ဘယ်အချိန်မှာ ပျော်ဖို့ စဉ်းစားလဲ
ကျွန်တော် သင်္ဘောသားဘ၀ က အထက်အရာရှိတစ်ယောက်ပြောတာလေး ပြန်သတိရမိတယ်။
တစ်ခါ စကားလက်ဆုံကျရင်းသူက သူ့ဘဝအကြောင်း ကျွန်တော့်ကို ပြောပြတယ်။ " ညီရယ်အစက လစာမကောင်းတုန်းက ကျပ်တည်းသလို လစာကောင်းလာတော့လည်း သူ့အထွာနဲ့သူ ကျပ်တည်းတာပါပဲ။ အစက အိမ်ကသေးသေးလေး၊ တီဗီလည်း မရှိ၊ ကားလည်းမရှိ၊ မိန်းမက ချွေတာသုံးစွဲပြီးနေခဲ့တယ်။ အခုတော့ ဖုန်းတွေပေါ်လာ၊ ကားတွေရှိလာတော့လည်း အသုံးစရိတ်တွေက ဝင်ငွေတက်လာာသလို လိုက်တက်လာတာပါပဲ။ သေချာစဉ်းစားကြည့်တော့ မထူးပါဘူးကွာ " တဲ့။ သူပြော သွားတဲ့စကားက တကယ်ကိုမှန်ပါတယ်။
လူတစ်ယောက်မှာ ဝင်ငွေတွေ တိုးလာတာနဲ့ ထွက်ငွေတွေကလည်း များလာပါတယ်။ ပိုက်ဆံတွေများလို့ ငွေရှာတာ ရပ်တော့မယ်ဆိုတဲ့ သူဌေး တော်တော်ရှားပါတယ်။ အားလုံးက ဒီထက်သာအောင် အမြဲကြိုးစားရင်းနဲ့ပဲ ဘဝကုန်ဆုံးသွားတတ်ကြပါတယ်။ ဒီတော့ ဘယ်အချိန်ပျော် ကြမှာလဲ၊ သင်ရော ဘယ်အချိန်ပျော်ဖို့ စဉ်းစားထားလဲ။ စဉ်းစားနေရင် ကြာပါတယ်။ အခု ပျော်ဖို့ပဲ ကြိုးစားပါ။ နေ့တိုင်း ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းပါ။
သင့်အပေါ် ခြင် နားရင် သင်ဘာလုပ်လဲ။ မောင်းထုတ်မယ် သို့မဟုတ် ရိုက်မယ် မဟုတ်လား။ အဲဒီလိုပဲ သင့်ရဲ့ပျော်ရွှင်ခြင်းကိုထိခိုက်မယ့်အရာတွေ သင့်စိတ်ပေါ်မှာ လာနားရင် မောင်းထုတ်ပစ်ပါ။ အနားမခံပါနဲ့။ သူတို့ကတော့ အနည်းနဲ့အများလာနားကြမှာပါပဲ။ အကြာကြီးလာမနားအောင်လုပ်ရမှာက သင့်တာဝန်ပါ။ သူတို့ကိုအကြာကြီး နားခွင့်ပေးလိုက်ရင်တော့ သင်ပဲ ကျန်းမာရေးချို့ယွင်းလာမှာပါ။
ကိုယ်သွားချင်တဲ့ ပန်းတိုင်ကိုရောက်အောင်သွားပါ။ သွားနေစဉ် နေ့တိုင်းမှာလည်း ပျော်အောင်နေပါ။ ချာလီချက်ပလင် ကတစ်ခါပြောဖူးတယ် " မရယ်ဘဲနေတဲ့ နေ့တနေ့က ဖြုန်းတီးပစ်လိုက်တဲ့နေ့တစ်နေ့ပဲ " တဲ့ ။ ဒါကြောင့် နေ့တိုင်း ပြုံးမိအောင် ပြုံးပါ။ ရယ်မိအောင် ရယ်ပါ။ ပျော်ရွှင်ခြင်းဟာ အဝေးကြီးမှာ မဟုတ်ပါဘူး။ သင့်အနားမှာပဲရှိပပါတယ်။ သင်တွေ့အောင် ကြည့်ဖို့ပဲ လိုတာပါ။
ဆရာမိုးရှင်း(IMT) ၏လက်ဆောင်စာအုပ်ထဲမှကောက်နှုတ်ဖော်ပြထားပါသည်။
