၂၀၂၁ ကို ခွန်အားရှိရှိနဲ့ တက်လှမ်းသွားနိုင်ဖို့အတွက်…
တစ်ကမ္ဘာလုံးကို တုန်လှုပ်ခြောက်ခြားစေတဲ့ ၂၀၂၀ နှစ်ကြီးကုန်တော့မယ်ဆိုတဲ့ နောက်လာမယ့် နှစ်သစ်မှာ စိတ်သစ်၊လူသစ်၊ ခွန်အားသစ်တွေနဲ့ ရှေ့ဆက်ကြနိုင်ဖို့အတွက် အင်အားဖြစ်စေမယ့် Quotes လေးတွေကို စုစည်းတင်ပြလိုက်ရပါတယ်။
(၁) Storm makes trees to take deeper roots.
လေမုန်တိုင်း က သစ်ပင်ရဲ့အမြစ်တွေပိုခိုင်အောင်လုပ်ပေးနိုင်စွမ်းရှိပါတယ်။ ဒါကြောင့် လေမုန်တိုင်းလာမှာကို မကြောက်ပါနဲ့။
(၂) No struggle, there is no strength.
ရုန်းကန်ရခြင်းမရှိရင် ခွန်အားဆိုတာလည်းမရှိတော့ပါဘူး။
(၃) What hurts you today, makes you stronger tomorrow.
ဒီနေ့ သင့်ကိုနာကျင်စေတဲ့အရာက မနက်ဖြန်ဆို သင့်ကိုပိုသန်မာစေမှာပါ။
(၄) Be patient, sometimes you have to go through the worst to get the best.
စိတ်ရှည်ပါ။ တစ်ခါတစ်ရံမှာ သင်ဖြတ်ကျော်ခဲ့ရတဲ့အဆိုးတွေအားလုံးက အကောင်းဆုံးကိုရရှိနိုင်ဖို့အတွက်ဖြစ်ပါတယ်။
(၅) I don’t regret my past because it made me stronger.
အတိတ်ကိုဘယ်တော့မှာနောင်တမရဘူး။ ဘာကြောင့်လဲဆိုတဲ့ အတိတ်ကဖြစ်ရပ်တွေက ငါ့ကိုပိုသန်မာစေလို့။
(၆) Life isn’t about finding yourself, life is about creating yourself.
ဘဝဆိုတာ သင့်ကိုယ်သင်ရှာဖွေခြင်းမဟုတ်ပါဘူး။ သင့်ကိုယ်သင်ဖန်တီးခြင်းပါ။
(၇) Strength is life, weakness is death.
ခွန်အားဆိုတာဘဝပါ။ အားနည်းချက်ဆိုတာတော့ သေခြင်းပေါ့။
အားလုံးလည်း ဒီ ၂၀၂၀ အတွင်းမှာ အကောင်းဆုံးရုန်းကန်ရှင်သန်နိုင်ခဲ့ကြပါတယ်။ ၂၀၂၀ မှာ ဖြစ်ပျက်ခဲ့တဲ့အရာအားလုံးက ၂၀၂၁ အတွက် အင်အားတစ်ခုဖြစ်ပါစေ လို့ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။