ဒစ်ဂျစ်တယ် ဈေးကွက်မြှင့်တင်ရေးသမား / Digital Marketer
ဘာသာပြန် / Translator
[Unicode Version]
ခုခေတ်လူငယ်တွေက နည်းပညာတွေနဲ့ကြီးပျင်းလာတဲ့အတွက် အလုပ်အကိုင်အခွင့်အလမ်းဆိုတာ မရှားပါးတော့ပါဘူး။ ကိုယ့်ဆီမှာသာ အင်္ဂလိပ်စာကိုကျွမ်းကျင်ပိုင်နိုင်မယ်ဆိုရင် ကျောင်းမပြီးသေးရင် တောင် အွန်လိုင်းပေါ်ကနေ အချိန်ပိုင်းအလုပ်တွေ freelance အလုပ်တွေကို လုပ်ကိုင်နိုင်ပါတယ်။ ကုမ္ပဏီမှာလုပ်ရသလိုမျိုး ကိုယ့်ကိုယ်ချုပ်နှောင်ထားတာကို မကြိုက်တဲ့သူတွေ freelance လုပ်ချင်တဲ့သူ တွေအတွက် သင့်တော်တဲ့ အွန်လိုင်းအလုပ် (၆) မျိုး။
ဒစ်ဂျစ်တယ် စျေးကွက်မြှင့်တင်ရေးသမား / Digital Marketer
ဒစ်ဂျစ်တယ်စျေးကွက် မြှင့်တင်ရေးသမားတွေက အခြေခံအားဖြင့် လူမှုကွန်ယက်တွေ၊ ဝက်ဘ်ဆိုက်တွေ၊ ဖိုရမ်တွေအစရှိသဖြင့် ဒစ်ဂျစ်တယ်ပလက်ဖောင်းတွေမှာ လုပ်ကိုင်ရတာ ဖြစ်ပါတယ်။ ဒါကြောင့် ကုမ္ပဏီတွေ တော်တော်များများက သူတို့ရဲ့ အမှတ်တံဆိပ်တွေအတွက် အွန်လိုင်းမှာ အမြဲရှိနေဖို့၊ အပြန်အလှန် တုန့်ပြန် ဖြေကြားမှုတွေ လုပ်ဖို့ အဝေးကနေ လုပ်ပေးမယ့်သူတွေကို ရွေးချယ်လာကြတယ်ဆိုတာ နားလည်လွယ်ကြ မှာပါ။ ဒါကြောင့် ဒီအချက်ကပဲ အင်္ဂလိပ်လိုပြောဆိုတတ်တဲ့ဒီဇိုင်နာ၊ Google Adwords specialists တွေ၊ လူမှုကွန်ယက်စာမျက်နှာကို ကိုင်တွယ်ကြီးကြပ်ပေးသူ social media administrators တွေအတွက် အခြားသော အလားအလာရှိတဲ့ အွန်လိုင်းအလုပ်တွေကို ဖြစ်ပေါ်လာစေပါတော့တယ်။ ဒီအလေ့အကျင့်က အများစုလုပ်နေကျလိုဖြစ်လာပြီး နိုင်ငံပေါင်း ၂ နိုင်ငံ သို့မဟုတ် ၃ နိုင်ငံလောက်မှာ အခြေစိုက်နေထိုင်သူ တွေနဲ့ ဖွဲ့စည်းထားတဲ့ ဒစ်ဂျစ်တယ်စျေးကွက်မြှင့်တင်ရေးအဖွဲ့တွေကို ရှာတွေ့နိုင်ပါတယ်။
Recommended for you - ကျွန်တော်ဘာခေါင်းစဉ် တပ်သင့်လဲ
ပရိုဂရမ်မာ Programmer / ဆော့ဖ်ဝဲရေးသားသူ Developer
