×

Warning

JUser: :_load: Unable to load user with ID: 81428


Motivate

Wednesday, 26 December 2018

စိတ်ဓာတ်ကျ အားငယ်ဝမ်းနည်းတဲ့အခါ ဒီ ၅ ချက်ကိုသတိရပါ။

အရာအားလုံးကို အရှုံးပေးပြီး ထွက်သွားချင်စိတ်တွေပေါ်နေပြီလား။ ဒီလိုခံစားနေရတာ မင်းတစ်ယောက်တည်းမဟုတ်ပါဘူး။ ဒီအချိန်မှာ လက်လျှော့အရှုံးပေးလိုက်ဖို့ အရမ်းစောနေပါသေးတယ်။

၁။ ကံတရားကို မင်းပိုင်ပါတယ်။

ကံ ဆိုတာ အလုပ်ပါပဲ။ အရှုံးပေးတဲ့အလုပ်ကို လုပ်နေသရွေ့တော့ ရှုံးနိမ့်ခြင်းကို မင်းခံစားနေရမှာပါ။ ဘ၀ဟာ တိုတောင်းပါတယ်။ ဒီလို တိုတောင်းတဲ့ အချိန်လေးမှာ မင်းပိုင်ဆိုင်ရမယ့် သိမ်းပိုက်ရမယ့် အရာတွေ အများကြီး ကျန်နေပါသေးတယ်။ ရန်လို တိုက်ခိုက် ထိုးနှက်နေ သူတွေရဲ့ လုပ်ရပ်တွေကို ခံစားနာကျဉ်းနေဖို့ မင်းမှာ အချိန်တွေ အဲ့လောက်ပိုမနေပါဘူး။ သူတို့တွေကို ခေါင်းထဲက ထုတ်ပစ်လိုက်ပြီး ရှေ့ဆက်ဖို့ အတွက် အကောင်းဆုံး ဗျူဟာခင်းပြင်ဆင်ပါတော့။

၂။ ကိုယ့်မှာရှိနေတာတွေကို တန်ဖိုးထားပါ။

သူများနဲ့ ကိုယ်နဲ့ မနှိုင်းယှဉ်ပါနဲ့။ သူ့ဘ၀ နဲ့သူ ကိုယ့်ဘ၀နဲ့ကိုယ်ပါ။ မင်းမှာရှိနေပြီး သူ့မှာလိုအပ်နေတာတွေ အများကြီးပါပဲ။ သူ့မှာ ရှိနေတဲ့ အရာတွေလည်း မင်းဆီမှာ ရှိချင်မှရှိနေပါလိမ့်မယ်။ ရှိခြင်း မရှိခြင်းတွေကို နှိုင်းယှဉ်နေ သရွေ့တော့ ပူလောင်နေမှာပါပဲ။ ဘ၀ဆိုတာ ပျော်ရွှင်မှု ကို စားသုံးရတဲ့ပြိုင်ပွဲပါ။ ပျော်ရွှင်မှုအတုတွေဟာ ဘ၀ကိုအဆိပ်သင့်စေပါတယ်။ ပျော်ရွှင်မှု အစစ်အမှန်ကိုမြင်တတ်ပါစေ။

၃။ ကိုယ့်ကိုယ်ကိုယ် ခြယ်လှယ်ပါ။

ကိုယ့်ဘ၀ ကို တခြားသူရဲ့ စိုးမိုးခြယ်လှယ်မှုအောက်မှာ မဖြုန်းတီးပါနဲ့။  ကိုယ်ပိုင်ဆုံးဖြတ်ချက်များကို ရဲရဲဝံ့ဝံ့ချပြီး အပြည့်အ၀တာဝန်ယူကာ နောင်တကင်းကင်းရှင်သန်ပါ။ ကိုယ့်ကိုယ်ကိုယ် မညှာမတာခိုင်းစေရင်း ကိုယ်ကိုယ် တိုင်သာ ကိုယ့်သခင် အဖြစ်နေရာယူပါ။

၎။ စကားလုံးတွေကို သီချင်းသံအဖြစ်ခံစားပါ။

မင်းအရမ်းညံ့တယ်၊ ဘယ်တော့မှ အောင်မြင်လာမှာ မဟုတ်ဘူး၊ ဒီလိုစကားသံတွေကို သီချင်းသံအဖြစ်ပြောင်းလဲ ခံစားလိုက်ပါ။ ၀မ်းနည်း စရာ ကောင်းတဲ့ သီချင်းတစ်ပုဒ်ကို နားထောင်ပြီး လိုက်ဝမ်းနည်းလို့ရပါတယ်။ ဒါပေမယ့် အဲ့ဒီဝမ်းနည်းမှုက တာရှည်မခံဘူးလေ။

၅။ ဒါဟာ မင်းဘ၀ပါ။

မင်းအခုရှင်သန်နေတာ မင်းရဲ့ ကိုယ်ပိုင်ဘ၀ပါ။ ဒါ့ကြောင့် သူများဘ၀ထဲဝင်ပြီး သူရဲကောင်းမဖြစ်ချင်ပါနဲ့။ ကိုယ့်ဘ၀ထဲကိုလည်း သူရဲကောင်း အငှားမထည့်ချင်စမ်းပါနဲ့။ ဘ၀ဟာ ရုပ်ရှင်တစ်ခုဆိုရင် ဇာတ်လိုက်သူရဲကောင်းကြီး က အနိုင်ရရှိသွားမှသာ ဇာတ်သိမ်းကောင်းတစ်ခု ဖြစ်လာ မှာပါ။

source: chitchat myanmar

 

Read times Last modified on Thursday, 30 January 2020 14:23
Rate this articles
(2 votes)