သင့်ဘက်က အဆင်သင့်ဖြစ်ဖြစ် မဖြစ်ဖြစ် တစ်နေ့နေ့မှာ သင့်ဘဝမီးအိမ်ရဲ့ မီးစာကုန်ဆီခမ်းမယ့်အချိန်ကို ရောက်လာဦးမှာပါ။ အဲ့အချိန်ရောက်ရင် တရွေ့ရွေ့ထွက်ပေါ်လာတဲ့ နေမင်းကြီးကို သင်မခံစားနိုင်တော့ဘူး။
မိနစ်တွေ၊ နာရီတွေ၊ နေ့ရက်တွေ ထပ်မရှိတော့ဘူး။ သင်စုဆောင်းပိုင်ဆိုင်ခဲ့သမျှ တန်ဖိုးရှိတာတွေရော၊ တန်ဖိုးမရှိတာတွေရော အားလုံး သူတစ်ပါးလက်ထဲရောက်သွားမယ်။
သင့်ရဲ့ချမ်းသာအောင်မြင်မှုတွေနဲ့ တန်ခိုးအာဏာတွေက သင်နဲ့မအပ်စပ်တော့ဘူး။ သင်ပိုင်ဆိုင်နေတဲ့၊ ပိုင်ဆိုင်ခဲ့တဲ့ အ
ရာတွေက ဒီအချိန်မှာ သင့်အတွက်ဘာမှအသုံးမဝင်တော့ဘူး။ ရန်ငြိုးတွေ၊ ခံပြင်းနာကျည်းစိတ်တွေ၊ မနာလိုသဝန်တိုမှုေ
တွ ချုပ်ငြိမ်းသွားပြီး သင့်ဘဝ ငြိမ်းချမ်းသွားလိမ့်မယ်။
ထို့အတူပဲ မျှော်လင့်ချက်တွေ၊ ရည်မှန်ူချက်တွေ၊ အလုပ်အစီအစဉ်တွေ အားလုံးပျက်စီးသွားမယ်။ တစ်ချိန်က သင့်အတွက်
အရေးကြီးခဲ့တဲ့ အနိုင်အရှုံးတွေဆိုတာ ပျောက်ကွယ်သွားလိမ့်မယ်။ သင်ဘယ်ဘဝက လာတယ်ဆိုတာလည်း အခုအချိန်
မှာ အရေးမကြီးတော့ပါဘူး။
သင်ဥာဏ်ကောင်းလား၊ ချောမောလှပလား ဆိုတာလည်း ဒီအချိန်မှာ အသုံးမဝင်တော့ဘူး။ သင် ယောကျာ်းလား မိန်းမ
လား၊ အသားမည်းသလား၊ ဖြူသလားဆိုတာတောင် ဒီအချိန်မှာ အရေးမပါတော့ဘူး။
Recommended for you - ဘာကျောင်းလခမှ ပေးစရာ မလိုတဲ့ နိုင်ငံ
သင်ဝယ်ယူပိုင်ဆိုင်ခဲ့တဲ့အရာတွေထက် သင်ပြုလုပ်တည်ဆောက်ခဲ့တဲ့ ကုသိုလ်ကံက ပိုအရေးကြီးလာမယ်။ သင်ရယူနိုင်
ခဲ့တဲ့အရာတွေထက် စွန့်လွှတ်လှူဒါန်းခဲ့တဲ့အရာတွေက ပိုအရေးကြီးလာမယ်။
သင်ရခဲ့တဲ့ အောင်မြင်မှုတွေထက် တခြားသူတွေအတွက် သင်ဘယ်လောက်အရေးပါသလဲဆိုတာ ပိုအရေးကြီးလာမယ်။
သင်ယူခဲ့ရတဲ့အရာတွေထက် သင်ကြားပြသပေးခဲ့ရတဲ့အရာတွေက ပိုအရေးကြီးလာမယ်။
ရိုးသားမှန်ကန်တဲ့ လုပ်ဆောင်မှုတွေ၊ ကြင်နာမှုတွေ၊ ဇွဲသတ္တိတွေ၊ သူတစ်ပါးကို အကျိုးဖြစ်စေမယ့် သင်ရဲ့စွန့်လွှတ်အနစ်
နာခံမှုတွေအားလုံး အခုအချိန်မှာ အရေးပါလာပြီ။
သင့်စွမ်းရည်တွေထက် သင့်အမူအကျင့်တွေက ပိုပြီး ပိုအရေးကြီးလာမယ်။
သင့်မှာ မိတ်ဆွေအရေအတွက်ထက် သင်မရှိတဲ့လောက် သင့်ကို တမ်းတပြီး သင့်အကြောင်း တဖွဖွပြောနေမယ့်သူအရေ
အတွက်က ပိုအရေးကြီးလာမယ်။
သင့်မှတ်ဥာဏ်တွေထက် သင်ချစ်ရသူတွေရဲ့ မှတ်ဥာဏ်တွေထဲမှာ သင်ရှိနေဦးမလားဆိုတာ ပိုအရေးကြီးလာမယ်။
အချိန်ဘယ်လောက်ကြာထိ သင့်ကို တမ်းတသတိရနေကြမလဲဆိုတာ ပိုအရေးကြီးလာမယ်။
အဓိပ္ပါယ်ရှိတဲ့ ဘဝတစ်ခုဆိုတာ မတော်တဆ ဖြစ်လာတာမဟုတ်ပါဘူး၊ သင့်ရွေးချယ်မှုကြောင့်ပဲ ဖြစ်လာတာပါ။ ဒါကြော
င့် ဘဝကြီးကိုတန်ဖိုးရှိရှိ နေထိုင်ကြရအောင်လား စာဖတ်ပရိတ်သတ်ကြီးတို့။
Recommended for you - သင့်လုပ်ငန်းတွေ တိုးတက်မကြီးထွားချင်ဘူးလား?
Recommended for you - ဆယ်တန်းမှာ အမှတ်နည်းလို့ စိတ်ဓာတ်ကျနေပြီလား
Credit; gandawin