ကျနော်တို့ဟာ လူရာဝင်ချင်ကြပါတယ်၊ အဖွဲ့ကျချင်ပါတယ်၊ အသိအမှတ်ပြုခံချင်ပါတယ်။ ပြီးရင် သူများတကာ လေးလေးစားစား ဆက်ဆံတာကို အရသာ တွေ့တတ်ပါတယ်။
လူရာဝင်ချင်တော့ လူတောတိုးဖို့ မသိမသာဖြစ်ဖြစ်၊ သိသိသာသာဖြစ်ဖြစ် ကြိုးစားတတ်ကြပါတယ်။ facebook ခေတ်ကြီးဆိုတာ ဆက်သွယ်ရတာ လွယ်ကူတယ်လေ၊ အဲလိုနဲ့ အဖွဲအမျိုးမျိုး၊ အသင်းအမျိုးမျိုးကို ၀င်ရောပါတယ်။ သူများအကြိုက်ဆောင် အလိုက်အထိုက် နေထိုင်ပေးရပါတယ်။
အဲ…အကျိုးဆက်ကတော့ ရင်ထဲက ဟာတာတာ ခံစားမူ ပပျောက်မသွားတဲ့အပြင် အခန့်မသင့်ရင် အချိုန်ကုန်၊ လူပမ်း၊ ကြာလေနှစ်လေ၊ နှစ်လေ ကိုယ်ပိုင်အချိန်ဆုံးရူံးရလေ ဖြစ်တတ်ပါတယ်။ ကြာလာတော့ စိတ်ပါ ပင်ပမ်းနွမ်းနယ် လာတတ်ပါတယ်။ Social ကျတဲ့လူတွေကို ဆိုလိုတာပါ။
တကယ်တော့ အသိအမှတ်ပြုခံချင်တယ်၊ အဖွဲ့ကျချင်တယ် ဆိုတာ လူရာဝင်ချင်တာပါ။ အထီးကျန်မူကို ကြောက်ရွံစိုးရိမ်တာလည်း ပါပါတယ်။ ကဗျာထဲ စာထဲ ရုပ်ရှင်ဇတ်လမ်းထဲမှာ အထီးကျန်တာကို အနေရခက်တဲ့သဘောနဲ့ ဖေါ်ပြကြတာများပါတယ်။
သုတေသနအရ အထီးကျန်မူကို အရောတ၀င် နေထိုင်တတ်ခြင်းဟာ ဘ၀မှာ အရေးကြီးလှတဲ့ အရည်အချင်း တစ်ရပ်လို့ ဆိုပါတယ်။ စာဖတ်လို့ ကောက်မှတ်ထားတဲ့ အထီးကျန်တာနဲ့ ပတ်သက်တဲ့ နိုင်ငံခြားပညာရှင်များရဲ့ အဆိုကို လေ့လာကြည့်ကြရအောင်....
“ အထီးကျန်ခြင်းကို အဆင်ပြေပြေခံစားတတ်ပါစေ၊ လူမူရေးနယ်ပယ်ကို အချိန်အခါသင့် ကင်းလွတ်တတ်ပါစေ၊ မိမိကိုယ်ကို မိမိ နေထိုင်တတ်ဖို့ အလေ့အကျင့်ရပါစေ။
“ အဖွဲ့ကျတာထက် အထီးကျန်ခြင်းက လူ့ဘ၀ကို ပိုမိုတိုးတက်အောင် စွမ်းဆောင်စေနိုင်ပါတယ်။”
“ ရင့်ကျက်ခြင်းဆိုတာ အထီးကျန်ခြင်းကို နားလည်သဘောပေါက်ခြင်း၊ လက်ခံခြင်းနှင့် ခံစားတတ်ခြင်း" ဖြစ်ပါတယ်။
“ အထီးကျန်တဲ့အချိန်မှာသာ ကိုယ့်ကိုယ်ကို စမ်းစစ်နိုင်စွမ်းရှိပါတယ်။ ကိုယ့်ကိုယ်ကို စမ်းစစ်တတ်ခြင်းဟာ တိုးတက်မူကို ဖြစ်ပေါ် စေတဲ့အပြင် ဥာဏ်ပညာကို တိုးပွားစေပါတယ်။”
“ ကျနော်တို့ဟာ အထီးကျန်မူကို လိုအပ်ပါတယ်။ အထီးကျန်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ကိုယ့်ကိုယ်ကို စမ်းစစ်မှုလာက် ဘ၀ကို တန်ဖိုးဖြစ်စေတဲ့အရာ မရှိတော့ပါဘူး”