(Zaw gyi)
ဘယ္အခ်ိန္မွာ ေပ်ာ္ဖို႔ စဥ္းစားလဲ
ကြ်န္ေတာ္ သေဘၤာသားဘ၀ က အထက္အရာရွိတစ္ေယာက္ေျပာတာေလး ျပန္သတိရမိတယ္။ တစ္ခါ စကားလက္ဆံုက်ရင္းသူက သူ႔ဘ၀အေၾကာင္း ကြ်န္ေတာ့္ကို ေျပာျပတယ္။ " ညီရယ္အစက လစာမေကာင္းတုန္းက က်ပ္တည္းသလို လစာေကာင္းလာေတာ႔လည္း သူ႔အထြာနဲ႔သူ က်ပ္တည္းတာပါပဲ။ အစက အိမ္ကေသးေသးေလး၊ တီဗီလည္း မရွိ၊ ကားလည္းမရွိ၊ မိန္းမက ေခြ်တာသံုးစြဲျပီးေနခဲ့တယ္။ အခုေတာ့ ဖုန္းေတြေပၚလာ၊ ကားေတြရွိလာေတာ့လည္း အသံုးစရိတ္ေတြက ၀င္ေငြတက္လာာသလို လိုက္တက္လာတာပါပဲ။ ေသခ်ာစဥ္းစားၾကည့္ေတာ့ မထူးပါဘူးကြာ " တဲ့။ သူေျပာ သြားတဲ့စကားက တကယ္ကိုမွန္ပါတယ္။
လူတစ္ေယာက္မွာ ၀င္ေငြေတြ တိုးလာတာနဲ႔ ထြက္ေငြေတြကလည္း မ်ားလာပါတယ္။ ပိုက္ဆံေတြမ်ားလို႔ ေငြရွာတာ ရပ္ေတာ့မယ္ဆိုတဲ့ သူေဌး ေတာ္ေတာ္ရွားပါတယ္။ အားလံုးက ဒီထက္သာေအာင္ အျမဲၾကိဳးစားရင္းနဲ႔ပဲ ဘ၀ကုန္ဆံုးသြားတတ္ၾကပါတယ္။ ဒီေတာ့ ဘယ္အခ်ိန္ေပ်ာ္ ၾကမွာလဲ၊ သင္ေရာ ဘယ္အခ်ိန္ေပ်ာ္ဖို႔ စဥ္းစားထားလဲ။ စဥ္းစားေနရင္ ၾကာပါတယ္။ အခု ေပ်ာ္ဖို႔ပဲ ၾကိဳးစားပါ။ ေန႔တိုင္း ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ျဖတ္သန္းပါ။
သင့္အေပၚ ျခင္ နားရင္ သင္ဘာလုပ္လဲ။ ေမာင္းထုတ္မယ္ သို႔မဟုတ္ ရိုက္မယ္ မဟုတ္လား။ အဲဒီလိုပဲ သင့္ရဲ႕ေပ်ာ္ရႊင္ျခင္းကိုထိခိုက္မယ့္အရာေတြ သင့္စိတ္ေပၚမွာ လာနားရင္ ေမာင္းထုတ္ပစ္ပါ။ အနားမခံပါနဲ႔။ သူတို႕ကေတာ့ အနည္းနဲ႔အမ်ားလာနားၾကမွာပါပဲ။ အၾကာၾကီးလာမနားေအာင္လုပ္ရမွာက သင့္တာ၀န္ပါ။ သူတို႔ကိုအၾကာၾကီး နားခြင့္ေပးလိုက္ရင္ေတာ႔ သင္ပဲ က်န္းမာေရးခ်ိဳ႔ယြင္းလာမွာပါ။
ကိုယ္သြားခ်င္တဲ့ ပန္းတုိုင္ကိုေရာက္ေအာင္သြားပါ။ သြားေနစဥ္ ေန႔တိုင္းမွာလည္း ေပ်ာ္ေအာင္ေနပါ။ ခ်ာလီခ်က္ပလင္ ကတစ္ခါေျပာဖူးတယ္ " မရယ္ဘဲေနတဲ႔ ေန႔တေန႔က ျဖဳန္းတီးပစ္လိုက္တဲ႔ေန႔တစ္ေန႔ပဲ " တဲ႔ ။ ဒါေၾကာင့္ ေန႔တိုင္း ျပံဳးမိေအာင္ ျပံဳးပါ။ ရယ္မိေအာင္ ရယ္ပါ။ ေပ်ာ္ရႊင္ျခင္းဟာ အေ၀းၾကီးမွာ မဟုတ္ပါဘူး။ သင့္အနားမွာပဲရွိပပါတယ္။ သင္ေတြ႔ေအာင္ ၾကည့္ဖို႔ပဲ လိုတာပါ။
ဆရာမိုးရွင္း(IMT) ၏လက္ေဆာင္စာအုပ္ထဲမွေကာက္ႏႈတ္ေဖာ္ျပထားပါသည္။