×

Warning

JUser: :_load: Unable to load user with ID: 81428


Motivate

Friday, 07 September 2018

ရည်ရွယ်ချက် ပျောက်ဆုံးနေပြီလား

ရည်ရွယ်ချက် ပျောက်ဆုံးနေပြီလား google.com

အားပေးကူညီတဲ့သူတွေနဲ့ အတူတူရှိပါ

မိမိဘဝကို အကောင်းဆုံး ပုံဖော်ပေးတဲ့၊ ကူညီပေးတဲ့သူတွေနဲ့အတူ အချိန်ကို ကုန်လွန်ပါစေ။ သင်ရဲ့ အပေါင်းအသင်းတွေက သင့်ဘဝအပေါ်မှာ လွှမ်းမိုးမှု အများကြီးရှိပါတယ်။ ရည်မှန်းချက်တွေအကြောင်း ပြောဆိုနေတဲ့သူတွေ၊ အခြေအနေတွေ အကြောင်း ညည်းညူနေမယ့်အစား၊ သူတစ်ပါးအတင်းပြောနေမယ့်အစား တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ဖေးမကူညီနေတဲ့သူတွေနဲ့ အတူရှိတဲ့အခါ သင့်အနေနဲ့ စိတ်ခွန်အားတွေရလာမယ်၊ ရှေ့ဆက်မယ့် လမ်းသစ်တွေအတွက် တတ်ကြွလာမယ်၊ သင့်ရဲ့ ဘဝကြီးဟာလည်း ပြောင်းလဲသွားပါလိမ့်မယ်။


ဆုပ်ကိုင်ထားခြင်းနှင့် စွန့်လွှတ်ခြင်း

ဘဝမှာ ဆုပ်ကိုင်ထားရတဲ့ အချိန်တွေရှိသလို စွန့်လွှတ်ရတဲ့ အချိန်တွေလည်း ရှိလာပါတယ်။ တခါတလေကျရင် ကျွန်တော်တို့အတွက် အရေးမပါတော့တဲ့ အရာတွေကို စွန့်လွှတ်ရမယ်။ အရာတစ်ခုကို အချိန်အကြာကြီး ဆုပ်ကိုင်ထားပြီးမှ ဘာမှဖြစ်မလာဘူးဆိုရင် လွှတ်ချလိုက်ပါ။ ပြီးရင် အဝေးကို ထွက်သွားလိုက်တော့။ Relationship မှာလည်း အဲ့လိုပါဘဲ။ ပျော်ရွှင်စရာတွေ နည်းပြီး စိတ်ညစ်စရာတွေ များနေရင် စွန့်လွှတ်ဖို့ ဝန်မလေးပါနဲ့။ အချို့အရာတွေက ဆုပ်ကိုင်ထားလေလေ ကျွန်တော်တို့အတွက် ဆိုးကျိုးတွေ ဖြစ်စေလေလေပါ။


အဓိပ္ပါယ်နက်နဲမှု

ဘယ်လောက်ကြာခဲ့ပြီလဲ? ဆိုတာထက် ဘယ်လောက် နက်နဲသလဲ? အဓိပ္ပါယ်ပြည့်ဝသလဲ? ဆိုတာက ပိုအရေးကြီးပါတယ်။ အချိန်တွေသာ ကုန်သွားတယ်၊ ဘာအခြေအနေမှ ထူးမလာဘူး။ ဘာ့ကြောင့်လဲ? ဘဝကို အဓိပ္ပါယ်ရှိစေတဲ့ အရာတွေကို မလုပ်လို့ဖြစ်ပါတယ်။ စိတ်ထဲမှာ အမြဲတမ်းမှတ်သားထားရမှာက ယနေ့လုပ်မယ့် အရာရာတိုင်းဟာ မနက်ဖြန်အတွက် ကောင်းခြင်းတွေ ဖြစ်ပေါ်စေရမယ်ဆိုတဲ့ အချက်ကလေးပါ။


ဖြေးဖြေးနဲ့ မှန်မှန်သွားပါ

သင်ဒီစာကို ဖတ်နေတယ်ဆိုရင် သင့်မှာလည်း ရည်မှန်းချက်တွေရှိမှာ အသေအချာပါပဲ။ လစာတိုးချင်တာ၊ ရာထူးတိုးချင်တာ၊ စာမေးပွဲကို ဂုဏ်ထူးနဲ့ အောင်ချင်တာ အမျိုးမျိုးရှိတာပေါ့။ လူတစ်ယောက်မှာ ရည်မှန်းချက်တွေထားဖို့က အရေးကြီးပါတယ်၊ ပိုအရေးကြီးတာက ရည်မှန်းချက်တွေကို နေ့စဉ်အမျှ ဖြေးဖြေးနဲ့ မှန်မှန် ပုံဖော်လုပ်ဆောင်သွားဖို့ပါ၊ တစ်နေ့တာအလိုက် ဖြည်းဖြည်းချင်း လုပ်သွားပါ။