Recommended for you - စက်ဘီးပြင်သမားကနေ သန်းကြွယ်သူဌေး ဖြစ်လာသူ
“ အထီးကျန်ခြင်းဆိုတာ ကိုယ့်အတွင်းစိတ်ကို ပြန်လည်ဆက်သွယ်ဖို့ အခွင့်ကောင်းဖြစ်ပါတယ်။ သူများနဲ့ ဆက်သွယ်စရာ မလိုတဲ့အချိန်အခါမျိုးမှာသာ ကျနော်တို့ဟာ ကိုယ့်ကိုယ်ကို ကောင်းကောင်းဆက်သွယ်လို့ ရတာပါ။”
“ အတွင်းစိတ်ငြိမ်သက်ဖို့ အထီးကျန်မူကို အရောဝင်ဖို့ လိုပါတယ်။”
“ မိမိကိုယ်မိမိ အဆင်ပြေပြေ နေတတ်ခြင်းဟာ (သို့) အထီးကျန်မူနဲ့ အဆင်ပြေခြင်းဟာ အတွင်းစိတ်ကြွယ်ဝ မူတစ်မျိုးဖြစ်ပါတယ်။”
“ လောကကြီးမှာ သင့်ကို တကယ်နားလိုဖို့ သင်ကိုယ်တိုင်ကလွှဲလို့ ဘယ်သူ့မှာမှ တာဝန်မရှိပါဘူး”
“ အထီးကျန်ခြင်းကို ကြောက်ရွှံ့လို့ ၊ အထီးကျန်မူကို မောင်းထုတ်ဖို့ ကြိုးစားနေခြင်းဟာ အထီးကျန်အဖြစ်ဆုံးပါပဲ”
“ ဆက်ဆံရေးကောင်းမွန်ခြင်းဟာ လူတစ်ယောက်ရဲ့ ပြင်ပတန်ဖိုးကို ဖေါ် ပြကောင်းဖေါ် ပြနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ အထီးကျန်တတ်ခြင်းဟာ လူတစ်ယောက်ရဲ့ အတွင်းတန်ဖိုးကို သက်သေပြလျက်ရှိတယ်။”
ဆိုလိုတာက အောင်မြင်တဲ့ နိုင်ငံရေးသမား၊ သိပ္ဗံပညာရှင်များ၊ လုပ်ငန်းရှင်များ၊ စာရေးဆရာများ စသည်တို့ဟာ အထီးကျန်ခြင်းနဲ့ အရောဝင် အဆင်ပြေသူများ ဖြစ်ကြပါတယ်။ တိုးတက်ချင်ရင် ကိုယ့်ကိုယ်ကို စမ်းစစ်တတ်ရပါမယ်။ ကိုယ့်ကိုယ်ကို စမ်းစစ်ဖို့ မိမိတစ်ဦးတည်း နေပြီး တည်တည်ငြိမ်ငြိမ် ဖြစ်ဖို့လိုပါတယ်။ အဲဒီ တစ်ယောက်တည်း နေတတ်ခြင်းဟာ အထီးကျန်ခြင်းနဲ့ အရောတ၀င်ရှိခြင်းပါပဲ။
အတွင်းစိတ်အားကောင်းသူများ ဖြစ်နိုင်ကြပါစေ။
ဘာသာစကားအသစ်တွေ သင်ယူချင်ပေမယ့် သင်တန်းသွားတက်ဖို့ အချိန်မပေးနိုင်ဖြစ်နေပါသလား။ စိတ်မပူပါနဲ့။ sayar.com.mmတွင် ရှာဖွေလိုက်ပါ ... သင့်ဆီတိုက်ရိုက်လာသင်ပေးနိုင်တဲ့ အရည်အချင်း ပြည့်ဝပြီး ဘာသာစကားအသစ်တွေကို သင်ကြားပေးနိုင်မယ့် ဆရာတွေ ရှိပါတယ်။
သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဖြစ်နေပါက ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ registerလုပ်ပြီး စတင်လိုက်ပါ။
Ref: we chat
Credit to Sayar Aung Ko Latt
Recommended for you - သင့်ကို ယခုထက်ပိုတော်စေနိုင်မယ့် အချက် ၇ ချက်