အိမ်မှာနေရင်းနဲ့ လုပ်နိုင်တဲ့ နည်းပညာဆိုင်ရာ အလုပ်တစ်ခုကတော့ programmer or software developer အလုပ်ပဲ ဖြစ်ပါတယ်။ ဒီအလုပ်တွေက ပရောဂျက်တွေကို အခြေခံပြီး လုပ်ရတာဖြစ်လို့ သင့်အနေနဲ့ အချိန်ပြည့်ရုံးသွားမလိုတော့ပါဘူး။ အမှန်ကတော့ ဆောဖ်ဝဲရေးသားသူတော်တော်များများက အွန်လိုင်းကနေပဲ အလုပ်လုပ်ဖို့ ရွေးချယ်လာကြပါတယ်။ ဒါကြောင့် သူတို့က အခြားနယ်ပယ်များစွာမှ ဖောက်သည် Client တွေနဲ့ နယ်ပယ်စုံက ပရောဂျက်တွေကို တွေ့ကြုံလုပ်ကိုင်နိုင်ပါတယ်။ အင်တာနက် ဆက်အသုံးပြုပြီးလုပ်တဲ့အခါ အင်တာနေရှင်နယ် ဖောက်သည်တွေနဲ့လည်း အဆက်အသွယ်ရနိုင်ပါတယ်။ ဒီအလုပ်အကိုင်အတွက်ဆိုရင်တော့ သင်ဆီမှာ programming language တစ်ခုခုတတ်မြောက်ထားဖို့ပြီး နည်းပညာဗဟုသုတရှိဖို့လိုအပ်ပါတယ်။ အင်္ဂလိပ်စာပါ ကျွမ်းကျင်မယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့။ သင့်ဝင်ငွေကိုလည်း အတိုင်းအဆမရှိ ပိုမိုတိုးတက်လာစေမှာ ဖြစ်ပါတယ်။
Recommended for you - Y generation တွေကို ဘာကြောင့် အပျင်းထူသူ တွေအဖြစ် မြင်နေရ တာလည်း
ဘာသာပြန် / Translator
အင်္ဂလိပ်လိုပြောနိုင်တဲ့သူတွေအတွက် မည်သည့်အွန်လိုင်းအလုပ်မှာ မဆိုမပါမဖြစ် ရွေးချယ်ရမယ့် အလုပ်တစ်ခုကတော့ ဘာသာပြန်တွေပါပဲ။ သင်ဘာသာပြန်မယ့်အရာတွေကတော့ စာအုပ်တွေ၊ စာချုပ်စာတမ်းတွေ၊ ရုပ်သံစီးရီးတွေနဲ့ စျေးကွက်မြှင့်တင်ရေးဆိုင်ရာ အရောင်းစားရင်းဇယား၊ အခြားစာရွက်စာတမ်းတွေစသဖြင့် ရှိပါမယ်။ ရုပ်သံစီးရီးတွေ ရုပ်ရှင်တွေမှာ ဘာသာပြန်စာတန်း ထိုးပေးတဲ့ အလုပ်တွေဆိုရင် ပိုတောင်စိတ်ဝင်စားဖို့ကောင်းပါတယ်။ ရုပ်ရှင်လည်းကြည့်ရတယ် အင်္ဂလိပ်စာလည်း လေ့လာပြီးသားဖြစ်တယ်။ အင်္ဂလိပ်စာကျွမ်းကျင်မှုရှိခြင်းက ကမ္ဘာတစ်ဝန်းမှာ အရေးကြီးတဲ့ဘာသာစကား တစ်ခုပါ။ ဒါအပြင်သင့်အနေနဲ့ ဘာသာစကားတွေကို ပိုပြီးကျွမ်းကျင်မှုရှိလေ၊ အွန်လိုင်းဘာသာပြန်သူ တစ်ဦးအနေနဲ့ပိုပြီး ဝင်ငွေကောင်းကောင်းရှာဖွေနိုင်လေ ဖြစ်မှာပါ။
Credit; wallstreetenglish