆိုပြီး ကိုယ်အဆင်မပြေတာကို မေ့သွား တတ်ကြပါတယ်။
Recommended for you - Romantic ဆန်ဆန်ပြောဖို့ အချစ်အကြောင်း အီဒီယံ (၁၀) မျိုး
လက်တွေ့ကျကျ စဉ်းစားကြည့်ရအောင်ဗျာ…
ကျွန်တော်တို့ သူများတွေအဆင်ပြေအောင် စဉ်းစားပေးလုပ်ပေးနေပေမယ့် ကျွန်တော်တို့အတွက်ရော ကျွန်တော်တို့ အဆင်ပြေနေရဲ့လားဆိုပြီး ပြန်စဉ်းစားပေးကြရဲ့လား။ တော်တော်ကိုရှားမယ်ထင်ပါတယ်။ တခါတလေမှာ အားနာလို့ တစ်ဖက်နဲ့တစ်ဖက်မျက်နှာပျက်စရာတွေဖြစ်မှာစိုးလို့ ပြဿနာတွေမဖြစ်ချင်လို့ ကိုယ်အဆင်မပြေသော်ငြားလည်းပဲ အဆင်ပြေချင်ယောင်ဆောင်နေလိုက်ပြီး စိတ်ထဲက ပင်ပန်းနေတာတွေ ကြံုဖူးကြမှာပေါ့။
ကျွန်တော်ဆို ခဏခဏဖြစ်ဖူးပါတယ်၊ ကျွန်တော်ကိုယ်တိုင်ကလည်း အရမ်းအားနာတတ်တဲ့အတွက် အမြဲတမ်းကိုယ့်ဘက်က သည်းခံနေရတာ စိတ်ညစ်နေရတာ အမြဲစိတ်ပင်ပန်းနေတာမျိုး ကြံုရပါတယ်။ ကျွန်တော်က စိတ်ခံစားချက်ကိုလည်း ဘယ်သူ့ကိုမှ ထုတ်ပြောလေ့ရှိတဲ့အကျင့်မရှိတော့ ကိုယ်ပင်ပန်းနေတယ်ဆိုတာ ဘယ်သူမှ မသိဘူးပေါ့၊ တခါတလေ ကိုယ့်အမျိုးတွေထဲမှာလည်း ရှိတတ်ပါတယ်။ တစ်ဖက်သား အဆင်မပြေနိုင်တာကို သိရက်နဲ့ အကူအညီတောင်းသလိုမျိုး တမင်ခိုင်းတာ မျိုးတွေရှိပါတယ်။
Recommended for you - သာမန်ထက်ပိုတော်နေတယ်ဆိုတာ ဖော်ပြနေတဲ့အချက်များ
နောက်တော့ ကျွန်တော်စဉ်းစားမိလာတယ်။ သူတို့တောင် ကျွန်တော်ကိုအားမနာလို့ ဒီလိုမျိုးပြောတာ ဒီလို အပြုအမူတွေ လုပ်တာ ကျွန်တော်က ဘာဖြစ်လို့ သူတို့အတွက် စဉ်းစားပေးနေရမှာလည်း။ ဒီလိုလေးတွေးမိ တဲ့အခါ အနည်းငယ်စိတ်သက်သာလာတယ် သူတို့ကို မလုပ်ပေးလိုက်ရလို့လည်း အားနာနေတာမျိုးတွေ မခံစားရတော့ပါဘူး။
အဲ့လို တစ်ဖက်သတ်ဆန်တဲ့လူတွေနဲ့ ကြံုတဲ့အခါ စဉ်းစားကြည့်လိုက်ပါ ကိုယ်လည်း အခက်အခဲမရှိဘူးဆို ရင်တော့ ကူညီလိုက်ပါ ကိုယ်အဆင်မပြေမှန်းသိရက်နဲ့ တမင်လုပ်တာဆိုရင်တော့ သူတို့တောင်ကိုယ့်ကို အားနာမှုမရှိလို့ ပြောတာပဲ ကိုယ်ကရော ဘာကြောင့် အားနာနေရမှာလည်း ကျွန်တော်တတော့ အဲလိုလေး တွေးမိပါတယ်။ စာဖတ်တဲ့ ပရိတ်သတ်ရော အဲလိုမျိုးကြံုလာတဲ့အခါ ဘယ်လိုဖြေရှင်းကြမလဲ အကြံဉာဏ် လေးတွေမျှဝေပြီး ဆွေးနွေးပေးကြပါဦးဗျာ။
ဘာသာစကားအသစ်တစ်ခုကို လေ့လာချင်ပါသလား ဒါမှမဟုတ် ယနေ့ခေတ်မှာ ခေတ်စားလာတဲ့ digital marketing အကြောင်းလေ့လာချင်ပါသလား၊ သင်တန်းသွားဖို့လညး် အချိန်မပေးနိုင်ဘူးဆိုရင်တော့ ကျွန်တော်တို့ sayar.com.mm မှာ ရှိတဲ့ ဆရာ ဆရာမများနှင့် ဆက်သွယ်လိုက်ပါ။
Scorpian