 

Recommended for you - ဒေသစရိတ်ခံစားခွင့်ရှိသည့် ဒေသများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (၆)ခုက ၂၀၁၈ တက္ကသိုလ်ဝင်တန်းအောင်မြင်သူများ ဆေးတက္ကသိုလ်သို့ လျှောက်ထားနိုင် 


သင်သည်သာ သင့်ပြိုင်ဖက်

သင့်ကို အနိုင်ယူနိုင်တဲ့ တစ်ဦးတည်းသောလူက သင်ကိုယ်တိုင်ပါပဲ။ သင့်အိမ်မက်တွေကို အကောင်အထည်ဖော်နိုင်တဲ့ တစ်ဦးတည်းသောလူက သင်ပါ။ သင့်ဘဝက သင့်အပေါ်မှာဘဲ မူတည်တာဖြစ်ပါတယ်။


စခဲ့ပြီ

စခဲ့ပြီးပြီပဲလေ ဘာပဲလုပ်လုပ် အခက်အခဲဆိုတာ ရှိစမြဲပါ။ အောင်မြင်မှုနဲ့ နီးကပ်လာလေလေ ဖြတ်ကျော်ရမယ့် အခက်အခဲ၊ အတားအဆီးတွေက ကြီးမားလာလေလေပါ။ လက်လျှော့ အရှုံးပေးဖို့ စိတ်ကူးတိုင်း ဘာ့ကြောင့်စခဲ့သလဲ? ဆိုတာ သတိရပါ။ စိတ်လှုပ်ရှားမှုတွေ၊ ရုန်းကန်ရခြင်းတွေမရှိတဲ့ ဘဝကြီးဟာ ပျင်းရိစရာကောင်းလွန်းပါတယ်။


အကြောက်တရားကို အနိုင်ယူခြင်း

လက်တွေ့ပြုမူဆောင်ရွက်ခြင်းက အကြောက်တရားကို အနိုင်ယူပါတယ်။ အကြောက်တရားက လူတိုင်းလူတိုင်းကို နှိပ်စက်ညှင်းဆဲပါတယ်။ ဒါပေမယ့် ရှောင်ဖယ်ထွက်ပြေးမယ့်အစား အကြောက်တရားကို ဘယ်လိုကိုင်တွယ်ဖြေရှင်းရမလဲ? ရင်ဆိုင်ရမလဲ? ဆိုတာကို သင်ယူတဲ့သူတွေဟာ အကြောက်တရားကို အကျိုးရှိရှိ အသုံးချတတ်တဲ့သူတွေ ဖြစ်ပါတယ်။ ဘာဘဲလုပ်လုပ် ရဲရဲသာလုပ်ပါ၊ ကြောက်နေလည်း လုပ်ပါ၊ မကြောက်လည်း လုပ်ပါ။


ဘဝသမိုင်းမှာ အမှတ်တရတွေ ထင်ကျန်ရစေမယ်

အမှတ်တရတွေနဲ့ လောကကြီးကို နှုတ်ဆက်ပါ၊ နောင်တတွေနဲ့ မဟုတ်ပါဘူး။ အိမ်မက်တွေအတွက် ကြိုးစားလိုက်၊ ဖြစ်ချင်တာတွေအတွက် ကြိုးစားလိုက်။ နောင်တဆိုတဲ့ စကားလုံးအစား အမှတ်တရဆိုတဲ့ စကားလုံးကို သင့်သမိုင်းမှာ ရေးထိုးခဲ့ပါ။


ပြီးဆုံးသွားမှာပါ

ဒါတွေဟာ ပြီးဆုံးသွားမှာပါ။ ဘယ်အရာမှ ထာဝရ မတည်မြဲပါဘူး။ နာကျင်မှုတွေ၊ ရုန်းကန်ရခြင်းတွေ၊ ကျရှုံးမှုတွေပါ အပါအဝင်တွေပေါ့။ ဘယ်လောက်ဘဲ အခြေအနေဆိုးဆိုး ဘယ်လောက်ဘဲ ခက်ခဲခက်ခဲ ဒါတွေဟာ အခိုက်အတန့်လေး တခုပါပဲ။

 

Recommended for you - စိတ်ဓာတ်ကျတာကို ပြန်လည်ကုစားခြင်း

 

Recommended for you - စာကျက်ရဲ့သားနဲ့ စာမေးပွဲမှာ အမှတ်တွေမကောင်းတာ ဘယ်လိုဖြေရှင်းမလဲ

 

Credit; Top Ten

Read times Last modified on Wednesday, 29 January 2020 09:51
Rate this articles
(2 votes)