တည္ျငိမ္ရင့္က်က္မွဳဆိုတာ အသက္အရြယ္အပိုင္းအျခားအေပၚ မူတည္ေနတာ မဟုတ္ပါဘူး။ ျဖတ္သန္းရတဲ့ ဘဝအေတြ႕အၾကံဳေပၚ မူတည္ပါတယ္။ အသက္ငယ္ ေနေပမယ့္လည္း ရင့္က်က္တဲ့သူ ရွိသလို တခ်ိဳ႕အသက္ၾကီးေပမယ့္လည္း မရင့္က်က္တဲ့သူေတြ အမ်ားၾကီးရွိပါတယ္။
စိတ္ခံစားခ်က္ တည္ျငိမ္ျပီး၊ ရင့္က်က္တဲ့သူတစ္ေယာက္ဟာ သူမေမွ်ာ္လင့္ထားတဲ့ကိစၥတစ္ခုခုနဲ႕ ၾကံဳရင္ေတာင္ တုန္လွဳပ္ေျခာက္ျခားတာမ်ိဳးမရွိဘဲ တည္တည္ျငိမ္ျငိမ္ ေျဖရွင္းနိုင္ပါတယ္။ တည္ျငိမ္ရင့္က်က္သူတို႔ရဲ႕ အမူအက်င့္ေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။
၁။ စြန္႔စားလိုစိတ္ရွိတယ္
သူတို႔ဟာ စိတ္ေခၚမႈအသစ္ေတြကို ရင္ဆိုင္လိုစိတ္ စြန္႔စားလိုစိတ္ရွိၾကပါတယ္။ အေတြ႔အႀကံဳအသစ္၊ အခြင့္အေရးအသစ္ေတြကို ရရွိဖို႕အတြက္ စြန္႕စားရဲၾကတဲ့သူေတြပါ။ က်ရံႈးမႈေတြႀကံဳခဲ့ရင္ေတာင္ သင္ခန္းစာယူၿပီး အနာဂတ္မွာ ပိုမိုေကာင္းမြန္ဖို႔ ႀကိဳးစားၾကသူေတြျဖစ္ပါတယ္။
Recommended for you - Y generation မ်ိဳးဆက္ေတြကို ဘာေၾကာင့္ အပ်င္းထူသူေတြအျဖစ္ ျမင္ေနရတာလည္း
၂။ တာဝန္ယူမႈရွိတယ္
သူတို႔လုပ္လိုက္တဲ့အျပဳအမူတစ္ခုအတြက္ တာဝန္ယူလိုစိတ္အျပည့္ရွိၾကပါတယ္။ တျခားသူေတြကို အျပစ္တင္ေစာမွာမဟုတ္ပါဘူး။ အမွားလုပ္ရင္လည္း ဝန္ခံေတာင္းပန္ရဲတဲ့သတၱိရွိပါတယ္။
၃။ ပြင့္လင္းတယ္
သူတို႔ဟာ သူတို႔ရဲ႕ စိတ္ထဲမွာျဖစ္ေပၚေနတဲ့ ထင္ျမင္ခ်က္ေတြ၊ ခံစားခ်က္ေတြကို ဖြင့္ေျပာဖုိ႔ဝန္မေလးတတ္ၾကပါဘူး။
၄။ ျငင္းရမွာမေၾကာက္ပါဘူး
တခ်ိဳ႕က ကိုယ္လည္းမလုပ္ခ်င္ဘဲ ကိုယ့္အတြက္လည္းအဆင္မေျပႏိုင္တဲ့ အလုပ္တစ္ခုကိုပဲျဖစ္ျဖစ္ အကူအညီတစ္ခုကိုပဲျဖစ္ျဖစ္ ျငင္းရမွာ အားနာတတ္ေလ့ရွိပါတယ္။ တည္ၿငိမ္ရင့္က်က္တဲ့သူေတြကေတာ့ ျငင္းရမွာ မေၾကာက္ပါဘူး။ အဲ့လို ျငင္းလိုက္လို႔ သူမ်ားကကိုယ့္ကိုယ္ စိတ္ေကာင္းမရွိဘူး မကူညီတတ္ဘူးလို႔ ထင္သြားမွာကိုလည္း မေၾကာက္ပါဘူး။
Recommended for you -သင့္မွာဒါေတြ႐ွိလား
၅။ အနာဂတ္နဲ႔ပတ္သက္လို႔ တိက်တဲ့ ပန္းတိုင္ရွိတယ္
သူတို႔ဟာ အနာဂတ္နဲ႔ပတ္သက္လို႔ အခ်ိန္ျဖဳန္းတာမ်ိဳးမရွိပါဘူး။ အတိတ္ကအမွားအတြက္လည္း ထိုင္ၿပီးေနာင္တရမေနဘဲ သင္ခန္းစာယူၿပီး ပိုမိုေကာင္းမြန္ေအာင္ တည္ေဆာက္တတ္ၾကသူေတြ ျဖစ္ပါတယ္။
Source; mystyle
