သင့်မိသားစုက သင့်ကို အလွန်ချစ်တယ်၊ အိပ်ယာမှာ သုံးနှစ်လောက်ဖျားကြည့်ပါလား၊
သင့်သူငယ်ချင်းအရမ်းပေါတယ်၊ ပိုက်ဆံ ငါးသိန်းလောက်ချေးငှားကြည့်ပါလား၊
သင့်ယော့က်ျားသင့်ကို သိပ်ချစ်တယ်၊ ကောင်မလေး ချောချောနဲ့ မြူစွယ်ကြည့်ပါလား၊
သင်ကျန်းမာရေး သိပ်ဂရုမစိုက်ပါ၊ ကလီစာ တစ်ခုခု ချို့ ယွင်းကြည့်ပါလား၊
သင်အသက်အာမခံ၊ ကျန်းမာရေး အာမခံ ၀ယ်ထားတယ်၊ အရေးပေါ် ICU အခန်းထဲဝင်ကြည့်ပါလား၊
ဘာမှ သွားမစမ်းကြည့်ပါနဲ့၊ သင်လူ့တွေကို တကယ် စိတ်ပျက်သွားမှာ မို့လို့ပါ။
ဒါဟာ လူသားများရဲ့ ပင်ကိုယ်သဘာဝပါ၊
Recommended for you - ပြီးပြည့်စုံတဲ့အချိန်ကို ကိုယ်တိုင်ဖန်တီးပါ
နာတာရှည် နှစ်ရှည်လများ ဖျားနာနေတဲ့ မိဘများအတွက်၊ သားသမီးကောင်း နည်းပါးပါတယ်။
ကျနော်တို့ လုပ်ရမှာက ခန္ဒာကိုယ် ကျန်းမာအောင်နေထိုင်မယ်၊
ကိုယ့်လုပ်သင့်တဲ့အလုပ်ကို အကောင်းဆုံးဖြစ်အောင် ကြိုးစားရမယ်။
အကြောင်းရင်းက ရှင်းပါတယ်။
ငယ်ရွယ်စဉ်မှာ ကိုယ့်ကို မွေးဖွားခဲ့တဲ့ မိဘများအတွက် ၀န်ထုပ်ဝန်ပိုး မဖြစ်စေချင်သလို
အရွယ်ရောက်ပြီး ကိုယ်က ပြန်မွေးဖွားတဲ့ ကိုယ်သားသမီးများကိုလည်း ၀န်ထုပ်ဝန်ပိုး မဖြစ်စေချင်ပါ။
ကိုယ့်ကိုယ်ကို အားကိုးခြင်းသည်သာ အသေချာဆုံးဖြစ်ပါတယ်။
ဘာသာစကားအသစ်တွေ သင်ယူချင်ပေမယ့် သင်တန်းသွားတက်ဖို့ အချိန်မပေးနိုင်ဖြစ်နေပါသလား။ စိတ်မပူပါနဲ့။ sayar.com.mm တွင် ရှာဖွေလိုက်ပါ ... သင့်ဆီတိုက်ရိုက်လာသင်ပေးနိုင်တဲ့ အရည်အချင်း ပြည့်ဝပြီး ဘာသာစကားအသစ်တွေကို သင်ကြားပေးနိုင်မယ့် ဆရာတွေ ရှိပါတယ်။
သင်ကိုယ်တိုင်က ဆရာတစ်ယောက်ဖြစ်နေပါက ကျွန်တော်တို့နှင့် လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။ အခုပဲ အခမဲ့ register လုပ်ပြီး စတင်လိုက်ပါ။
Credit; SayarAungKoLatt
Recommended for you -စက်ဘီးပြင်သမားကနေ သန်းကြွယ်သူဌေး ဖြစ်လာသူ