[Unicode Version]
တည်ငြိမ်ရင့်ကျက်မှုဆိုတာ အသက်အရွယ်အပိုင်းအခြားအပေါ် မူတည်နေတာ မဟုတ်ပါဘူး။ ဖြတ်သန်းရတဲ့ ဘဝအတွေ့အကြုံပေါ် မူတည်ပါတယ်။ အသက်ငယ် နေပေမယ့်လည်း ရင့်ကျက်တဲ့သူ ရှိသလို တချို့အသက်ကြီးပေမယ့်လည်း မရင့်ကျက်တဲ့သူတွေ အများကြီးရှိပါတယ်။ စိတ်ခံစားချက် တည်ငြိမ်ပြီး၊ ရင့်ကျက်တဲ့သူတစ်ယောက်ဟာ သူမမျှော်လင့်ထားတဲ့ကိစ္စတစ်ခုခုနဲ့ ကြံုရင်တောင် တုန်လှုပ်ခြောက်ခြားတာမျိုးမရှိဘဲ တည်တည်ငြိမ်ငြိမ် ဖြေရှင်းနိုင်ပါတယ်။ တည်ငြိမ်ရင့်ကျက်သူတို့ရဲ့ အမူအကျင့်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
၁။ စွန့်စားလိုစိတ်ရှိတယ်
သူတို့ဟာ စိတ်ခေါ်မှုအသစ်တွေကို ရင်ဆိုင်လိုစိတ် စွန့်စားလိုစိတ်ရှိကြပါတယ်။ အတွေ့အကြံုအသစ်၊ အခွင့်အရေးအသစ်တွေကို ရရှိဖို့အတွက် စွန့်စားရဲကြတဲ့သူတွေပါ။ ကျရှုံးမှုတွေကြံုခဲ့ရင်တောင် သင်ခန်းစာယူပြီး အနာဂတ်မှာ ပိုမိုကောင်းမွန်ဖို့ ကြိုးစားကြသူတွေဖြစ်ပါတယ်။
Recommended for you - Y generation မျိုးဆက်တွေကို ဘာကြောင့် အပျင်းထူသူတွေအဖြစ် မြင်နေရတာလည်း
၂။ တာဝန်ယူမှုရှိတယ်
သူတို့လုပ်လိုက်တဲ့အပြုအမူတစ်ခုအတွက် တာဝန်ယူလိုစိတ်အပြည့်ရှိကြပါတယ်။ တခြားသူတွေကို အပြစ်တင်စောမှာမဟုတ်ပါဘူး။ အမှားလုပ်ရင်လည်း ဝန်ခံတောင်းပန်ရဲတဲ့သတ္တိရှိပါတယ်။
၃။ ပွင့်လင်းတယ်
သူတို့ဟာ သူတို့ရဲ့ စိတ်ထဲမှာဖြစ်ပေါ်နေတဲ့ ထင်မြင်ချက်တွေ၊ ခံစားချက်တွေကို ဖွင့်ပြောဖို့ဝန်မလေးတတ်ကြပါဘူး။
၄။ ငြင်းရမှာမကြောက်ပါဘူး
တချို့က ကိုယ်လည်းမလုပ်ချင်ဘဲ ကိုယ့်အတွက်လည်းအဆင်မပြေနိုင်တဲ့ အလုပ်တစ်ခုကိုပဲဖြစ်ဖြစ် အကူအညီတစ်ခုကိုပဲဖြစ်ဖြစ် ငြင်းရမှာ အားနာတတ်လေ့ရှိပါတယ်။ တည်ငြိမ်ရင့်ကျက်တဲ့သူတွေကတော့ ငြင်းရမှာ မကြောက်ပါဘူး။ အဲ့လို ငြင်းလိုက်လို့ သူများကကိုယ့်ကိုယ် စိတ်ကောင်းမရှိဘူး မကူညီတတ်ဘူးလို့ ထင်သွားမှာကိုလည်း မကြောက်ပါဘူး။
Recommended for you -သင့်မှာဒါတွေရှိလား
၅။ အနာဂတ်နဲ့ပတ်သက်လို့ တိကျတဲ့ ပန်းတိုင်ရှိတယ်
သူတို့ဟာ အနာဂတ်နဲ့ပတ်သက်လို့ အချိန်ဖြုန်းတာမျိုးမရှိပါဘူး။ အတိတ်ကအမှားအတွက်လည်း ထိုင်ပြီးနောင်တရမနေဘဲ သင်ခန်းစာယူပြီး ပိုမိုကောင်းမွန်အောင် တည်ဆောက်တတ်ကြသူတွေ ဖြစ်ပါတယ်။